” ဂမ္ဘီရလောကီပညာ-သော့ချက်များ “
`အင်း´ မှာ နက္ခတ်
`ဆေး´ မှာ ရာသီ
ဗေဒင် မှာ သမထ
ဓါတ် မှာ မီးနေ
မန္တန် မှာ စိတ်
ဂမ္ဘီရဗေဒင်ဆရာ အင်း မှာ နက္ခတ်ဆိုသည်ကား ရုပ်ရှိလျှင် နာမ် ရှိရမည်။
ရုပ်နှင့်နာမ်နှင့်ပေါင်းမှ အန္တိမဝင်မည်ဖြစ်၏- မိမိရေးဆွဲလိုက်သော အင်းသည် ရုပ် ဖြစ်၍ နာမ်ဝင်ဖို့အတွက် အချိန်ကျနက္ခတ်လိုမည်ဖြစ်၏- နက္ခတ်တွက်ချက်နည်း အများအပြားရှိ၏-
မိမိနက္ခတ်တွက်နည်းသည်၄င်း ဆရာသင်ပေးလိုက်သော နက္ခတ်နည်းသည်၄င်း မိမိ၏ပါရမီ စိတ်စေတနာအလိုက် အင်း တချပ် ဖန်တီးမှုအတွက် နာမ်ကိန်းခြင်းမကိန်းခြင်းဟာ မိမိ၏ အာနုဘော်နှင့်သာ ဆိုင်လေ၏-
အင်း တချပ် လက်ဖွဲ့ တစ်ခုဖြစ်မြောက်ဖို့ စည်းကမ်း ဥပဒေသများကျော်လွန်နိုင်သူအတွက် ထိုမှ သိရှိ နားလည်ပြီးမှ နက္ခတ်သည် နောက်ဆုံး အဆင့် အရေးကြီးလေ၏-
အရေးကြီး၏ ထိုမှသာလျှင် နာမ်ကိန်း လိမ့်မည် ဖြစ်၏-
ရုပ်ရှိပြီး လှပစွာလက်ဖွဲ့ထိုးထားသော အင်းတချပ် သည် နာမ်မကိန်းသည့်အတွက် သုံညအင်း မည်၏-
တခြား ကြီးကျယ်သော အင်းကြီးများ ကြီးကျယ်စွာ မရေးဆွဲမည် (စဓဗဝ) တချပ်ကိုပင် ရုပ်နဲ့နာမ် ဒွန်တွဲ ၍ အစွမ်းအာနိသင်ထက်အောင်လုပ်ပါ။
အင်းတချပ် အစွမ်းထက်မြက်လျှင် နမိတ် လက္ခဏာ က သိရမြဲ တိုးတက်မြဲ ငွေကြေးဥစ္စာ အချွေအရံများ တိုးပွားလာမြဲဖြစ်၍ အင်းတချပ် အစွမ်းထက်လာပုံ အသက်ဝင်ပုံအားရိပ်မိကြလိမ့်မည်ဖြစ်၏-
ထိုအခါ သူဌေးတစ်ဦးသည် မိမိ၏ အသက် အန္တရယ်အတွက် ဆင်းရဲသားယောင်ဆောင်သကဲ့သို့
အင်းစွမ်းတစ်ခုအား ရထားသူသည်လည်း အများ သိမှာစိုး၍ နှုတ်ဆိတ်နေကြလိမ့်မည်ဖြစ်သည်။
ဂမ္ဘီရဗေဒင်ဆရာ ဆေးမှာ ရာသီ ဆိုသည်ကား ရာသီခွင်နှင့် အတူ ဓါတ်လေးပါးအပြင် ဓါတ်လေးပါးကိုယ် ပြန်ချူပ် ကိုင် နိုင်သော ဓါတ်ကိုလဲနိုင်နင်းရမည်ဖြစ်၏-
ဘယ်ရာသီခွင်၌ ဘယ်ဓါတ်သည် ကြီးစိုး၍ ဘယ် သစ်မြစ် ဘယ် ပန်းမန်သစ်ဥတို့သည် သည်းချေကို အားပေး၏ နှလုံးကိုယ် ငြိမ်းစေတက်၏ အပူကိုငြိမ်း အေး စေသောအစွမ်းရှိ၏
ထိုသို့ကောင်းကျိုးရှိသော်လည်း ဘယ်ကဲ့သို့ ရာသီခွင်၌ လူခန္ဓာကိုယ်အကျိုးဖြစ်ဖို့ ဘယ်ရာသီချိန် မျိုးမှာပေးရမည်နည်း ၊စသည်ဖြင့်နားလည်ဖို့လိုအပ်၏
