နယုန်လအတွက် အကောင်းဆုံးယတြာ

Astrology
နယုန်လအတွက် အကောင်းဆုံးယတြာ

နယုန်လဆန်း(၁)ရက်နေ့ (7.6.2024) မှ နယုန်လကွယ်(5.7.2024)အထိ တစ်လတာလုံး

” မြေအိုး၊အောင်အိုး၊ငွေအိုး၊ကြေးအိုး အဆင်ပြေရာ
အိုးအသေးတစ်လုံးထဲတွင် ရေသန့်အပြည့်နီးပါး
ထည့်၍ #သပြေညွန့်အသန့်များ ကို ထိုအိုးထဲတွင်
စိုက်ထည့်လိုက်ရပါမည်။ထို့နောက် မြေအိုး၏
အပြင်မျက်နှာပြင် တစ်ဝိုက်ပေါ်တွင် ဆော့ပင်ဖြင့်
ငွေဝင်စေ ဟူ၍ သေချာရေးပေးလိုက်ပါ။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် #‌သရက်သီးမှည့်တစ်ပန်းကန်
ကို နံနက်(၉)နာရီ မှ နေ့လည်(၁၁)နာရီ အတွင်း၌သာ
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များ ကောင်းကျိုးများစွာကိုရရှိခံစား‌နေရမည်ဖြစ်သည်။

ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ကြပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ဣတိပိသောဘဂဝါသတ္ထာဒေဝမနုဿာနံ=၂၁ခေါက်

နယုန်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်ရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုနယုန်လတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းဝေးရလျက်ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ယတြာလုပ်ဆောင်ရာ၌ အသုံးပြုရမည့်
သပြေညွန့်များကို အညွန့်အရေအတွက်
သက်မှတ် ထားခြင်းမရှိပါခင်ဗျ။
မိမိဆန္ဒအရေအတွက်ဖြင့် သပြေညွန့်များ
လှူဒါန်း နိုင်ပါတယ် ခင်ဗျ….။

ယတြာပြုလုပ်ပြီးသား အိုးကို အသစ်တစ်ဖန်
မလဲရပါ။ယခင်အသုံးပြုထားသော အိုးသေးနှင့်
သာ ယတြာလုပ်ဆောင်နိုင်ပါတယ်။

ဤယတြာအစီအရင်ကို နှစ်ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေး နှင့်
တိကျစွာပြန်လည်၍ ပြုလုပ်ပေး နေခြင်းဖြင့်
နယုန်လအတွင်း ကံကောင်းခြင်းများ
ရယူပိုင်ဆိုင်လိုက်ပါ မိတ်ဆွေ။

ဤယတြာကို ယခုနယုန်လ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု နယုန်လတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍ စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...