ချမ်းသာမှုပြကံ

Astrology
ချမ်းသာမှုပြကံ

1.
ကြာသပတေးဂြိုလ်ခုံပေါ်မှာ
မျဥ်းတိုတစ်ခုက အဖျားမှာ အခွနဲ့အဆုံးသတ်ထားရင် လက္ခဏာရှင်ဟာ
မိမိရဲ့ရည်မှန်းချက် ရည်ရွယ်ချက်ကို
အရောက်သွားနိုင်လိမ့်မယ်
စီးပွား ဥစ္စာ ကြီးပွားတိုးတတ်မယ်
ရာထူး အာဏာ အကြီးအကဲ ဖြစ်စေပါတယ်

2.
စနေဂြိုလ်ခုံပေါ်မှာ
မျဥ်းတိုတစ်ခုက အဖျားမှာ အခွပုံသဏ္ဍာန်နဲ့
အဆုံးသတ်ထားရင် လက္ခဏာရှင်ဟာ
စိတ်ချမ်းသာရမယ်
ငွေကြေးကံကောင်းပြီး စီးပွားရေးတိုးတတ်
ကောင်းမွန်လာပါလိမ့်မယ်

3.
တနဂ်နွေဂြိုလ်ခုံပေါ်မှာ
မျဥ်းတိုတစ်ခုက အခွပုံသဏ္ဍာန်နဲ့ အဆုံးသတ်နေရင်
လက္ခဏာရှင်ဟာ
နာမည်ဂုဏ်သတင်းကျော်ဇောမယ်
အလုပ်ရဲ့အကျိုးကျေးဇူးကို ခံစားရမယ်
မိမိလုပ်သမျှက စနစ်တကျရှိပြီး တစ်ပါးသူရဲ့
လေးစားအားကျခြင်းကို ခံရမယ်
ငွေရှာရလွယ်ကူပြီး စီးပွားရေးမှာအောင်မြင်ပါမယ်

4.
ဗုဒ္ဓဟူးဂြိုလ်ခုံပေါ်မှာ
မျဥ်းတိုတစ်ခုကအခွပုံသဏ္ဍာန်နဲ့ အဆုံးသတ်နေရင်
လက္ခဏာရှင်က
အပြောအဆို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းရဲ့ အကျိုးကို ခံစားရပါမယ်
စီးပွားရှာ အတတ်ပညာပိုင်း သိပ္ပံ တီထွင်ဖန်တီးမှုပိုင်းတွေမှာ ထူးချွန်ပြောင်မြောက်မှုကြောင့်
စီးပွားဖြစ် ချမ်းသာပါမယ်

5.
ပုံတော့မပြတော့ပါဘူး
လက်မရဲ့ဒုတိယအဆစ်မှာ
ထောင်လိုက်မျဥ်းများစွာ ပါနေရင်
လက္ခဏာရှင်ဟာ
တစ်ပါးသူရဲ့ အကူညီကြောင့်မဟုတ်ပဲ
မိမိရဲ့ကြိုးစား အားထုပ်နိုင်မှုနဲ့ပဲ
စီးပွားတတ်ပြီး ချမ်းသာနိုင်ပါတယ်

6.
အသက်လမ်း ကံလမ်း ဦးခေါင်းလမ်း နှလုံးလမ်း
ပေါင်းပြီး Mပုံစံ မျိုး ဖြစ်နေရင်
ယခုပြထားတဲ့ လက်မှာ ပါပါတယ်
လက္ခဏာရှင်ဟာ
မိမိရဲ့ပါးနပ်လိမ္မာမှု ဉာဏ်အမြော်မြင်ရှိမှု
လုံ့လ ဝိရိယရှိမှု ကြိုးစားနိုင်ခြင်းကြောင့်ပဲ
စီးပွားဖြစ် ချမ်းသာနိုင်ပါတယ်

မှတ်ချက် 5နဲ့6က ဝိရိယ လျော့လို့မရပါ
#ဇေယန

ရေးသားသူ –Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...