မှတ်မှတ်သားသားဗေဒင်စကားများ

Astrology
မှတ်မှတ်သားသားဗေဒင်စကားများ

မိုးခေါင်တဲ့ အရပ်ဒေသတစ်ခုမှာ မိုးရွာစေချင်တဲ့ အခါ အိမ်ကဘုရားဆင်းထုတော်ကို ရေမကြာခဏဆိုသလို သပ္ပါယ်ပေးပြီး ဆုတောင်းပါ ။

အိမ်ခေါင်းရင်ဘက် မှာအမှိုက်ပုံမထားရ ။ အမှိုက် မပစ်ရ ။ လာဘ်ပိတ်တယ် ။

ညဘက် မှာတံမြက်စည်းပြောင်းပြန် ထောင်ထားပါ ။မနက်ဆို အိမ်ရှေကနေ အိမ်နောက်ဖေးဘက်ကိုတံမြက်စည်းလှည်း၍ ညနေကျရင် အိမ်နောက်ဖေးကနေ အိမ်ရှေ့ကို တံမြက်စည်း လှဲရင် လာဘ်ပွင့်ပါတယ် ။

အိမ်မှာ ကြည့်မှန်ကွဲရင် မထားရ ။ သူတပါး အကောက်ကြံတာ ခံရတတ်တယ် ။

စီးတဲ့ဖိနပ်ကိုချွတ်ပြီး အပြန်အလှန် မတီးရ ။ အိမ်တွင်း ရန်ပေါ်တတ်တယ် ။

အိမ်သစ်ဆောက်ရင် အိမ်မှာလူပျို အပျိုရှိက မင်္ဂလာဆောင်ရတတ်တယ် ။

ဖိနပ်ဘယ်ညာ မှားစီးရင် အလုပ်နှစ်မျိုး လုပ်ရတတ်သလို ရည်းစားနှစ်ယောက် ရတတ်တယ် ။

နဖူးအလယ်တည့်တည့်မှာ မှည့်ပါခဲ့ရင် မုဆိုးဖို ၊ မုဆိုးမ ဖြစ်တတ်တယ် ။

လုံချည်ထမိန်ဝတ်ဆင်ရင် ခေါင်းကစွပ်ပြီး မဝတ်ရ ။ဆင်းရဲတာ ရှည်တတ်တယ် ။

အိမ်မှာအဖေ ၊ အမေပုံမချိတ်ပဲ သားသမီးပုံတွေ ချိတ်ထားရင် သားသမီတွေ ဆုံးမရပြောဆိုရ ခက်ခဲတတ်တယ် ။

ခရီးသွားရင် လမ်းပေါ်မှာ မြွေဖြတ်သွားတာမြင်တွေ့ရင် ခြေလှမ်းသုံးလှမ်းနောက်ဆုတ်ပြီးမှ ခရီး ရှေ့ဆက်သွားပါ ။

အိမ်ထောင်ဦးစီးရဲ့ အင်္ကျီ၊လုံချည် ဧည့်သည်ကို ပေးဝတ်ရင် အလုပ်အကိုင် ထိခိုက်အဆင်မပြေ ဖြစ်တတ်တယ် ။

လုံချည် ၊ ထမိန်နဲ့ မျက်နှာသုတ်ရင် မကြီးပွားမချမ်းသာပါ ။

ကိုယ့်ရဲ့ညာဘက်မှာ ပေါ်တဲ့ အလှူမင်္ဂလာသွားရင် မျက်နှာပွင့်တယ် ။လာဘ်ပွင့်တတ်တယ် ။

ကိုယ်ရဲ့ဘယ်ဘက်ကပေါ်တဲ့ အလှူမင်္ဂလာ သွားရင်လာဘ်တိတ်ပြီး စုထားတဲ့ငွေ ပါကုန်တတ်တယ်။

ညာဘက်ကအသုဘနာရေးကားသွားတာမြင်ရင်လာဘ်တိတ်တယ်။ဘယ်ကသွားတာမြင်ရင်ငွေဝင်တတ်တယ်။

ကိုယ့်အိမ်ကိုယ့်ဆိုင်ကိုကားဝင်တိုက်ရင်တိုက်တဲ့လူကိုတောင်းပန်ခိုင်းပါ။အတိုက်ခံရတဲ့နေရာကိုလည်းအသစ်ပြုပြင်ခိုင်းပါ။လုပ်မပေးရင်ဝင်တိုက်တဲ့ကားခေါင်းကိုအိမ်ကရေအိုးထဲမှရေကိုခပ်ပြီးနင့်ဒဏ်နင်ခံပြောပြီးလက်ပြန်သုံးခါပက်လိုက်ရင်အဲ့လူမွဲပြာကျသွားလိမ့်မယ်။

အိမ်ပူအိမ်ဆူနေရင်မနက်တကြိမ်၊ညတစ်ကြိမ် သောက်တော်ရေ ၅ ခွက် အိမ်ဘုရားမှာသီးသန့်ကပ်လှူ၍ဆုတောင်းပေးပါ။

လမ်းဦးတိုက်လှေဦးတိုက်အိမ်ဖြစ်ခဲ့ရင်ကြည့်မှန်တစ်ချပ်အိမ်ရှေ့ကပ်ထားပါ။

စားသောက်တဲ့ပန်းကန်ခွက်ယောက်တွေကိုမတီးရ။ထမင်းငတ်တတ်တယ်။

ဘုရားခန်းရှေ့၊ အိမ်ဦးခန်းမှာလင်မယားအတူတူညစ်ညမ်းဇာတ်ကားေတွမကြည့်ရ။စီးပွားပျက်ပြီးမွဲတေသွားလိမ့်မယ်။ကြည့်ချင်ရင်အိပ်တဲ့အခန်းထဲကြည့်ကြပါ။

ကိုယ်အိမ်ကိုကိုယ့်မလာစေချင်တဲ့သူရှိရင် တံမြက်စည်းနှစ်ချောင်းကိုအဖျားချင်းတီးခတ်ပြီးမလာစေနဲ့လို့ပါးစပ်ကပြောပါ။

ကိုယ့်အိမ်ခေါင်းရင်းဘက်မှာရန်ဖြစ်ရင် လာဘ်တိတ်တတ်လို့ မိမိအိမ် ခြေရင်းဘက်ကို ခြေထောက်နဲ့ကန်ကြောက်အိုးခွက်ပန်းကန်တွေ အသံထွက်အောင်ဆောင့်ကြီးအောင့်ကြီးပစ်ချရင် လာဘ်မတိတ်တော့ပဲငွေဝင်လာမယ်။

ခြေရင်းဘက်အိမ်ကရန်ဖြစ်သံကြားရင်DJသီချင်းဖွင့်ကငွေဝင်ထီပေါက်တတ်တယ်။

အိမ်တစ်အိမ်မှာလင်ယူ၊မယားယူချစ်သူရည်းစား ခိုးပြေးကြတာခိုးပြေးလာတာနှစ်ကြိမ်တောင်ဖြစ်တယ်အသံကြားရင်ကိုယ့်အိမ်မှာရှိတဲ့ အပျိုလူပျို မင်္ဂလာဆောင်ရတတ်တယ်။

ရေးသားသူ -သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...