၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်သည့် ပထမဆုံးအင်္ဂလန်အသင်းအဖြစ် မန်စီးတီး စံချိန်သစ်တင်
မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လေးနှစ်ဆက်တိုက် ချန်ပီယံဆုဖလားရရှိတဲ့ ပထမဆုံးအင်္ဂလန်အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
စပိန်နည်းပြပတ်ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၆ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။
စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ရှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး ဂွါဒီယိုလာလက်ထက်မှာ ခြောက်ကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ။
– အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် နှစ်ရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
– လူတန်အသင်းကတော့ ပရီးမီးယားလိဂ်ကနေ တင်းဆင်းသွားခဲ့ရပါတယ်။
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။