နားမလည်၍ စိတ်ထင်တိုင်း စာအုပ်ကြည့်၍ ဖော်စပ်သောဆေး သည် ကြားဖူး နားဝဖြင့် ဖော်စပ် သော ဆေးသည် ရံဖန်ရံခါ ဆေးမှ အဆိပ်ဖြစ်တက် လေ၏- မိမိဖော်စပ်သော ဆေးအား အရင်ဆုံး လူ တစ်ရာ မသေစေရန် လူတစ်ယောက်ကိုယ် အရင်ဆုံး စမ်းသပ်ကြလေ၏-
အချိုးအစား ကိုက်ညီ သင့်တင့်ပါမှ ကောင်းမွန် သောဆေးတလက်အားရမည်ဖြစ်လေ၏-
ဂမ္ဘီရဗေဒင်ဆရာ ဗေဒင်မှာ သမထ ဟူသည်ကား- မိမိသည် ကျမ်းဂန်တက်၏ အရှေ့တိုင်းအနောက်တိုင်းဗေဒင် အကုန်တက်၏- သို့သော် မိမိ၏ စရဏနှင့် သမထ များပါ တွဲပေးရလေ၏- ဤ ကဲ့သို့မဟုတ်သော် လှေတော့ဟုတ်ပြီ၊ လှော်တက် မပါသကဲ့သြို့ ဖစ် လိမ့်မည်။
မိမိဟောလိုက်သော ဟောကွက်သည် ပညာစဉ် သမားစဉ်တိုင်း ဟောမည်ဖြစ်ပါသော်လည်း ဒွိဟ စိတ် သည် ရံဖန်ရံခါဖြစ်တက်၏ ၊
မသိစိတ်ရဲ့နောက်တွင် သံသယကပ်ပါလာတက် ၏ ထိုအရာကိုယ် ဖယ်ရှားဖို့ ပညာ၏ နောက်က သမထ က ပါလာခဲ့လျှင်ဖြင့် မိမိ ဟောလိုက်သော ဟောကိန်းနှင့်အတူ မိမိပေးလိုက် သော ယတြာသည် အစွမ်းထက် ၍ ၇ ရက်သားသမီး၏ ဒုတိယကိုးကွယ် ရာ ဖခင်ဟာ မိမိပင်ဖြစ်ပါလိမ့်မည်။
ဂမ္ဘီရဗေဒင်ဆရာ ဓါတ်မှာမီးနေဆိုသည်ကား ဖိုဝင်ဖိုထိုး ဓါတ် အမျိုးမျိုး ကစားတော့မည်ဆိုသည့် တပြိုင်နက် ပဉ္စငါးပါးအား နားလည်ရမည် မီးကိုမြင်ဖို့ လေရေ မြ အားအရင်မြင်နိုင်သိမှသာ မီးနေ မီးတားအား မိမိ ဓါတ်လုံးအား ထိုးစဉ် လိုသလို ဓါးနဲ့တိခနဲ ခုတ်ဖြတ် နိုင်နင်းနိုင်လိမ့်မည်။
ဓါတ်တစ်ခု သည်ကား မိမိစကိုင်လိုက်ပြီ ဆိုတာ နှင့်တပြိုင်နဲ့ အပျိုတစ်ယောက်လို ယောက်ယက်ခတ် တက်၏ ဂဏာမငြိမ်ဖြစ်နေတက်၏-
သူမ၏ ကြိုက်နှစ်သက်သော သူနှင့်တွေ့မှသာ ခြေငြိမ်တည်ငြိမ်သွားတက်လေ၏-
ထိုအတူ မိမိဓါတ်သည် သူနှင့်တည့်သော မီးအနေ အထားနှင့်တွေ့မှသာ ခြေငြိမ်၍ လူကြီးလူကောင်း ဖြစ်လာလိမ့်မည်။ ထိုအခါ နိဗ္ဗာန်ဆိုက်လာမည်။
ဓါတ်သည် ပထမအဆင့် ခလေးအရွယ် မီးကောင် ပေါက်အရွယ် လူကြီးအရွယ် အရွယ်သုံးဆင့်မှ လေး ဆင့် မြောက်တွင် မီး၏ဆုံးမမှုဖြင့် နိဗ္ဗာန်ဝင်လိမ့်မည်။
ထို့ကြောင့်သူ၏ အရွယ်အလိုက် မီးအား ကစားဖို့ လိုလေ၏-
