မိမိ၏အိုးအိမ်တိုက်တာ အဆောက်အဦတို့အား မီးမလောင်မီးကွင်းစေသောအဋ္ဌမုခ်အင်းကိုစီရင်ပုံ စီရင်နည်း နှင့် အင်း၏နမူနာပုံစံ

Astrology
မိမိ၏အိုးအိမ်တိုက်တာ အဆောက်အဦတို့အား မီးမလောင်မီးကွင်းစေသောအဋ္ဌမုခ်အင်းကိုစီရင်ပုံ စီရင်နည်း နှင့် အင်း၏နမူနာပုံစံ

မြန်မာနိုင်ငံတွင် ဆောင်းရာသီ နွေရာသီတို့၌မီးဘေးအန္တရာယ်သည် ဖြစ်လေ့ဖြစ်ထရှိလေသည်။ခြောက်သွေ့သောကာလဖြစ်သည့်အားလျှော်စွာ မီးအလွယ်တကူလောင်ကျွမ်းလေ့ရှိသည် သူခိုးခိုးခံရလျှင် အစုတ်အပြဲများနှင့် မသယ်နိုင်သောပစ္စည်းများကျန်ခဲ့သေးသည်။

မီးလောင်ခံရလျှင် ဘာတခုမှမကျန်ခဲ့ပဲ မီးသွေးတုံးနှင့်ပြာပုံတို့သာကျန်ခဲ့တော့သည်။ ထို့ကြောင့်မီးဘေးအန္တရာယ်ကို တွေ့ဖူးကြုံဖူးကြသော လူတော်တော်များသည် ကြောက်ရွံ့ ထိပ်လန့်ကြသည်။

မီးလောင်ရခြင်းအကြောင်းတို့မှာလည်း ၁။လျှပ်စစ်ဝါယာ ရှော့ဖြစ်၍လောင်ရခြင်း။၂။မီးကြွင်းမီးကျန်ကြောင့်လောင်ရခြင်း။၃။မီးပေါ့ဆ၍လောင်ရခြင်း။၄။ကလေးသူငယ်များအားမီးဖြင့်ဆော့ကစားစေ၍လောင်ရခြင်း။၅။သက်ကြီးရွယ်အိုများ မမြင်မစမ်းဖြင့်ပြုလုပ်၍လောင်ရခြင်း။၆။မနာလိုသူများမှသက်သက်ရှို့၍လောင်ရခြင်းအားဖြင့်အမျိုးမျိုးရှိပါသည်။

မည်သိုပင်လောင်စေကာမူ မီးလောင်သည့်ပစ္စည်းတို့သည် ပြာပုံသာပြန်၍ရလေတော့သည်။
ထို့ထက်ပိုဆိုးပါက လူနှင့် တိရစ္ဆာန်တို့၏ အသက်များပါ ဆုံးရှုံးရသည်အထိကြုံရတတ်ပါသည်။ထိုကဲ့သို့မီးလောင်ခြင်းကို ရှေးဘိုးဘေး ဘီဘင် ဖြစ်ကြကုန်သော မြန်မာတို့၏ အတတ်ပညာ ဖြစ်သော အဋ္ဌမုခ် အင်းကတားနိုင်စွမ်းရှိခဲ့ပါသည်။ယခုဖော်ပြမည့် အဋ္ဌမုခ်အင်းသည် မီးကွင်းသော မီးမလောင်စေသော အင်းမြတ်ဖြစ်ပါသည်။

