ပြည်_ရွာ_ပျက်_မှု_ကြောင်းဆယ်ခု

Astrology
ပြည်_ရွာ_ပျက်_မှု_ကြောင်းဆယ်ခု

တိုင်းပြည်တစ်ခု ကွယ်ပျောက်ချိန်
ရောက်တော့မယ်ဆိုတဲ့ အချိန်မှာ
မပျက်စီးအောင် သတိနဲ့ဝိုင်းကြိုးစားဖို့
နိမိတ်ဆိုးကြီး (၆) ခု ပြလေ့ရှိတယ်

အဲ့ဒီ (၆) ခု စုံလို့ မွ
ဝိုင်းဝန်း မပြုပြင် မထိမ်းသိမ်းရင်
ဒုတိယ နိမိတ်ကြီး (၃) ခု ထပ်လာတယ်
အဲဒါဆို ပျက်ဖို့သေချာသလောက်ရှိပြီ

နောက်ဆုံး တတိယအဆင့်ဖြစ်တဲ့
နမိတ်ဆိုးကြီးတစ်ခု
လာတာနဲ့ တစ်ပြိုင်နက်ထဲ
အဲဒီတိုင်းနိုင်ငံဟာ
ကွယ်ပျောက်သွားတယ်လို့
မှတ်သားဖူးတယ်

ပထမ နိမိတ် (၆) ပါး

၁။ မင်းဆိုးမင်းညစ်
သာသနာညစ်စေသော
မင်းအုပ်စိုးခြင်း

၂။ အထင်ကရ ရဟန်းသံဃာတော်တို့
လူထွက်အိမ်ယာထူထောင်ခြင်း၊
ကာမေသုပြစ်မှုတို့ကျူးခြင်း။

၃။ ကလေးသူငယ်တို့ကအစ
ကာမဂုဏ်၌
မွေ့လျော်ကျူးလွန်လာခြင်း။

၄။ တိုင်းပြည် နယ်စပ် အစုံ၌
သူပုန်သူကန်ထခြင်း။

၅။ စစ်သည်တော်နှင့်သူပုန်သူကန်တို့
အဆင့်အတန်းတူမျှခြင်း။

၆။ သူတော်ကောင်းတို့
ဘေးသင့်ကြခြင်း။

ဒုတိယ နိမိတ် (၃) ပါး

၁။ အမျိုးကောင်းသမီးတို့
ပြည့်တန်ဆာကဲ့သို့
ကာမဂုဏ်၌ ပွင့်လင်းကြကုန်ခြင်းနှင့်
အမျိုးကောင်းသားတို့
ယောင်္ကျားစိတ်သွင်ပြင်ပျောက်၍
မိန်းမစိတ်ပေါက်သူများ
ပေါများလာခြင်း။

၂။ ဖုန်းတောင်းယာစကာ{သူတောင်းစား}တို့နှင့်
အခြားသောလူတန်းစားတို့
အသွင်တူ နေထိုင်ပုံတူလာခြင်း။

၃။ တစ်ပါးသော တိုင်းနိုင်ငံတို့အပေါ်တွင် ပိုမိုချစ်ခင်ယုံကြည်အားကိုးလာခြင်း

နောက်ဆုံး နိမိတ်

တိုင်းနိုင်ငံ၌ သူတော်ကောင်းနှင့်
ရဟန်းသံဃာတို့ မဲ့လာခြင်း

ဤသို့အကြောင်းရာ ဆယ်ခုဟာ ပြည် ၊ ရွာ ပျက်ခြင်း အကြောင်းတည်း။

#credit_To_Owner~~~

ရေးသားသူ -Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...