ဘဝ ထဲက မလိုချင်တာတွေ ကို ဖယ်ထုတ်နိုင်မယ့် နည်း။

Astrology
ဘဝ ထဲက မလိုချင်တာတွေ ကို ဖယ်ထုတ်နိုင်မယ့် နည်း။

လူတိုင်း ဘဝမှာ တချို့သော အကြောင်းအရာများ ၊ အဖြစ်အပျက်များ က ကိုယ်မလိုချင် ဘဲ ရှိနေတတ်ပါတယ်။
ဖယ်ထုတ်လို့မရသလို အဲဒိအရာတွေ ကြောင့် စိတ် ဒုက္ခ ရောက်ကြပါတယ်။
ဉပမာ အကြွေး၊ ရောဂါ၊ ရန်သူ စသည်ဖြင့် ပေါ့။

ဒီနည်း က မည်သည့်ဘာသာ ဝင် မဆို လုပ်နိုင်သလို ငွေမကုန် မခက်ခဲပါ။
ဘာတွေ လိုလဲ?
စက္ကူ အကြီး/ အသေး ကြိုက်ရာ သုံးပါ။
ရေးစရာ ခဲတဲ့၊ ဖောင်တိန်၊ ဘောလ်ပင်။
ဘယ်လို လုပ်မလဲ ?
ကိုယ့်ဘဝ မှာ ရှိမနေစေချင်တာကို စာရွက်ပေါ်မှာ ရေးချပါ။
ဉပမာ။ အကြွေး သုံးသိန်း သို့မဟုတ် အကြွေး သုံးသိန်းပေးရန် ကြိုက်သလိုရေးပါ။
ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာ ရောဂါ ပျောက်ရန် ။
မောင်လှ သို့မဟုတ် မောင်လှ ငါ့ ဘဝ ထဲ ထွက်သွားရန်။
ပြီးရင် အဲဒီ စာရွက်လေး ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲ ပြီး အမှိုက်ခြင်းထဲ ထည့်လိုက်ပါ။

ဘယ်နေ့ ဘယ် အချိန်မဆို လုပ်နိုင်သလို ဘယ် နှစ်ကြိမ် လုပ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်လည်း မရှိပါ။ စိတ်ယုံကြည် မှု အပေါ် မူတည်ပြီး ဆန္ဒ ပြည့်ဝကြပါတယ်။
သိကြားမင်း လာဖြေရှင်းပေး သလို ပြီးစေ သတည်းတော့ မဟုတ်ပါ။
ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ့ပြီး အစဉ်ပြေ သွားကြတာမျိုးပါ။
မိတ်ဆွေ အားလုံး အစစအရာရာ အစဉ်ပြေ ကြပါစေ။

credit from Myat Htay Kyi Munthe

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...