နေမုန်တိုင်း ပြန်လာပြီ

International News Knowledge
နေမုန်တိုင်း ပြန်လာပြီ

နေ ဟာ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓါတ်ငွေ့တွေ နျူကလိယ ဓါတ်ပြုပေါက်ကွဲနေတဲ့ ဓါတ်ငွေ့ဘောလုံး (ကြယ်) တစ်ခု ဖြစ်ပြီး သူရဲ့ဝင်ရိုးပေါ်မှာ ၂၇ ရက်လျှင် တစ်ပတ်နှုန်းနဲ့ လှည့်ပါတ်နေပါတယ်။ နေလည်ပတ်နေခြင်းကို သူ့ရဲ့မျက်နှာပြင်ပေါ်က နေပြောက်တွေ ရွေ့လျားခြင်း (တနည်း) နေရာ ပြောင်းခြင်းဖြင့် သိရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက အားကောင်းတဲ့ နေမုန်တိုင်း (နေမီးတောက်) ရဲ့ အရှိန်ကြောင့် ဝင်ရိုးစွန်းထက် ဝေးတဲ့ ဒေသများမှာပါ ဥတ္တရအလင်းတန်းတွေ ပေါ်ထွန်းလာခဲ့ကြတာ မှတ်မိဦးမှာပါ။ ယခု အဆိုပါနေမီးတောက်ဟာ ကမ္ဘာဘက်သို့ တပတ်ပြန်လှည့်လို့လာပြန်ပါပြီ။ ထိုနေရာကတော့ နေပြောက်အမှတ် ၃၆၉၁ ပဲ ဖြစ်ပါတယ်။

နေရဲ့ မျက်နှာပြင်ဟာ ရှုပ်ထွေး လှည့်ပတ် ပွေလီ လှတဲ့ ဓါတ်ငွေ့စီးကြောင်းကြီးတစ်ခုဖြစ်ပြီး အဆိုပါစီးကြောင်းနဲ့အတူ ဖြစ်တည်လာတာကတော့.. သံလိုက်စက်ကွင်းပဲ ဖြစ်ပါတယ်။ ဒီစက်ကွင်းဟာ နေရဲ့ တောင်နှင့် မြောက်ဝင်ရိုးစွန်းတို့ကို အကြမ်းအားဖြင့် ၁၁ နှစ်ခန့်လျှင် တကြိမ် အပတ်လည်ခြင်း ဖြစ်ပြီး ၎င်းကို နေပတ်လည်ခြင်း (Solar cycle) လို့ခေါ်ပါတယ်။ ၂၀၁၉ ဒီဇင်ဘာမှာ တစ်ပတ်ပြည့်ပြီးဖြစ်လို့.. ယခုအချိန်ဟာ ၂၀၁၉ – ၂၀၃၀ နေပတ်လည်ခြင်း (၁၇၅၅ ခုနှစ်မှ စတင်ရေတွက်ခဲ့တဲ့ Solar cycle 25 ခု မြောက်) ရဲ့ အလယ်ပိုင်းလို့ ဆိုနိုင်ပါတယ်။

ဒီလို နေရဲ့ လှုပ်ရှားခြင်းကြောင့် နေမျက်နှာပြင်မှာ အပူချိန်မညီမျှခြင်းများ ဖြစ်လာပြီး Sunspots လို့ခေါ်တဲ့ နေပြောက်တွေ ဖြစ်လာပါတယ်။ အဲ့ဒီ့လို မညီမျှမှုဖြစ်စဉ်ရဲ့ အနီးနားကနေ ရုတ်တရက် ပေါက်ကွဲထွက်လာတတ်တဲ့ ကြီးမားတဲ့စွမ်းအင်ကို နေမီးတောက် (Solar flare) လို့ သတ်မှတ်ပါတယ်။ အဆိုပါ စွမ်းအင်အမှုန်များဟာ အာကာသတလျောက် မျောလွင့်လာပြီး ကျနော်တို့ ကမ္ဘာ အနားသို့ ရောက်ရှိလာတဲ့ အခါမှာတော့.. ကမ္ဘာရဲ့ သံလိုက်စက်ကွင်းနဲ့ ထိတွေ့ရာကနေ ဥတ္တရအလင်းတန်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

M အဆင့်ရှိတဲ့ နေမုန်တိုင်း (နေမီးတောက်) အရှိန်ကြောင့် မေလ ၂၉ နဲ့ ၃၁ ရက်အကြားမှာ ဆက်သွယ်ရေး ဂြိုဟ်တုလှိုင်းများကို အနှောက်အယှက်ပေးနိုင်ပြီး ဝင်ရိုးစွန်းဒေသများမှာ ဥတ္တရအလင်းတန်းများကို ပိုမို မြင်တွေ့လာရနိုင်ပါတယ်။

ရေးသားသူ –အာကာသနှင့် စကြဝဠာ သင်ထောက်ကူ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...