အသစ်ရှာပြီးပစ်ခွာသွားသော မိမိချစ်သူက ထိုအသစ်ကိုအဆက်အသွယ်ဖြတ်ပြီး မိမိအနားကို အမြန်ဆုံးပြန်ကပ်လာစေနည်း

Astrology
အသစ်ရှာပြီးပစ်ခွာသွားသော မိမိချစ်သူက ထိုအသစ်ကိုအဆက်အသွယ်ဖြတ်ပြီး မိမိအနားကို အမြန်ဆုံးပြန်ကပ်လာစေနည်း

1။ခွေးတောက်နွယ်ရဲ့ အရွက်ခပ်ကြီးကြီးတစ်ရွက်
2။ ခံတတ်ပင်ရဲ့ အရွက်ခပ်ကြီးကြီး တစ်ရွက်
3။ မိမိဝတ်နေကျနားကပ်နှစ်ဖက်
( မရှိလျှင် ဖန်စီနားကပ်အသစ်တစ်ရံကို
အနည်းဆုံး တစ်ပတ်ခန့် မချွတ်တမ်း ဝတ်ပါ )
4။ ဘောလ်ပင်တစ်ချောင်း ( မှင်အပြာရောင် )
ခွေးတောက်နွယ်အတွင်းမျက်နှာဘက်မှာ
အဖျားဘက်မှ အရင်းဘက်သို့
အောက်ပါစာကိုရေးပါ ။

( ကျွန်တော်/ကျွန်မ ၏ ချစ်သူ ဖြစ်သော
(မောင်/မ —–) နဲ့ချစ်ကြိုက်နေသူများ
အမြန်ဆုံးမုန်းတီး အဆက်အသွယ်ပြတ်ပြီး ကျွန်တော်/ကျွန်မ ၏ ချစ်သူက
ကျွန်တော်/ကျွန်မထံအမြန်ဆုံးပြန်ကပ်လာပါစေ)
ခံတတ်ရွက်ရဲ့ အတွင်းမျက်နှာပေါ်မှာလဲ
ဘောလ်ပင်နဲ့ အောက်ပါစာကို
အရွက်ဖျားမှ အရင်းဘက်သို့ ရေးပါ ။

(ကျွန်တော်/ကျွန်မ(မောင်/မ —–)၏အနားသို့
ကျွန်တော်/ကျွန်မ ၏ ချစ်သူ(မောင်/မ—-) မှ
အမြန်ဆုံးပြန်ကပ်လာပြီး ယခင်ကလိုပင်လျှင်
ချစ်ခင်ပျော်ရွှင်စိတ်ချမ်းသာရပါစေ )
ညအိပ်ယာဝင်ခါနီးတိုင်း
ဘယ်ဘက်နားကပ်ကိုချွတ်
ခွေးတောက်နွယ်ရွက်နဲ့ ထုတ်ပြီး
အိပ်ယာခေါင်းအုံး
ဘယ်ဘက်အောက်မှာထားအိပ်ပါ ။

ညာဘက်နားကပ်ကိုချွတ်
ခံတတ်ရွက်နဲ့ ထုပ်အိပ်ယာခေါင်းအုံး
ညာဘက်အောက်မှာထား အိပ်ပါ ။
မနက်အိပ်ယာထချိန်မှာ
ဘယ်နားကပ်ခွေးတောက်ရွက်ထုတ်ကို
ဘယ်လက်နဲ့ကိုင်ပြီး အရွက်ပေါ်က
စာသားအတိုင်းနှုတ်က(3) ခေါက်ရွတ်ပါ ။

အလားတူ
ညာဘက်နားကပ်ခံတတ်ရွက်ထုတ်ကို
ညာလက်နှင့်ကိုင်ပြီး ခံတတ်ရွက်ပေါ်က
ရေးထားတဲ့စာအတိုင်း (4) ခေါက်ရွတ်ပါ ။
အရွက်များကို
ဘယ်ညာခေါင်းအုံးအောက်မှာပြန်ထည့်ထားပါ။

အဲ့ဒီလိုရွတ်ပြီးမှ
ဘယ်နားကပ်နဲ့ ညာနားကပ်ကို
တစ်နေကုန်ဝတ်ဆင်ထားပါ ။
ထိုအတိုင်းညစဉ်လုပ်ပါ ။
အရွက်များကိုတစ်ပတ်တစ်ကြိမ်ဖြစ်စေ
အသစ်လဲနိုင်သည် ။
စိတ်စူးစိုက်၍ ယုံကြည်စွာလုပ်ဆောင်ပါ

(9) ရက်အတွင်းအောင်မြင်စေ၏ ။
မှတ်ချက်။ ။အရွက်များပေါ်တွင်
ရေးသောစာကို ပထမဦးဆုံးစတင်ရေးချိန်တွင်
မြန်မာလဆန်း (9) ရက်/လဆုတ် (9) ရက်
တစ်ရက်ရက်တွင်ရေးသားကပို၍ စွမ်းသည် ။

Crd မူရင်းစာရေးသူများအားလေးစားပါ၏

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။