ဦးဇော်ဇော် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရ

Local News Sports
ဦးဇော်ဇော် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌနဲ့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဥက္ကဋ္ဌတို့က ဦးဇော်ဇာ်ကို ပူးတွဲချီးမြှင့်ခဲ့တာဖြစ်ပါတယ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ဆုကို ဒီနေ့မှာ ချီးမြှင့်ခံရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ်ညီလာခံမှာ အခုလို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ကိုဗစ်ကာလ ရန်ကုန်နဲ့မန္တလေးမှာ ကုတင် ၁၅၀၀ နီးပါးဆန့်တဲ့ကုသဆေးရုံတွေဆောက်ပြီး လူနာ သောင်းချီကို အခမဲ့ကုသပေးတာနဲ့ ဆေးစစ်ပေးတာတွေ ဆောင်ရွက်ခဲ့တာ၊ နောက်အာရှဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့တာတွေအတွက် ဦးဇော်ဇော်ကို အခုလို ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။

ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...