ကံနိမ့် နေတယ် လို့ ခံစား ရ ရင် ကံကောင်းမယ့် နည်းတချို့

Astrology Religion
ကံနိမ့် နေတယ် လို့ ခံစား ရ ရင် ကံကောင်းမယ့် နည်းတချို့

ကံနိမ့်တယ် ကံမကောင်း ဘူးဆိုတာကို သိနိုင်တာ ကတော့ လုပ်သမျှ လွဲချော် စိတ်မပျော် တာတွေ အပြင် ကိုယ့် ရုပ် ကို မှန်ထဲ ကြည့်ရင် လည်း တစုံတခု လိုနေသလို ခံစားရတတ်ပါတယ်။ အဲလို ထင်ရင် ကိုယ့် မှာ ရှိနေတယ် ထင်တဲ့ Bad luck ကံမကောင်းခြင်းများ ကို အရင် ဖယ် ပစ် ပြီးမှ ကံကောင်းအောင် လုပ်ကြတာပေါ့နော်။ ကိုယ်တွေ့ နဲ့ မိတ်ဆွေတချို့ ရဲ့ အတွေ့အကြုံမျာ က စုဆောင်းထားတဲ့ နည်း တချို့ ကို ဝေမျှပေး လိုက်ပါတယ်။

၁။ မြန်မာ့ နည်းများ ကတော့ လူတိုင်း သိမယ် ထင်ပါတယ်။ အဝတ် ဖိနပ်စတဲ့ ကိုယ်ပိုင် အသုံးအဆောင်များ ကို စွန့်ပစ်တာ က စလို့ ဗေဒင်ဆရာ နဲ့ နဝင်းထိုင် တာ အဆုံးပေါ့။ ဒီနည်း အားလုံး စွမ်းပါတယ် လုပ် နိုင် ရင် လုပ်ပါ။

၂။ အနောက်တိုင်းနည်း တခုကတော့ ဆား ကို ဘယ်ဖက် ပခုံးပေါ် ကျော်ပြီး ပစ်တာပါ။ ညာဖက်တော့ လုံးဝ မလုပ်မိပါစေနဲ့ သတိထားပါ။ အောက်ဆုံး မှာ WiKi က ပုံ ရှာထည့်ထားပါတယ် ကြည့်ပါ။

၃။ တအိမ်လုံး က လျှပ်စစ်မီးတွေ ဖွင့် လိုက်ပါ ။ တချိန်ထဲ မှာ ဖယောင်းတိုင် သုံးတိုင် အဖြူ ၂ တိုင် အနီ သို့ လိမ္မော်ရောင် သို့ အဝါရောင် တတိုင် ကို နေရာခွဲ ထွန်းပါ။ ဖယောင်းတိုင်တွေ ကုန်မှ ပုံမှန် အတိုင်း လျှပ်စစ်မီး ကို ထားပါ။ တကြိမ်သာ လုပ်ရန် လိုပါတယ်။

၄။ ချိုးမယ့် ရေ ထဲ ဆားလေး နည်းနည်း ခပ်ပြီး ရေချိုးပါ။

၅။ ခေါင်းလျော် တဲ့ အခါ ဆန်ဆေးရည် ထဲ နို့ ဆနွင်း ဆား နည်းနည်း လေး စီထည့် ပီး အဲဒီ ရေ နဲ့ ခေါင်း လျော် ပြီးမှ ပုံမှန် ခေါင်းလျော် ရေ နဲ့ ပြန်လျော်ပါ။ ခုလို ဆန်ဆေးရည် နဲ့ ခေါင်းလျော်တာကို တနှစ်မှာ တကြိမ်ခန့်သာ ပြုလုပ်သင့်ပါတယ်. မကြာခန မလုပ်ရပါ။ အိမ်ထောင်ရေး ထိခိုက်နိုင်လို့ပါ။

၆။ ည မအိပ်ခင် လုပ်ပါ ပလပ်စတစ် ဗုံး လိုမျိုး ခြေ ထောက်ထည့် လို့ ရတာ ကို ယူပါ အသစ်ဝယ် ရင် ပိုကောင်းတယ် ဆား တထုပ်ဝယ် အိမ်ကဟာ မသုံးနဲ့ ဆားလက်တဆုပ် ရေထဲထည့် ခုံမှာထိုင်ခြေဖထာက်စိမ် ရေ က ခြေမျက်စိကျော်တဲ့ အထိ မြုပ်ရမယ် ဆယ်မိနစ်နေပါ။ ဘုရားစာရွတ်ပီး ဆုတောင်း သို့မဟုတ် ဆုတောင်းပါယုံကြည်ပါ ငါ့ ကိုယ်ထဲမကောင်းတာတွေ ဒီရေ ထဲကို စွန့်ထုတ်နေပီပါသွားပြီလို့ တွေးနေပါ။ ဆယ်မိနစ်ပြည့် ရင် ခြေကို ထုပ်ရေသုတ်။ ပြီးပါပြီ ။

ရေကို ကြည့်ပါ မဲနေရင် မကောင်းတာ များလို့ပါ။ သုံးကြိမ် အထိ လုပ် နိုင်ပါတယ်။ ရေ ကို အိမ်သာ ထဲ သွန်ပါ။ ပြီးရင် ပလပ်စတစ် ဗုံး ကိုလည်း လွင့်ပစ် ပါ။ ဘယ်နေ့ ဘယ် အချိန်မဆို လုပ်နိုင်တယ်။

