သစ္စာပဏ္ဏက် အောင်ရှစ်ချက်ဂါထာ
ဇယစက္ကော ဇယန္တော ယော၊
ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊
ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော =ပါရမီတော်ဆယ်ချက်အောင်လက်နက် ပိုင်ရှင်အကြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ =အောင်သိဒ္ဓိ ဆင်မြန်းသည့်ပလ္လင်မှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတေဗ္ဗ =အောင်အပ်သည့်တရားမာရ်ငါးပါးအပေါင်း တို့ကို။
ဇယန္တော =အကြွင်းမဲ့ ချေမှုန်းလျက်ဖျက်ဖြုန်းကာပယ်ရှင်း၍အောင်ချင်းကြီး အောင်တော်မူလေပြီ။
ဇယေသီနံ=မြတ်နိဗ္ဗာန်အောင်ခန်းနှင့်အောင်ဘိသိက်ပန်းမဂ်ဖိုလ်ကို
များထိုထို ဝဋ်အတွင်းမှလွတ်ကင်းအောင် အာသာကြီးဖြင့်ရှာမှီးကာ နေကြပါကုန်သူသို့အား။
ဇယာပေသိ =ကိုယ်တော်မြတ်နှင့်အတူအောင်ပန်းကိုဆွတ်၍ထွတ်အငူအမြိုက်ဓါတ်သို့ဆိုက်ကပ်တော်မူ၍အောင်စေတော်မူလေပြီ။
ဇယုတ္တရော =အောင်သူတကာတို့၏မှန်ကင်းအောင်ခြင်းတကာတို့၏ဥသျှောင်ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီးအောင်ပွဲဝင်ပုဂ္ဂိလ်ကြီး ဖြစ်ပေထသော။
သော
ဇယစက္ကော=အလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသောထိုဘုရားရှင် ကိုယ်မြတ်ကြီးသည်။
မေ=မြတ်နိဗ္ဗူ အောင်ပန်းကိုဆွတ်ချူရန် လက်လှမ်း၍ကြိုးပမ်းကာ အာသာကြီးဖြင့်ရှာမှီးသူ အကျွန်ုပ်အား။
ဇယံ =အောင်ခြင်းကို (ဝါ)အောင်ပန်းဝေမြိုင်အောင်ဖူးတွေ ကြိုင်လှိုင်သည့်အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု=ပေးသနားတော်မူပါ အရှင်ဘုရား။
ကျန်းမာပျော်ရွှင်ကြပါစေ
တိုးတက်အောင်မြင်ကြပါစေ
ချမ်းသာပြည့်စုံကြပါစေ
ရွှင်လန်းကြည်သာစွာနဲ့လောကီလောကုတ်အားထုတ်နိုင်ကြပါစေဘေးရန်ကင်းကွာ၍
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပါစေ
ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။