အသက်ရှည်သော မြင်းခွာ

Astrology
အသက်ရှည်သော မြင်းခွာ

နိုင်ငံခြားကားတွေမှာ မြင်းခွာ ပုံ ကို အိမ်ရှေ့ တခါးမှာချိတ်ထားတာ တွေ့ဖူး ပါလိမ့်မယ် အဲတာ အလကားချိတ်ထားခြင်းမဟုတ်ပါသိချင် အောက်မှာဖတ်ကြည့်ပါ ဇာတ်လမ်းလေးရှိတယ်

ရှေ့တုန်းကပြင်သစ်မှ မြင်းခွာလုပ်တဲ့ သူတယောက် ရှိတယ် သူက မြင်းခွာလုပ်တာ အရမ်းတော်တယ်တနေ့ညဘက်မှာ ဝတ်ရုံအနက်ဝတ်ထားတဲ့လူတယောက် က ည အတော်နက်တဲ့အချိန်မှာ သူ အိမ်တခါးကိုလာခေါက်ပြီး မြင်းခွာလုပ် ခိုင်းတယ်သူက မလုပ်ပေးနိုင်ဘူးပြန်ပြောတယ် ဝတ်ရုံအနက် နဲ့လူက လဲအရေးကြီးလို့ လုပ်ပေးပါ သူအရေးကြီးသွားစရာရှိတယ် သူမြင်းကမြင်းခွာက သုံးမရလို့ လုပ်ပေးပါလို့ပြောတယ်

ဒီလိုနဲ့ မြင်းခွာလုပ်တဲ့သူက ဘယ်လိုကျေးဇူးဆပ်မှာလဲမေးတော့ ဝတ်ရုံအနက်ဝတ်တဲ့သူက ဝတ်ရုံကို ချွတ်ပြီး ငါ သေမင်းပဲ ငါမြင်း ကိုမြင်းခွာလုပ်ပေးရင် မင်းသေဖို့ နေ့ ရောက်တဲ့နေ့ဆိုငါလာမခေါ်ဘူးနောက်အနှစ် တရာမှ ငါလာခေါ်မယ် လို့ ပြောလိုက်တယ်မင်း ဘယ်မှာနေနေ ငါမခေါ်ဘူး ဒါပေမဲ့ မင်း အိမ်ရှေ့မှာ မြင်းခွာပုံတခု တော့ချိတ် ထားလိုက် ငါနဲ့မင်း လုပ်တဲ့ အပေးအယူ အထိမ်းမှတ်တခုပေါ့ဟုပြန်ပြောလိုက်သည်

နောက်ပြီး သေမင်းဆိုသူကိုပေးလိုက်တယ် သေမင်းကလဲနူတ်ဆက် ပြန်သွားတယ် သူလဲသေမင်းပြောတဲ့အတိုင်း ဘယ်အိမ်ပြောင်းပြောင်း မြင်းခွာပုံ အိမ်ရှေ့တခါးမှ ချိတ်ထားခဲ့တယ် ဒီလိုနဲ့ အဲ လူဟာ အသက် (၁၈၀)’မှ သေဆုံးသွားခဲ့တယ် ဒါကြောင့် ပြင်သစ်မှာ ဒီလို အယူ ကိုယုံကြည် သူများက မြင်းခွာပုံကို အိမ်ရှေ့တခါးမှာ ချိတ်ထားကြတယ်

တနည်းပြောရ ရင် အသက်ရှည် အဆောင်ပေါ့
သင်တို့ လဲအိမ်ရှေ့မှာ ချိတ်ဆွဲ ထားချင်လဲ ထားပေါ့
နေအိမ်တွင် နာတာရှည် ရှိသူများ ကျမ်းမာရေး ညံနေသူများ အတွက် ချိတ်ဆွဲသင့်ပါတယ်

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...