၇။ ပန်း ၇ မျိုး ကို ရေထဲ စိမ်ထားပြီး အဲဒီရေ ကို ခေါင်းပေါ်ကနေ လောင်ချ ပါ။ ပီးမှ ပုံမှန် အတိုင်း ရေချိုးပါ။ အနည်းဆုံ ၂ နာရီ သို့ တည သိပ် စိမ်ထားပါ။ ပန်း အဖြူ မပါ စေရပါ။

၈။ မိမိ ကိုယ်ခန္ဓာ ကို သန့်ရှင်းရေး လုပ်ပြီးရင် အမွှေ နံ့သာ သုံးပါ ရေမွှေး သုံးမှ မဟုတ်ပါ ။ သနပ်ခါး ပန်း စသည် တို့ ကလည်း မွှေး ရနံ့ပေးပါတယ်။

၉။ အလားတူ မိမိ နေ အိမ်ကို လည်း သန့်ရှင်း ရေး လုပ်ပါ ။ မလိုတာတွေ လွင့်ပစ် ပျက်နေတဲ့ စက်ပစ္စည်းများ ရပ်နေတဲ့ နာရီ အဟောင်းများက အဆိုးဆုံးပါ ပြက္ခဒိန် အဟောင်းများ ဓာတ်ခဲ ဟောင်းများ ထီး စုတ် ဖိနပ်ဟောင်းများလည်း လွင့်ပစ်ပါ။ ပြီးရင်တော့ အိမ်ကို မွှေးအောင် အမွှေးတိုင် သီု့ ခုခေါတ်တော့ အမွှေး နံ့ပေးနိုင်တဲ့ အရာများစွာ ဝယ်ယူ သုံးစွဲ နိုင်ပါတယ်။

၁၀။ နေရာဒေသစ် တခု ကို ပြောင်းရွေ့နေ ထိုင်ခြင်း အကောင်းဆုံးနည်းပါ။ Time zone တခု ပြောင်းတာ နာရီချိန် မတူတဲ့ ဒေသ တခု ကို ပြောင်းရွေ့နေ ထိုင် နိုင်ရင်တော့ ဘဝ တခု လုံး ပြောင်းပါတယ်။ သို့သော် ဒါက မလွယ် တာဘူး ဆိုရင် အနည်းဆုံး ခရီးတော့ သွားကြည့်လိုက်ပါ။ သေချာ ပေါက် အပြောင်းအလဲ ဖြစ်ပါတယ်။

အထက်ပါ နည်းများထဲ က အနည်းဆုံး ၂ နည်းလောက်တော့ သုံးကြည့်ပါ။
ကံမကောင်းတာတွေ ဖယ် ပြီးရင်တော့ ကံကောင်းခြင်းတွေ လာအောင် လုပ်လို့ရပါပြီ။
ကံကောင်း ကံမြင့် ကံဇာတာ မျာ တက် လာစေမယ့် နည်းတချို့ ရေးပေးလိုက်ပါတယ်။ အားလုံး လုပ်ရန် မထိုပါ။ အနည်းဆုံး တနည်း အများဆုံး သုံးနည်းဘဲ လုပ်ပါ။

၁။ လုပ်နိုင် မယ် ဆိုရင် ယုံကြည် ကိုးကွယ် ရာ ဘာသာအလိုက် ဘုရားတရား လုပ်တာ အကောင်းဆုံးပါ။

၂။ နတ်တွေ က ကူညီရင် အလွယ် တကူ ကံဇာတာတက် စန်းပွင့်လဘ်ရွှင် စေပါတယ်။ လူသား အချင်းချင်း ကူညီတဲ့ သူကို နတ်တွေ ကကူညီပါတယ်တဲ့။
ကိုယ့်ဝန်းကျင်မှာ အကူအညီ လို သူ တွေ အမြဲ ရှိနေကြပါတယ်။
ငွေတွေ အစား အဝတ်တွေ ပေးမှ ကူညီတာ မဟုတ်ပါ။

ကိုယ့်ပိုင် ကားနဲ့ ကားမောင်းသွားလို့ အဖိုးအဖွားအရွယ်ကို လမ်းကြုံတင်ခေါ်ပေးတာ
ဘတ်စ်ကား မှာဆိုလည်း လက်မှတ်ဝယ်ပေးတာ
ထမင်းစာနေသူ ကို ထမင်းတနပ် ဝယ်ကျွေးတာ စသည်ဖြင့် ကူညီ နိုင်တာ နည်းများစွာ ရှိပါတယ်။
ခွေး ငှက် ငါး စတဲ့ သတ္တဝါတွေ ကိုအစာကျွေးတာ

၃။ ကံကောင်းစေတဲ့ အဆောင် လက်ဖွဲ့များလည်း နဲ့ ကျောက် တွေလည်း ရှိပါတယ်။ ဒါတွေတော့ အသေးစိတ် မပြော တော့ပါ။ ကိုယ့်အတွက် လွယ် ကူ အစဉ်ပြေတာသာ သုံးစေချင်ပါတယ်။
အားလုံးဘဲ ကံကောင်းကျန်းမာ လိုရာ ဆန္ဒ မျာပြည့်ဝ နိုင်ကြပါစေ။

credit fromMyat Htay Kyi Munthe

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...