အိမ်ပိုင်မြေပိုင် လက္ခဏာများ
1.
တနဂ်နွေဂြိုလ်ခုံမှာ အောင်မြင်ရေးလမ်းတိုပါမယ်
ထိုအောင်မြင်ရေးလမ်းတိုကို အကူထောက်လမ်း
လည်း ပါမယ် နားလည်အောင် အလွယ်ပြောရရင်
စေတီလိုမျိူးဖြစ်နေမယ်ဆိုရင်
လက္ခဏာရှင်ဟာ အိုးပိုင်အိမ်ပိုင်နဲ့နေရပါလိမ့်မယ်
လမ်းကြောင်းက ထင်ရှားအားကောင်းလာရင်
၆လအတွင်း ပိုင်ဆိုင်ရတတ်ပါတယ်
2.
အသက်လမ်းကြောင်းကနေ မျဥ်းနှစ်ကြောင်းအပြိုင်ထွက်လာပြီး ကြာသပတေးဂြိုလ်ခုံကို
ရောက်ရှိနေရင်လည်း လက္ခဏာရှင်ဟာ
အိုးအိမ်ခြံမြေကို ပိုင်ဆိုင်ရပါလိမ့်မယ်
3.
စနေဂြိုလ်ခုံအောက်မှာ ကံလမ်းကြောင်းပါရှိမယ်
ထိုကံလမ်းကြောင်းကိုလည်း အကူထောက်လမ်းကလေးပါနေမယ် စေတီလိုမျိုး ဖြစ်နေမယ်ဆိုရင်
လက္ခဏာရှင်ဟာ
အိုးပိုင်အိမ်ပိုင်ဘဝမျိုးနဲ့ကို ရရှိပါလိမ့်မယ်
လမ်းကြောင်းက အင်အားကောင်းလေလေ
ပိုမြန်လေ ကောင်းတာရလေပါပဲ
မှိန်မယ် အင်အားလည်း သိပ်မကောင်းရင်
ပိုင်ဆိုင်ဖို့ ကြာနေတတ်ပါတယ်
4.
လက်မရဲ့အောက်ခြေ သောကြာဂြိုလ်ခုံပေါ်မှာ
( တြိဂံပုံအဖြူပြထားပါတယ်)
တြိဂံပါရှိနေရင် လက္ခဏာရှင်ဟာ
အိမ် ခြံ မြေ လယ်ယာ တို့ကို
ပိုင်ဆိုင်ရရှိတတ်ပါတယ်
5.
ကြာသပတေးဂြိုလ်ခုံခေါ်
လက်ညိုးခြေရင်းမှာ လေးထောင့်ကွက်ပါရှိရင်
လက္ခဏာရှင်ဟာ အိုးအိမ်ပိုင်ဆိုင်ရပါတယ်
6.
ပုံတော့ မပြတော့ဘူး မရှာချင်တော့လို့
ဗုဒ္ဒဟူးဂြိုလ်ခုံခေါ် လက်သန်းခြေရင်းမှာ
မျဥ်းမတ်တစ်ကြောင်းပါရှိမယ်
ထိုမျဥ်းမတ်ကို အကူထောက်လမ်းလေးလည်း
ရှိနေမယ် စေတီလိုမျိုး ဖြစ်နေမယ်ဆိုရင်
လက္ခဏာရှင်ဟာ အိုးအိမ်ပိုင်ဆိုင်ရမှာပါပဲ
7.
ကြာသပတေးဂြိုလ်ခုံခေါ်
လက်ညိုးခြေရင်းမှာ ကြက်ခြေခတ်ပါမယ်
ကံလမ်းကြောင်းလည်း စနေဂြိုလ်ခုံသို့ရောက်သည်ထိ ပါရှိမယ်ဆိုရင် လက္ခဏာရှင်ဟာ
အိုးအိမ်ပိုင်ဆိုင်ရပါတယ်
(မှတ်ချက်)
အိမ်ပိုင်ဆိုင်ရတဲ့လက္ခဏာတွေ
များစွာကျန်ပါသေးတယ်
ယခုပြထားတဲ့ လက္ခဏာတွေမှာလည်း ရပုံရနည်း
ကွဲပြားပါသေးတယ်
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။