ပျားရည်သည် ကမ္ဘာ့တာရှည်အခံဆုံးအစားအစာဖြစ်
အမေရိကန်ဆေးပညာရှင်တို့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယခင် နှစ်ပေါင်းသုံးထောင်ကျော်ကတည်းက သိမ်းဆည်းထားတဲ့ ပျားရည်ပုလင်းတစ်လုံးကို တွေ့ရှိခဲ့ပြီး ဓာတုဗေဒပညာနဲ့ ပြန်လည်စစ်ဆေးလေ့လာချက်အရ စားသုံးဖို့သင့်လျော်နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။
ယင်းမှာပါတဲ့ သဘာဝဓာတ်များဟာ မပြောင်းလဲပဲ အရင်အတိုင်းကိုရှိနေတာ ဖြစ်ပါတယ်။ တော်ရုံအပြင် ဘက်တီးရီးယားပိုးမွှားများလည် မဝင်နိုင်ပါဘူး။ သို့ပေမယ့် နေရောင်ခြည်ထိတွေ့ရန် ခက်ခဲတဲ့နေရာတွေမှာရှိနေမှသာ အထားခံတာဖြစ်ပါတယ်။
အီဂျစ်နိုင်ငံက ရှေးဟောင်း ဘုရင်မင်းမြတ် အဆောက်အအုံ၊ ပရဝုဏ်တွေထဲမှာ သိမ်းဆည်းထားတဲ့ ပျားရည်အိုးတစ်လုံးကို ပြန်လည်တွေ့ရှိခဲ့မှု ဖြစ်ပါတယ်။
လေ့လာချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၃၀၀ ကျော်ကတည်းက သိမ်းဆည်းထားခြင်းဖြစ်ပြီး အာနိသင်ဓာတ်တို့ အရင်အတိုင်းဖြစ်နေတာကို အံ့မခန်းတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပျားရည်ဟာ ကမ္ဘာ့အတာရှည်ခံဆုံးအစားအစာတစ်မျိုးအဖြစ် စံချိန်တင်စေခဲ့ကြောင်း သိရပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။