ကောင်း‌သောကံ နဲ့ မကောင်းကံအကြောင်း သိကောင်းစရာ

Astrology
ကောင်း‌သောကံ နဲ့ မကောင်းကံအကြောင်း သိကောင်းစရာ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

လူတချိူ့က။
လဏ္ခဏာဇာတာအရကောင်းသော်လည်း
ကောင်းကျိူးကံများမခံစားခြင်းတွေရှိ၏

လူတချိူ့က တော့
လက္ခဏာဇာတာမကောင်းသော်လည်း
ကောင်းကျိူးကံတွေခံစားနေရတတ်သည်။

အဘယ်ကြောင့်နည်း???
ပြောပြချင်ပါသည်။

မကောင်းကံအကျိူးပေးကမီးနဲ့တူပါတယ်
ကြီးပွားမှု့နဲ့အင်အားကောင်းဖို့ မြန်ဆန်ပါတယ်။

ကောင်းကံအကျိူးပေးကတော့ ရေနဲ့တူပါတယ်။
လျော့ကျလွယ်တယ်ခမ်းခြောက်လွယ်ပါတယ်။

ကောင်းကျိူးကံဖြစ်တဲ့ရေကို
မကောင်းကျိူးဖြစ်တဲ့မီးနဲ့
နဲနဲလေးအပူပေးပြီးကျိူချက်မိရင်
နဲနဲလေးလျော့နည်းသွားမယ်။
များများကြီးကျိူချက်မိလိုက်ရင်
ခမ်းခြောက်သွားသည်အထိ ကုန်ဆုံးသွားမှာပါ။

ထို့ကြောင့် —
လက္ခဏာကံဇာတာကဘယ်လိုကိန်းတွေပဲရှိရှိ
တနေ့တာ မှာ
ကံကောင်းစေဖို့ဘာလုပ်ထားပြီးလည်း?
ကံဆိုးစေသောအရာတွေဘာလုပ်မိထားလည်း?
နေ့စဉ်အမြဲတွေးနေသင့်သလို
ပြောင်းလည်းလာတဲ့ကံဇာတာက်ိုသတိပြုနေသင့်တာပါ။

{ဥပမာ}တခု ပြောပြပါမယ်
ဗေဒင်ဆရာတယောက်အနေ့နဲ့
လူတယောက်ကိုဟောပေးတဲ့အခါ
မကောင်းကံဖြစ်တဲ့ သေ၊ကြေ၊လေ၊ပျက်၊ထွက်စသော
မကောင်းကံများကိုအာမခံပြီးဟောပေးနိုင်ပေမဲ့ ချမ်းသာအောင်မြင်ပျော်ရွှင်ထီပေါက်စသော
ကောင်းကျိူးကံများကိုအာမခံပြီးဟောမပေးနိုင်ပါဘူး

ဘာလို့လည်းဆိုတော့

လူဆိုတဲ့သတ္တဝါတွေက မကောင်းမှု့ကံတွေကိုအလွယ်တကူနေ့စဉ်နဲ့မျှ ပြုလုပ်တတ်ကြပြီး။

ကုသိုလ်ကောင်းမှု့ကံတွေကိုပြုလုပ်ဖြစ်ဖို့ကြတော့
စဉ်းစားချင့်ချိန်တွေဝေကာတုံဆိုင်းနေတတ်ပြီး
အလွယ်မလုပ်ဖြစ်တတ်ကြလို့ပါပဲ။

ဒါကြောင့်မို့ ကောင်းကံနဲ့မကောင်းကံအကြာင်းလေးကို
ဖတ်သိပြီးလျှင် ဆင်ချင်သတိရှိနိူင်ကြပါစေ။

မကောင်းကျိူးပျောက် ကောင်းကျိူးရောက်
ထွန်းတောက်ပမာ ကံဇာတာသည်
ရောင်ဝါနေမျှ လင်းပါစေ။

ရေးသားသူ -ဆရာအောင်ချမ်းမင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...