မကောင်းသော အိမ်မက်/ အိမ်မက်ဆိုး များကို လျော့ပါး -သက်သာ စေရန်။

Astrology
မကောင်းသော အိမ်မက်/ အိမ်မက်ဆိုး များကို လျော့ပါး -သက်သာ စေရန်။

အရင်ဆုံးတော့ မကောင်း တဲ့ အိမ်မက် ဆိုတာ ဘာလဲ လို့ သိသင့်ပါတယ်။ မလိုအပ်ဘဲ စိတ်ပူ တာလည်း မကောင်းပါ။
မကောင်းတဲ့ အိမ်မက် ဆိုတာ နိုးလာတဲ့ အချိန်မှာ စိတ်လေး နေတယ် စိတ်မကြည်ဘူး စိတ်မပျော်ဘး ဆိုရင် ဘယ်သူ့ မှ မေးစရာ မလိုပါ။ အဲဒါ မကောင်းတဲ့ အိမ်မက်ပါဘဲ။
အများစု က သွားကျိုးတာ မြွေပေါက် ခွေးကိုက် အမငြ့် က ပြုတ်ကျ သွေးထွက်သံယို ဖြစ် ခြင်း များ ကို မက်ရင် အဲဒါ မကောင်းတဲ့ အိမ်မက်ပါဘဲ။ တစုံတဉီး သေဆုံးတာ ကို မက်ရင်တော့ အိမ်မက်အပေါ် ကြည့်ပြီး မှ ဆုံးဖြတ် နိုင်တယ် ဆိုသော်လည်း ကိုယ့်ခံစား ချက် ကတော့ အဆိုး အကောင်း ခွဲပေး နိုင်ပါလိမ့်မယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အိမ်မက် မကောင်းဘူ ယူဆ ရင် ခေါင်းလျော် ရေချိုးလိုက်ပါ။ ရေတွေ ကိုယ့်ခန္ဓာ ပေါ် ခေါင်းပေါ် ကို စီးကျနေစဉ်မှာ မကောင်းတာ တွေ ပါသွားပြီ ပြီးသွားပြီ လို့ ယူဆ လိုက်ပါ။ အနည်းဆုံး လူက လန်းဆန်းပြီး စိတ်ကြည် သွားပါတယ်။ မြန်မာ အယူ တလျော် ကင်ပွန်း နဲ့ ခေါင်းလျော် ရင်တော့ ပိုစွမ်းတယ် လို့ ဆိုကြပါတယ်။

ဘာသာရေး ယုံကြည် သူများကတော့ ဘုရားရှိခိုး သောက်တော်ရေ စွန့်ပီး သောက်တာ ကိုယ်မှာ ဖျန်းတာ အပြင် မိဘ ရဲ့ဆုတောင်းများ ကလည်း ကံ အဆိုးများ ကို ပယ်ဖျက်ပေး မကောင်းတာ တွေ ကာကွယ် ပေး နိုင်ပါတယ်။

အနောက် တိုင်း အယူအဆ တခုကတော့ မကောင်း တဲ့ အိမ်မက်မက် ရင် တစုံတယောက် ကို ပြောပြရင်လည်း ပျက်ပြယ် ပါတယ်။ ဒါပေမယ့် မီးဖို တို့ အိမ်သာတို့ စတဲ့နေရာ မှာ ပြော ရတယ် လို့ ဆိုပါတယ်။

နောက် ထပ် အနောက်တိုင်း နည်း တခု ကတော့ အိမ်မက် မကောင်း ဘူးလို့ ထင်ရင် Cancel ပျက်ပြယ်စေ ဆိုတဲ့ စကား သုံးခါ ရွတ်ဆိုရင်လည်း သက်သာရာ ရ စေ တယ် လို့ ဆိုပါတယ်။

နောက်တနည် ကတော့ အိမ်မက်ဆိုးမက် ပြီးရင် အိပ်ရာ ထတာနဲ့ ဝတ်ထားတဲ့ အဝတ် ကို အိတ်ထဲထည့် လက်သည်း ခြေသည်း ဆံပင် စတာတွေ ကို စတိ သဘော ညှပ်ထည့်ပြီး စွန့်ပစ်ရပါတယ်။

မြစ် ချောင်း ပင်လယ် စတဲ့ စီးနေတဲ့ရေထဲ ကို ပစ် နိုင်ရင် အကောင်းဆူံးပါ ။ အစဉ်မပြေရင်တော အိမ်နဲ့ဝေး တဲ့နေရာ မှာပစ်လိုက်ပါ။ ပစ်တဲ့ အချိန်မှာ မကောင်း တာတွေ ပါသွားပြီ လို့ စိတ်က ပြောဆို ယုံကြည် လိုက်ပါ။ ဒီနည်းလည်း အလုပ်ဖြစ်ပါတယ်။

စီးနေကျ ဖိနပ်တရံ သိုမဟုတ် ထီးတချောင်း ကို ကို လူအများ မြင်နိုင် ယူ နိုင်တဲ့ နေရာ မှာ စွန့်ပစ် ခြင်း ကလည်း မကောင်းတဲ့ အိမ်မက်ဆိုးများမှ သက်သာရာ ရစေပါတယ်။
တကယ်လို့များ အိမ်မက်ထဲမှာ ခွေး အကိုက်ခံရတယ် မြွေ အပေါက်ခံရတယ် ဆို ရင် နိူးလာတဲ့ အထိ အဲဒီ နေရာ နာကျင် သလို တခုခု ခံစားရတယ် ဆိုခဲ့ ရင် ဆား သိုမဟုတ် ဆနွင်း ကို စတိ သဘော ပွတ်လိုက်ပါ။ လက်တွေ့အောင်မြင်တဲ့ နည်းပါဘဲ။
အိမ်မက်ဆိုး များ မှ ကာကွယ် နိုင်ကြပါစေ။

ရေးသားသူ – ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...