အိမ်မှာ မြဲနေစေချင်ရင်

Astrology
အိမ်မှာ မြဲနေစေချင်ရင်

လူတကိုယ်အပူတမျိုး ရှိကြမှာပါ၊ အိမ်တွင်းရေး အိမ်ထောင်ရေးမှာကြုံနေကြဖြစ်တဲ့ အပူတမျိုးအတွက် အဆင်ပြေစေမည့် ယတြာနည်းတခုကို မျှဝေပေးလိုက်ပါတယ်။

ကျွန်မယောက်ကျားကတော့အိမ်မကပ်ဘူး၊ အမြဲအပေါင်းသင်းတွေနဲ့ အချိန်ကုန်နေတယ်၊ အခြားမိန်းကလေးတယောက်နဲ့ပျော်မြူးပြီးနေတယ်၊ကျွန်မသားသမီးက အပျော်အပါးမက်တယ်ဆရာ အိမ်မှာနေတယ်ကိုမရှိဘူး၊ အပေါင်းသင်းတွေနဲ့ဘဲအချိန်ကုန်နေတယ်ဆရာ အဲ့လိုမျိုးတွေ ခနခနကြားနေရပါတယ်၊ ကိုယ့်အမျိုးသားကိုဖြစ်စေ ကိုယ့်သားသမီးကိုဖြစ်စေ ကိုယ့်အိမ်သားတဦးဦးကိုဖြစ်စေ ကိုယ့်အိမ်မှာ မြဲနေစေခြင်ရင် အဲ့ဒီနံသားရဲ့ အမြစ်နံအပင်ကို မွေးနံထောင့်မှာစိုက်ထားခြင်းဖြင့် ၎င်းနေ့သားဟာ အိမ်မှာမြဲနေပါလိမ့်မယ်။

နေ့သား မွေ့နံအရပ် အမြစ်နံအပင်
…………………………………………………………………………
၁နွေ အရှေ့မြောက်အရပ် နာနာတ်ပင်၊ထန်းပင်
၂လာ အရှေ့အရပ် အုန်းပင်
၃ဂါ အရှေ့တောင်အရပ် ကံကော်ပင်
၄ဟူး တောင်အရပ် ဇီးပင်
၅တေး အနောက်အရပ် ဝါးပင်စိုက်ပါ
၆ကြာ မြောက်အရပ် ပေါက်ပင်စိုက်ပါ
စနေ အနောက်တောင် သီးပင်စိုက်ပါ

ဥပမာ
ကိုယ့်အိမ်မှာ မနေခြင်ဘူး၊ကိုယ့်အိမ်မှာ ရှိတဲ့အိမ်ထောက်ဘက် မောင်အေးဆိုတဲ့ တနင်္ဂနွေသားဟာ အပြင်မှာ တခြားမိန်းကလေးတယောက်နဲ့ ပျော်မြူးပြီး ကိုယ့်အိမ်ကိုယ့်ယာကိုမေ့နေတယ်၊ အိမ်ကိုလဲ မပြန်တရက် ပြန်တရက်နဲ့ အိမ်ကိုမှန်မှန်ပြန်မလာဘူးဆိုရင် လွယ်ပါတယ်၊ ကိုယ့်အိမ်ရဲ့ အရှေ့မြောက်အရပ်မှာ နာနာတ်ပင်ဖြစ်စေ၊ ထန်းပင်ဖြစ်စေ၊ ရရာအပင်တခုခုကို စိုက်ထားပါ၊ မောင်အေးအိမ်မှာ မြဲသွားပါလိမ့်မယ်။

ရေးသားသူ –ဆရာဇင်မင်းထက်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...