မိခင်၏ ဝမ်းဗိုက်၌ သန္ဓေတည်နေသော သန္ဓေ သားအား မိခင်၏ ခန္ဓာကိုယ်က ထိန်းသိမ်းသကဲ့သို့ လောဘကိုရှေ့တန်းမတင် တည်ငြိမ်သောစိတ် နှင့် အတူ အလျှင်လိုသော စိတ် မြန်မြန်ဆိုသော စိတ် ကို ဖျောက်ဖျက်၍ တည်ငြိမ်မှုဖြင့် တေဇောဓါတ် က မိမိအားမသိမသာဖြင့်မလှောင်မြိုက်အောင်လုပ်သင့်လေ၏-
လူသည်ရင့်ကျက်လာတဲ့အခါ တည်ငြိမ် လာလိမ့် မည်။ ပြဿနာနည်းလာမည်။ ဓါတ်သည်လည်း မီးဖြင့် ရင့်ကျက်လာတဲ့အခါ တည်ငြိမ်လာလိမ့်မည်ဖြစ်၏
ဂမ္ဘီရဗေဒင်ဆရာ မန္တန်မှာစိတ်ဟူသည်ကား- ဂါထာပရိတ် မန္တန် အန္တရားအကုန်ပါ၏ မန္တန်ဟူ၍ ဝါကျ အခေါ် ကောင်းရန်သုံးနှုန်းထားခြင်းဖြစ်၏-
မန္တန်တစ်ခုကို ရွတ်တဲ့အခါ မိမိစိတ်ဟာ မန္တန် အပေါ်မှာပဲရှိနေရမည်ဖြစ်၏-
မန္တန်နှင့်စိတ် တထပ်တည်းကျနေရမည် နားထဲ စွဲထင်ကြားနေရမည်ဖြစ်၏ ဆိုကြပါဆို့-
စိတ်အလိုဆန္ဒရောက်လေရာနေရာတိုင်း မိမိ စိတ်ကတောင်းတလိုက်တိုင်းဆန္ဒပြည့်ဝစေရန်-
( စိတ်တရ မန်တံ ပသ၁ာမိ
စိတ်တရ မန်တံ သုနာမိ
အရဟံ ဝိဇ္ဇာ ဇယံမေဒေတု) ဤ မန္တန်တိုအား၄င်း
” စျေးရောင်းကောင်းစေရန်အတွက် “-
( လာဘံ လာဘ ဝိလာသဂ္ဂ
လာဘစိန္တေယျ သံယုတံ္တ
ဝန္ဒေသာရ ဂုဏောပေတံ
မေနမာ လာဘံ ဓနံ) စသည့် ဂါထာတိုလေးအား ရွတ်ဖတ်စဉ် ဆိုပါစို့
ရွတ်ဖတ်စဉ် မိမိစိတ်သည် ဘယ်မှမသွား မိမိ ရွတ်နေသော အသံသို့၄င်း အနက်သို့၄င်း စူးစိတ် နေရမည်ဖြစ်၏ မိမိရွတ်နေသော ဂါထာနှင့် မိမိစိတ် သည် တထပ်တည်းကျအောင် ရွတ်နိုင်ဖမ်းယူနိုင်ပါက သူများ အခေါက် တစ်ထောင် ရွတ်စေဦးတော့ မိမိမှာ ၄၅ ခေါက်နှင့်ပင် အကျိုးကျေးဇူးခံစားရမည်ဖြစ်၏-
မန္တန်ရွတ်ဖတ်သူသည် မန္တန်လည်ပတ်ခုတ်မောင်းရန် ကုန်ကြမ်းလဲလိုပေ၏-
ထိုကုန်ကြမ်းကား တပါးသူအား ပေးကမ်းချင်စိတ် လှူချင်စိတ်နှင့် မေတ္တာဝါဒီ စွဲကိုင်ထားသော ကုန်ကြမ်း အား မန္တန်တစ်ခု လည်ပတ်ရန် လောင်စာအဖြစ် ပေးရ၏-
ထိုအတူ လောင်စာပေးပြီးပြီဆိုပါက မန္တန်က အလုပ်လုပ် ခုတ်မောင်းလေ၏
ထိုသို့ ခုတ်မောင်းသောအခါ ဘယ်မှ မယိမ်း မယိုင်အောင် စီယာတိုင် ကိုင်ဖို့လိုလေ၏
