အကြွေးတွေကြေချင်တယ်ဆရာရယ်
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာပိုက်ဆံဆိုတဲ့ငွေဟာ
ပေါင်းကူးတံတား တစ်စင်းရယ်ပေါ့ ။သာရေးပဲဖြစ်ဖြစ်နာရေးပဲဖြစ်ဖြစ်နေ့စဥ်နေ့တိုင်း
စား ၊ ဝတ် ၊ နေရေးအတွက်ပဲ ဖြစ်ဖြစ်သူနဲ့ကင်းလို့ မဖြစ်နိုင်ပါဘူး ။ဒီနေရာမှာ
ပြောချင်တာကငွေကြေး တန်ဖိုးနိမ့်ကျတာလည်းနိမ့်ကျတာပေါ့ ။ဒါက တစ်ပိုင်း ။
အသုံးနဲ့အဖြုန်း ကိုတော့ဂဃနဏ သိထားရမယ်လို့ထင်မြင်မိပါတယ် ။တချို့တချို့လူတွေကခေတ်နဲ့အညီ တိုးတက်လာတဲ့နည်းပညာ ဇိမ်ခံပစ္စည်းတွေကြားမှာတစ်နေထက်
တစ်နေ့ပိုလို့ ပိုလို့နစ်မွန်း လာနေတာကိုစိတ်မကောင်းဖွယ်ရာတွေ့မြင်နေရပါတယ် ။
ဆိုလိုတာကကိုယ့်ရဲ့နေ့စဥ်ကိုယ့်ရဲ့လစဥ်ဝင်ငွေဟာကိုယ့် ဖြုန်းတီးပစ်နေတဲ့ငွေနဲ့မမျှမတ ဖြစ်နေတာကိုပါ ။ဒီလို ဖြစ်နေသူတွေအဖို့တော့(ကျန်းမာရေး ကလွဲလို့)အကြွေးတွေ တနင့်တပိုးဖြစ်သွားစေတတ်ပါတယ် ။တစ်ခြား တစ်ခြားအကြောင်းအရာ တွေကြောင့်လည်းအကြွေးတွေ အများကြီးတင်သွားတာရှိတော့ ရှိတာပေါ့လေ ။
ကိုယ်ကိုတိုင်ကလည်းအကြွေးကို ကြေအောင် ဆပ်ချင်စိတ်ရှိရင်ဆပ်ရင်ကြေနိုင်တဲ့ ငွေကြေးပမာဏရှိရင်တနည်းနည်းနဲ့ကိုယ့်မှာတင်နေတဲ့ အကြွေးအနည်းနဲ့အများဆိုသလိုတဖြေးဖြေးကြေသွားစေမယ့်အကြွေးကြေယတြာ ကိုဖော်ပြ ပေးလိုက်ပါတယ် ။
ပထမဆုံး
ကြက်ဥသုံးလုံးပေါ်ကို
ဆော့ပင်(န်)နဲ့
“ဥုမ်”လို့ရေးပြီး
သင့်တော်မယ့်
ခွက်ငယ်ကလေး သုံးခွက်မှာ
ထောင်ပြီး
ထည့်ပါ ။
ခွက်ငယ်ကလေး သုံးခွက်ကိုတော့
ဘုရားကျောင်းဆောင် အောက်နားမှာ
စားပွဲခုံ တစ်လုံးပေါ်
စီတန်း တင်ပေးထားရပါမယ် ။
ပြီးရင်ကြက်ဥ သုံးလုံးပေါ်ကိုဖယောင်းတိုင်ငယ်ကလေးသုံးတိုင် နေ့စဥ်အချိန်မှန်
ထွန်းပေးရင်းလေးလေးနက်နက်ဆုတောင်းပေးပါ ။တင်ရှိ နေတဲ့အကြွေးကြေ သွားပါလိမ့်မယ် ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။