မှတ်မှတ်သားသားဗေဒင်စကားများ၂

Astrology
မှတ်မှတ်သားသားဗေဒင်စကားများ၂

အင်္ကျီတွေ ဘယ်လောက်ပဲ စုတ်စုတ်၊
ပုဆိုးတွေ ဘယ်လောက်ပဲ စုတ်စုတ်၊
အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင်
ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ်
ဘယ်တော့မျှမလုပ်မိစေနဲ့ ။

မီးသွေးဝယ်မယ် ၊ ထင်းဝယ်မယ်၊
အိမ်သာသုံး တစ်ရူးဝယ်မယ် ၊
အမျိုးသမီးလစဉ်သုံး ပစ္စည်းဝယ်မယ်ဆိုရင်
မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့
စျေးဦးပေါက်ပိုက်ဆံနဲ့ ဝယ်ခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

မနက်စောစောစီးစီး ရန်ဖြစ်ခြင်း ၊
စကားများခြင်း ၊ ဆဲဆိုခြင်း ၊ အိမ်ပူအိမ်ဆူ ဖြစ်ခြင်း ၊အရက်သေစာသောက်စားခြင်းကို ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

အကြီးအကဲ ၊ လူကြီးမိဘ ၊ ဆရာသမားတို့အား
ဦးဦးဖျားဖျား ထမင်းဟင်းများကို
ဦးမချပဲ စားသောက်ခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

ဘုရား ၊တရား ၊ သံဃာ ၊ မိဘ ၊ ဆရာသမားမှားကို
မကန်တော့ပဲ အိပ်ရာဝင်ခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

ထီးစုတ် ၊ နာရီစုတ် ၊ ဖိနပ်စုတ် ၊ မီးလုံးအကျွမ်း ၊
မီးချောင်းအကျွမ်းများ ၊
စက်ပစ္စည်းအစုတ်များကို
စွန့်ပစ်ခြင်းမပြုပဲ ကာလကြာရှည်စွာ
သိမ်းထားခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကို
အိမ်ခေါင်းရင်းမှာချိတ်ခြင်း ၊ ဧည့်ခန်းမှာချိတ်ခြင်း ၊
အမြင့်မှာချိတ်ခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

ကြွက်ကိုက်ထားသော ၊ ခွေးကိုက်ထားသော
အင်္ကျီ ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

လူတွေ့တိုင်း ညီးညူသောစကား ၊
နိမိတ်မရှိ နမာမရှိသောစကား ၊
အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကို
ဘယ်တော့မျှ မလုပ်မိစေနဲ့ ။

ရေးသားသူ –သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...