ထိုစီယာတိုင်ကား စိတ် ပင်ဖြစ်၏ ထို့ကြောင့် မန္တန်ရွတ်စဉ် စိတ်လဲ ထိုမန္တန်နဲ့အတူ လိုက်ပါေ နရမည် ဖြစ်၏ သို့မှသာ လိုရာကိစ္စပြီးပါလိမ့်မည်။ အရင်ဆုံး မန္တန် အတိုဆုံး ဟာလေးများဖြင့် စိတ်နဲ့မန္တန် တထပ် တည်း ကျအောင် ရွတ်ပါ လေ့ကျင့်ပါ။
အချို့တွေ ရွတ်လိုက်ဖတ်လိုက်တာ မောလို့ ဘာမှ အကျိုးမထူးလို့ အားပျက်ကျတယ် ဘာကြောင့် အကျိုးမထူးလဲဆိုတော့စိတ်ပျယ်လွင့်မှုပါသောကြောင့်ပင်ဖြစ်၏
မရွတ်ချင် မရွတ်နဲ့ ရွတ်ပြီဆိုလဲ မန္တန်မှာ သတိကပ် စိတ်ကိုစူးစိုက်ကပ်၍ ရွတ်သင့်ပါ၏’-
မန္တန်တစ်ခု ရှင်သန်ဖို့စွမ်းဖို့ကစိတ်စူးစိတ်မှူသည် အဓိကဖြစ်လေ၏ စိတ်နဲ့မန္တန်မကပ်သော ပထမ ကျယ်ကျယ်ရွတ် ကိုယ်အသံပြန်နားထောင် သာယာ နာပျော်ဖွယ်ရွတ် ပြန်ပြီးနားထောင် စိတ်နဲ့ ပြီးလျှင် ပါးစပ်လှူပ်ရုံ သစ်ရွက်လှူပ်သံနှင့်ရွတ် ထိုမှတဆင့် စိတ်နဲ့ရွတ် အဆင့်ဆင့် လေ့ကျင့်သွားပါက မန္တန် ပေါက် လေ၏
မန္တန်ပေါက်သော် လိုရာပြီးလေ၏-
မန္တန်+ စိတ်= လိုရာဆန္ဒပြည့်ဝလေ၏
ဤ ပေါင်းခြင်းမှာ ဤ အဖြေရလိမ့်မည်။
ဂမ္ဘီရဗေဒင်ဆရာ အနှစ်အချူပ်အားဖြင့် အဓိပတိသည်ကား သမာဓိပင်ဖြစ်၏ သမာဓိရှိလျှင်အမှန်အမှားခွဲတက်လာ မည်။ စ်ိတ်နှလုံးအေးချမ်းလာမည်။ သမာဓိဖြင့်ကောင်း ကင်နက္ခတ်တွေ မြင်လာမည်။
အင်းဆေး အဂ္ဂိရတ် ဗေဒင် မန္တန် မည်သည့် လမ်းစဉ်လိုက်လိုက် စည်းစနစ်ကျစွာ သမာဓိဖြင့် အမှန်မြင်လာ၍ အောင်မြင် လာနိုင်မည်ဖြစ်၏
သမာဓိရဖို့မျိုးစုံမလေ့ကျင့်ပဲ အစွမ်းထက်သော ဘုန်းတန်ခိုးကြီးသော ဂမ္ဘီရပစ္စည်းများ လက်ဝယ်ရှိနေ လဲ ပျောက်တက်၏ မပျောက်သော် မိမိလက်ထဲ အစွမ်းမဲ့ နေတက်လေ၏-
သို့ပေမယ့် သမာဓိ မရသေးသော်ငြား လောကရှိ ဆရာသုံးပါးအား မထေမဲ့မြင်မပြုပဲ ရိုသေသူသည် ပညာနည်းလျှင်ကစား ဆရာရဲ့ ဟိတ် ဆရာကဆောက် တည်သော ဝိသုဒ္ဓိတပါးပါး အာနုဘော်ကြောင့် ထိုသူ သည် အန္တရယ်ကင်းရှင်း၍ ပညာအစွမ်းထက်ပြီး ဂမ္ဘီရပညာ၏ ဘေးထွက်ဆိုးကျိုးများက ထိုသူအား တစ်စုံတစ်ရာ မှားယွင်းလုပ်မိလျှင့်ကစား သတ်၍မရ ပေ။
အသက်ရှည်စွာ သာသနာပြုနိုင်လေ၏- ၄င်းနှင့် ဆန်
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။