ဒုက္ခပေးနိုင်တဲ့အန္တရာယ်အသက်ပိုင်းခြားများ

Astrology
ဒုက္ခပေးနိုင်တဲ့အန္တရာယ်အသက်ပိုင်းခြားများ

လူတစ်ယောက်မှာတကယ်ဒုက္ခပေးတဲ့ကံကြမ္မာအဆိုးတွေ
ကံဆိုးမိုးမှောင်တွေဆိုတာရှိတယ်။ လောကကြီးမှာ မမြင်ရတဲ့အန္တရာယ်တွေ
မမြင်အပ်တဲ့ အခက်အခဲတွေ ရှိကြတယ်။

ထို့အတွက်ကြောင့် ကျွန်ုပ်၏ဆရာသခင်သင်ကြားပြသပေးခဲ့သောဒုက္ခပေးနိုင်တဲ့အန္တရာယ်အသက်ပိုင်းခြားများကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ချင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကို ကျွန်ုပ်ကိုယ်တိုင်ပဲ တစ်ယောက်ခြင်းစီ၏ ကံကြမ္မာ အဆိုးတွေ အန္တရာယ်တွေကို တွက်ချက်ပြနေရင် စာအုပ်တစ်အုပ်လောက်ဖြစ်သွားနိုင်ပါတယ်။ (ထို့ကြောင့် တိုတိုနဲ့ လိုရင်းလေးကိုပဲ တင်ပြပေးလိုက်ပါမယ်)

ကံကြမ္မာ အဆိုးတွေ ကြုံတွေ့နိုင်မဲ့
အသက်ပိုင်းလေးကိုသတိထားပြီးနေလို့ရအောင်
သတိလေးပေးလိုက်တဲ့ သဘောအနေနဲ့
တင်ပြပေးလိုက်တာပါ။အရမ်းဆိုးရိမ်စရာ
မလိုဘူး သတိလေးထားဖို့ပါပဲ…။

တနင်္ဂနွေ သားသမီးများအတွက်..
အသက်.၂၇.အတွင်းမှာ
အမှုအခင်းကြီးမားတာတွေ
အာမခံကိစ္စများ ဝင်ပါခဲ့ရင်
ပြဿနာကြုံတွေ့ရခြင်းများ။
အသက် ၃၁.၃၉.၄၇.နှစ်အတွင်းမှာ
အရှက်တကွဲကိစ္စများဖြစ်ခြင်း
ပြဿနာများရှုပ်ထွေးခြင်း
ပျက်စီးခြင်းဆိုတဲ့ကိစ္စများကိုသတိထားပြီးနေပါ။
အသက် ၃၆.၄၄.နှစ်အတွင်းမှာ
သေကွဲ/ရှင်ကွဲဖြစ်ခြင်းတွေ
ဒုက္ခပေါင်းစုံဝင်ရောက်လာခြင်း။
စီးပွားဥစ္စာပျက်စီးခြင်းစီးပွားပျက်ခြင်း။
အသက် ၅၃.နှစ်အတွင်းမှာ
အမှုအခင်းဖြစ်ပေါ်လာခြင်း
အသက်အန္တရာယ် ကြီးမားခြင်းများကို
ထိုနှစ်တွေမှာ တနင်္ဂနွေသားသမီးများအတွက်
အထူးပင်ဂရုစိုက်ဖို့လိုအပ်ပါတယ်..။

