စက်လေးလုံးအခါ
ကျွန်တော်တို့ ဗေဒင်ပညာရပ်မှာ စက်လေးလုံးအခါဆိုတာ ရှိပါတယ် ။
အဲဒီလိုစက်လေးလုံးအခါကို ဘယ်နေရာမှာ အသုံးပြုရမှာလဲဆိုတော့ အရေးပေါ်ကိစ္စ တစ်စုံတရာကြုံလာရင် အသုံးပြုရမှာပါ ။
ဘယ်လိုရက်ဆိုး ရက်ညံ့မျိုးတွေကိုမျှ ထည့်တွက်စဥ်းစား တွေးတောစရာမလိုပဲ အောက်ပါအချိန်အခါအတိုင်း မိမိတို့ပြုလုပ်ဖွယ် မင်္ဂလာကိစ္စအဝဝတွေကို ဆောင်ရွက်နိုင်ကြပါတယ် ။
တနင်္ဂနွေနေ့ နဲ့ သောကြာနေ့ဆိုပါက မွန်းတည့်၁၂း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
တနင်္လာနေ့ နဲ့ ဗုဒ္ဓဟူးနေ့ဆိုပါကနံနက်၉း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
အင်္ဂါနေ့ နဲ့ ကြာသပတေးနေ့ဆိုပါကမွန်းလွဲ၃း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့ဆိုပါက နေထွက်ချိန်/နေဝင်ချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
ရက်ဆိုးရက်ညံ့များ(၁)
{သမားဖြူရက်}
***************
ကျွန်တော်တို့ မြန်မာမှု ဗေဒင်ပညာရပ်မှာ”#သမားဖြူရက်” ရွေးချယ်တွက်ချက်နည်း ဆိုတာရှိပါတယ် ။
ဘယ် မြန်မာလမှာမဆို (သမားဖြူရက်)လဆန်း ၊ လပြည့်ကျော်သတ်မှတ်ရက်အသီးသီးနဲ့ တိုက်ဆိုင်နေရင် မလုပ်သင့်ပါဘူး ။
တကယ်လို့ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့အခက်အခဲတွေ ကြုံရတတ်ပါတယ် ။ ဥပမာ…ပညာ စတင်သင်ကြားမိပါက ပညာရေးကံညံ့သွားတတ်ခြင်း ၊ အရောင်းအဝယ်လုပ်မိပါက အမြတ်နည်းပြီး အရှုံးပေါ်တတ်ခြင်း ၊ ထိမ်းမြားမင်္ဂလာ ပြုလုပ်မိပါက မုဆိုးမ ဖြစ်သွားတတ်ခြင်း ၊နေအိမ်တိုက်တာ အဆောက်အဦး ဆောက်လုပ်မိပါက မီးလောင် ဆုံးရှုံးသွားတတ်ခြင်း…စတာတွေရင်ဆိုင် ကြုံတွေ့ ရတတ်ပါတယ် ။
ကဲ…ကျွန်တော်တို့လေ့လာကြည့်ကြရအောင်!!
ဘယ်မြန်မာလမှာမဆို,,,
တနင်္ဂနေနေ့လဆန်းလပြည့်ကျော်(၁၊၂)ရက်။
တနင်္လာနေ့လဆန်းလပြည့်ကျော်(၆)ရက်။
အင်္ဂါနေ့လဆန်းလပြည့်ကျော်(၆)ရက်။
ဗုဒ္ဓဟူးနေ့လဆန်းလပြည့်ကျော်(၅)ရက်။
ကြာသပတေးနေ့လဆန်းလပြည့်ကျော်(၃၊၄၊၆)ရက်။
သောကြာနေ့လဆန်းလပြည့်ကျော်(၃၊၇)ရက်။
စနေနေ့လဆန်းလပြည့်ကျော်(၁)ရက်။
ဤကားရှေးဟောင်းဗေဒင်ကျမ်းအလိုတည်း။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။