ကံမြှင့်နည်းများ

Astrology Religion
ကံမြှင့်နည်းများ

၁ ။ မိဘအဝတ်အစားလျှော်ပေးပါ ။
၂။ မိဘကို ပြုစုပေးပါ ။
၃။ မိဘကိုနေ့စဉ် ကန်တော့ပါ ။
၄။ မိမိအိမ်ကို သန့်ရှင်းပါ ။
၅။ မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ ။
၆။ ဘုရားကျောင်းဆောင် သန့်ရှင်းပါ ။
၇။ ဘုရားရောင်တော် ဖွင့်ပါ ။
၈။ ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ ။
၉။ ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ ။
၁၀။ လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင် လှည်းကျင်းပါ ။
၁၁။ စေတီပရဝုဏ် တံမြက်လှည်း ကုသိုလ်ယူပါ ။
၁၂။ ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။
၁၃။ အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ ။
၁၄။ မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ ။
၁၅။ ရေကန်ဆယ်ပါ ။
၁၆။ ရေတွင်း ရေကန် ရေ အလှူပြုပါ ။
၁၇။ လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ ၊ တိရိစ္ဆာန်ကို ဒါနပြုပါ ။
၁၈။ ပံ့သကူ ပစ်ပါ ။
၁၉။ ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ ။
၂၀။ သစ်ပင်စိုက်ပါ ။
၂၁။ အရိပ်လှူပါ ။
၂၂။ ညောင်ထောက်ပါ ။
၂၃။ လေလွင့် တိရိစ္ဆာန်များကို ဒါနပြုပါ ။
၂၄။ အရူးကျွေးပါ ။
၂၅။ တံတားထိုးပါ ၊ လှူပါ ။
၂၆။ ခေါင်းဆေးမင်္ဂလာပြုပါ ။
၂၇။ ရဟန်းဒကာ ခံယူပါ ။
၂၈။ ရေနစ် တိရိစ္ဆာန်လေးများအား ဆယ်ပါ ။
၂၉။ ကံငါးပါး လုံပါ ။
၃၀။ စိတ်ကောင်းမွေးပါ ။
၃၁။ ဝစီဒုစရိုက် ရှောင်ပါ ။
၃၂။ သူတစ်ပါးကျေးဇူးကို သိတတ်ပါ ။
၃၃။ သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ ။

အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့ ။ သဒ္ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဥ္စပရ စေတနာသုံးတန် ရအောင်လုပ်ပါ ။
မုချ ကံမြင့်လာမှာပါ ။

#Crd: မြန်မာ့ ရိုးရာ ဗေဒင်ပညာ မှ ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...