တနင်္လာ သားသမီးများအတွက်……
မိမိအသက် ၁၈.နှစ်အတွင်းမှာ စိတ်ဆင်းရဲခြင်း
စိတ်ညစ်စရာတွေဖြစ်ပေါ်ခြင်းများကြုံတွေ့နိုင်တယ်။
အသက်.၂၇.၃၅.နှစ်အတွင်းမှာတော့..
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ခြင်းတွေ.
ပျက်စီးရှုံးမှုများဖြစ်ပေါ်လာခြင်းတွေဂရုစိုက်ပါ.
အသက်.၄၄.၂၀.၂၈.၃၆.နှစ်ထိုနှစ်တွေမှာတော့.
ကျန်းမာရေးအရမ်းညံ့တာတွေ
အသက်အန္တရာယ်ကြီးမားခြင်း..။
အသက်.၄၇.နှစ်အတွင်းမှာတော့
အထူးဂရုစိုက်မယ့်အခါဖြစ်တယ်
ကားတိုက်ခြင်း ကားမှောက်က်ခြင်း စီးပွားရေး
ဂုဏ်သိက္ခာအရှက်တကွဲဖြစ်ရခြင်း
အပျက်အစီးဘေးတွေ့ရခြင်းတွေနဲ့သဘာဝဘေး
(ကုန်း.ရေ.လေခရီးများ၌ဘေးတွေ့ရတတ်ခြင်း)
ဂရုစိုက်ပါ.။
အသက်.၅၃.နှစ်အတွင်း၌ပြဿ
နာရှုပ်ထွေးခြင်းနဲ့
အိုးအိမ် ခြံမြေများ ပျက်စီးဆုံးရှံးခြင်းတွေကို
ဂရုစိုက်ပါ..။

အင်္ဂါ သားသမီးများအတွက်..
အသက်.၂၇.၃၅.၃၆.အတွင်းထဲ၌.
အသက်အန္တရာယ်ရှိခြင်း
အမှုအခင်းရှိခြင်း ကျန်းမာရေးညံ့ခြင်းပြဿနာ
အရှုပ်အထွေးများကျရောက်တတ်ခြင်းတွေ
အမွေကိစ္စပြဿနာတတ်ခြင်းတွေ
အိုး အိမ် ခြံ မြေ ပျက်စီးဆုံးရူံးခြင်းတွေ
အထူးပင်ဂရုစိုက်ပါ..။
အသက်.၃၉.၄၇.၅၅.နှစ်တွေမှာ
အသက်အန္တရာယ်ရှိခြင်း အရှက်တကွဲဖြစ်ခြင်းများ
စည်းစိမ် ဥစ္စာ ပျက်စီးဆုံးရူံးခြင်းတွေဂရုစိုက်ပါ။

ဗုဒ္ဓဟူး သားသမီးများအတွက်…
အသက်.၁၈.၂၆.အတွင်းတွေမှာ
အရှက်တကွဲဖြစ်ခြင်းပျက်စီးခြင်း
အသက်အန္တရာယ်ဖြစ်ပေါ်ခြင်း
သွေးထွက် သံယိုကိစ္စများနဲ့
ဂုဏ်သိက္ခာရှိပျက်စီးခြင်းတွေဂရုစိုက်ပါ။
အသက်.၂၈.၄၄.နှစ်.
အိမ်ထောင်ရေးကိစ္စရှုပ်ခြင်းခြင်းပျက်စီခြင်းများ။
အသက်.၄၇.၅၅.နှစ်တွေမှာ အရှက်တကွဲဖြစ်ခြင်း
စီးပွားရေးပျက်စီးခြင်း ဂုဏ်သိက္ခာပျက်စီးခြင်းတွေနဲ့
အလုပ်အကိုင်အဆင်မပြေခြင်းတွေ ဂရုစိုက်ရမယ်။

ကြာသာပတေး သားသမီးများအတွက်….
အသက်.၂၄.၃၂.၄၀.၄၈.နှစ်တွေမှာ
အုပ်စုကွဲခြင်းတွေ အိမ်ထောင်ရေးကွဲခြင်းတွေ
ဂရုစိုက်ပါ။
အသက်.၅၅.နှစ် အတွင်း၌
ရုပ်ပျက်ဆင်းပျက်ဖြစ်ပေါ်ခြင်းနဲ့
အပျက်အစီးများဖြစ်ပေါ်ခြင်း
အလုပ်ပြုတ်ခြင်းအသက်အန္တရာယ်ဖြစ်ခြင်းများနဲ့
အသက်ဆုံးရူံးခြင်းတွေ ဂရုစိုက်ပါ…။

