အရောင်များ ရဲ့ စွမ်းအင် ကို အသုံးချခြင်း

Astrology
အရောင်များ ရဲ့ စွမ်းအင် ကို အသုံးချခြင်း

အရောင် များ ရဲ့ စွမ်းအား ကို သင့်တော် တဲ့ နေရာ မှာ အသုံးချ ဖို့ ဆိုတာ ကို လူသား တိုင်း သိကြပါတယ်။
မဂ်လာဆောင်မှာ အမဲ ရောင် မသုံးသလို အသုဘ လိုက်ပို့ ရင်လည်း အနီရောင် ဝတ်လေ့ မရှိကြပါ။ အိမ်ရဲ့ အတွင်း နံရံများ ကိုလည်း အနီ အနက် စတဲ့ အရောင် ရင့်တွေ သုတ်လေ့ မရှိပါ။

စျေးလျော့တဲ့ ပစ္စည်းတွေ ကို အနီ နဲ့ ပြတာ ကားမီးပွိုင့် က အနီ နဲ့ အစိမ်း စသည်ဖြင့် ပြော ရ ရင် အများကြီးပါ။
ကိုယ့် အတွက် ကံကောင်း စေတဲ့ အရောင် ဆိုတာ က ဗေဒင်ဆရာ မေးဖို့ မလိုပါ။ ကိုယ်တိုင် သိနိုင်ပါတယ်။

အရောင်တွေ အများကြီး ရှိတဲ့ အထဲ ကိုယ် နှစ်သက်တဲ့ အရောင် ကိုယ့် စိတ် ကို ကြည်နူးစေတဲ့ အရောင် တွေ ဟာ ကိုယ့်အတွက် ကံကောင်း စေတဲ့ အရောင်ပါ။
အဲဒီအရောင်တွေ ကို ဝတ်ဆင် လိုက်ရင် ကိုယ် နဲ့ တွေ့ဆုံတဲ့ သူတွေ ကလည်း ကိုယ့် ကို သတိပြုမိတယ်။ လူတချို့ ထုတ်ဖော် ချီးကျူး တာမျိုး ခံရတတ်ပါတယ်။

စိတ်ဓာတ်ကျ နေရင် အနက် အပါအဝင် အရောင် ရင့်များ ကို ဝတ်ဆင် လိုစိတ် ဖြစ်ပေါ် ကြပါတယ်။ အလားတူဘဲ အရာရာကို အကောင်းမြင် တတ်သူ ပျော်ရွှင် စွာနေထိုင်တတ်သူများ က တော့ လွင်တဲ့ အရောင်များ ကို နှစ်သက်သုံးစွဲကြပါတယ်။ စိတ်ဓာတ် တက်ကြွ လွန်းသူများ စိတ်ကြီး သူများ ကတော့ တောက်ပ တဲ့ အရောင် များ ကိုသာ သုံးလေ့ ရှိပါတယ်။

အခု ပြော မယ့် အကြောင်း အရာ ကတော့ အရောင် တွေ ရဲ့ စွမ်း အား ကို အသုံး ပြု ပြီး စိတ် နဲ့ ကံ ကို ပြုပြင် ကြည့် ဖို့ပါ။
အဖြူ ဖြူစင်ခြင်း၊ သန့်ရှင်းခြင်း၊ တရားမျှတခြင်း။
အနက် အားအင်၊ လုံခြုံမှု၊ လွှမ်းမိုးနိုင်စွမ်း။
အနီ အားအင်၊ တက်ကြွမှု၊ စိတ်လှုပ်ရှားမှု။
လိမ္မော် နုပျိုခြင်း၊ လွတ်လပ်ခြင်း။ မျှော်လင့်ချက်။
ပန်းရောင် နူးညံ့ခြင်း၊ ချစ်ခြင်း၊ လေးစာမှု။
အဝါ ပျော်ရွှင်ခြင်း ၊ အကောင်းမြင်ခြင်း၊ အသိဉာဏ်ပါရမီ ။
အပြာ သစ္စာတရာ၊ ယုံကြည်မှု၊ အောင်မြင်ခြင်း။
အစိမ်း ကျန်းမာခြင်း၊ ရှင်သန်ခြင်း ၊ မျှော်လင့်ချက်၊
ခရမ်း စိတ် ဝိညဉ် ၊ စိတ်ကူးစိတ်အတွေးများ၊ တရားမျှတမှု။
မီးခိုး ညှိနိုင်း ခြင်း၊ မျှတခြင်း၊ ထိန်းချုပ်ခြင်း။
အညို တည်ငြိမ်ခြင်း၊ တည်မြဲခြင်း၊ သက်တောင့်သက်သာရှိခြင်း။
အဖြူ နဲ့ အနက် နှစ်ရောင်တွဲ က ယုံကြည်မှု ကို ပေးပါတယ်။

ဒါကြောင့် လည်း သမတ များ ကျမ်းသစ္စာ ကျိန်ဆို ခြင်း အခမ်းအနား များ ၊ တရားသူကြီး နဲ့ ရှေ့နေ များ အဖြူ နဲ့ အနက် ကို သုံးစွဲပါတယ်။
အလားတူ ဘဲ အဖြူ နဲ့ အနီ ဖြူစင်သော အားအင် သတ္တိ
အဖြူ နဲ့ အစိမ်း ၊ အဖြူ နဲ့ အပြာ တို့ ကလည်း ဖြူစင် ရိုးသား မှု နဲ့ ရှင်သန်ခြင်း မျှော်လင့်ချက် တွေ ကို ပေးပါတယ်။

တကယ်လို့များ စိတ်ဓာတ် ကျ မယ် စိတ်အားငယ် တဲ့ အချိန်မျိုးများ မှာ အနီ သို့မဟုတ် လိမ္မော်ရောင် ကို သုံးကြည့်ပါ။
အရေးကြီးတဲ့ တွေ့ဆုံ စရာ တခု ရှိတယ် ဆိုခဲ့ ရင် အရောင်ရဲ့ စွမ်းအား မျာ းကို သုံး ပြီး အဝတ်အစား ဝတ်ဆင်ခြင်းဖြင့် အောင်မြင်မှု ကို ရစေပါတယ်။

အထက်မှာ ဖော်ပြ ထားခြင်း မရှိတဲ့ အရောင်တမျိုး ကတော့ စိမ်းပြာရောင် ပါ။ ဒီအရောင်ကို အမေရိကန် ဌာနေ တိုင်းရင်းသား ရက်အင်ဒိယန်းများ က အထူး အသုံးပြု ပါတယ်။

ဒီ အရောင်ရဲ့ ထူးခြားချက် ကတော့ မျှော်လင့်ချက်တွေ ပြည့်ဝစေပါတယ်တဲ့။ ကိုယ်တိုင်လည်း တစုံတခု စောင့်နေရတဲ့ အခါမျိုးမှာ Turquoise စိမ်းပြာရောင် ကျောက်နဲ့ ပြု လုပ်ထားတဲ့ လက်ဝတ် ရတနာ သို့မဟုတ် စိမ်းပြာရောင် အဝတ်အထည် ကို ဝတ်ဆင် လိုက်ရင် သိချင်နေတဲ့ အဖြေ ကို ရပါတယ်။
မိတ်ဆွေ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...