စီရင်ဟန်မှာ
ရွှေပြား၊ငွေပြား၊ကြေးပြား၊ခဲပြား၊သတ္ထုပြားစသည်တို့တွင်မိမိတတ်နိုင်ရာ(သို့မဟုတ်)လွယ်ကူစွာရနိုင်ရာတို့၌
နက္ခတ်ကို တွက်ချက်၍ အထွက်နက္ခတ် သိဒ္ဓိစုတ် ကြုံသောအခါ အလျားကိုးကွက် အနံကိုးကွက် စုစုပေါင်း ၈၁ ကွက်ရှိသောအင်းဘောင်ကိုသား၍
ဒီပင်္ကရာ စသော ၂၈ ဆူကုန်သော ဘုရားရှင်တို့၏ဂုဏ်တော်တို့ကိုစိတ်ကကြည်ညိုစေ၍ ဗုဒ္ဓ ဓမ္မ သံဃ ဟူသော ရတနာမြတ်သုံးပါးတို့နှင့်မြှောက်သော် ၂၈×၃=၈၄ ဖြစ်ရကား ၄င်း ၈၄ ကိုတည်ကိန်းပြု၍ ၈၅။၈၆။၈၇။၈၈။၈၉။၉၀။၉၁။၉၂။ထိတခုစီတိုး၍ အင်းစောင့်ချထားရမည်။
(နမူနာပုံတွင် အင်းစောင့်တို့နှင့် အလည် ကွက်၌၁၀၈အောင်သောဟန်ကိုပြထားပါသည်)

ပြီးနောက် ပထမ တည်ကိန်း ၈၄ မှစ၍ ရုပ်/နာမ်နှစ်ပါအတွက်နှစ်ခုစီတိုးကာလက်ယာရစ်ခရုပတ်ချသွားရမည်။
အလည်အကွက်တွင် ၁၀၈ ဖြင့်သာ အဋ္ဌမုခ်အင်းကိုအောင်စေရမည်။ထို့နောက် **ဧဟိမိတ္တံ ဟိတံပုညံ၊ယထာယာစိ တကံဖလံ။ဧဟိနန္ဒာ ပိယာပုတ္တာ ပိယာသီရိ ပိယာ ပိယာ။သုဝဏ္ဏမာဟ. ဒ္ဖေဖလံ အြွွံကာယ မမတ္တိ မမတ္တာယ။သဟဿ ပရိဝါးရာယ ဝိသာယာယ ဗောဓိသတ္တာယ။

ဂါထာဖြင့်ရံ၍ ၄င်းဂါထာဖြင့်ပင် အင်းသက်သွင်းရမည်။
ပြီးပါက မိမိနေအိမ် အဆောက်အဦ နံရံတို့၌ချိတ်ဆွဲထားပါ ထိုနေအိမ် အဆောက်အဥိတို့သည် မီးမလောင်နိုင်တော့ပါ။သူတပါးဆီကလောင်ကျွမ်းလာသော မီးဖြစ်ပါလည်း မိမိထံသို့မရောက်ပဲ ရှောင်ကွင်းသွားကြရသည်သာဖြစ်ပေတော့သည်။

(လက်တွေ့ဖြစ်စဥ်တခုရှိခဲ့သည်၊လွန်ခဲ့သော 1992 ခုနှစ်က ဝါးခယ်မမြို့တွင် ၁။လေှကျင်းရပ်ကွက်။၂။မြသိန်းတန်ရပ်ကွက်။၃။ရွာလည်ရပ်ကွက်။၄။ဆေးရုံရပ်ကွက် လေးရပ်ကွက်ကုန်စင်အောင်မီးကြီးလောင်ခဲ့ဖူးပါသည်။ထိုအထဲတွင် မြသိန်းတန်ရပ်ကွက် ၂ လမ်းမှ ဓနိမိုး ဓနိကာအိမ်တလုံးသည် လုံးဝမီးမလောင်ပဲ ရှောင်ကွင်း၍သာနေခဲ့ဖူးပါသည်။ထိုအိမ်သည် ဆရာ့၏အိမ်ပင်ဖြစ်ပါသည်။)

ဤမျှသောဖော်ပြမျှဝေပေးခြင်းဖြင့် မီးမလောင်စေသောမီးကွင်းစေသော အဋ္ဌမုခ်အင်းတော်မြတ်ကို အလွယ်တကူစီရင်နိုင်ကြလိမ့်မည်ဟု မျှော်လင်မိပါသည်
လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ

ရေးသားသူ –ဆရာဦးနေမင်းအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...