သောကြာ သားသမီးများ..
အသက်.၂၇.၂၈.စိတ်ရော ရုပ်ပါ ဆင်းရဲခြင်းနဲ့
ကျန်းမာရေးညံ့၍ ပျက်စီးခြင်းတွေဂရုစိုက်ပါ..။
အသက်.၃၅.နှစ်အတွင်း၌
သေကွဲ ရှင်ကွဲ ကွဲရတတ်ခြင်းများ
အုပ်စု ပြိုကွဲခြင်းတွေကို ဂရုစိုက်ပါ။
အသက်.၃၈.နှစ်အတွင်းမှာ..
အမှုအခင်းဖြစ်ပေါ်ခြင်း
အသက်အန္တရာယ် ရှိခြင်းဂရုစိုက်ပါ။
အသက်.၄၄.အတွင်း၌
ကျန်းမာရေးချို့တဲ့ခြင်းများနဲ့
စီးပွားရေး ပျက်စီးမူများ
ဖြစ်ပေါ်တတ်ခြင်းကို ဂရုစိုက်ပါ..။
အသက်.၄၆.၄၇.ဂုဏ်သိက္ခာထိခိုက်ခြင်း
စည်းစိမ်ပျက်စီးဆုံးရူံးခြင်းတွေနဲ့
အိုးအိမ်ပျက်စီးခြင်း
အမှုအခင်းများဖြစ်ပေါ်တတ်ခြင်းတွေဂရုစိုက်ပါ.။
အသက်.၅၃.၅၄.နှစ်အတွင်း၌
စီးပွားရေး ပျက်စီးခြင်းနဲ့
ကျန်းမာရေးချူချာပျက်စီးခြင်းဂရုစိုက်ပါ။

စနေ သားသမီးများ..
အသက်.၁၇.၁၈.နှစ်တွေမှာ
ဘေးဥပါဒ်ကျရောက်တတ်ခြင်းနဲ့
အမှုအခင်းပြဿနာ ဖြစ်ပေါ်တတ်ခြင်းတွေကို
ဂရုစိုက်ပါ..။
အသက်.၂၀.၄၄.နှစ်အတွင်း၌
ကျန်းမာရေးချို့တဲ့ခြင်းတွေနဲ့
အမှုအခင်းပြဿနာရှုပ်ထွေးခြင်းတွေကို
ဂရုစိုက်ပါ။
အသက်.၂၅.၃၃.၄၁.အတွင်းမှာတော့..
အမှုအခင်းဖြစ်ပေါ်ခြင်းနဲ့
ရန်ရှိခြင်း.အနှောက်အယုက်များ
ဖြစ်ပေါ်လာတတ်ခြင်းတွေကို ဂရုစိုက်ပါ။
အသက်.၄၇.၅၅.၆၃.နှစ်အတွင်းတွေမှာ
စိတ်ဆင်ရဲခြင်းတွေ
အိုးအိမ်စီးပွားပျက်ခြင်းများ
အသက်အန္တရာယ်ဖြစ်ခြင်းများနဲ့
ဂုဏ်သိက္ခာထိခိုက်ခြင်း
ကျန်းမာရေး ချူချာပျက်စီးခြင်တွေကို
အထူးဂရုစိုက်ပါ…။
မှတ်ချက်…။
အထက်ပါဖော်ပြပေးထားသော နှစ်တွေမှာ
သတိလေးထားဖို့နဲ့
ဖြစ်နိုင်တဲ့ အလားအလာလေးတွေကို
စုစည်းတင်ပြပေးယုံသက်သက်သာဖြစ်ပါတယ်
ကြိုပြီးကြောက်လန့်ဖို့လည်းမဟုတ်ပါ
ကြိုပြီးထိပ်လန့်နေစရာလုံးဝ မလိုပါ.။
သတိလေးထားဖို့ပါ။

ရေးသားသူ -ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...