မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင် အဓိဌာန်ဝင်နည်း

Astrology Religion
မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင် အဓိဌာန်ဝင်နည်း

အဓိဌာန်ဆိုတာ မဝင်တတ်က”ပလိုင်းပေါက်နှင့်ဖားကောက်” နေသလိုဖြစ်ကာ ဝင်တာဝင်ပြီး အကျိုးမထူးဖြစ်တတ်၏။ ကိုယ်ဝင်လိုက်သည့် အဓိဌာန်ဟာ ကိုယ်၏ ခန္ဓာကိုယ်မှာ တည်တံ့အောင် ခန္ဓာကိုယ်မှာ ပြန်ချုပ်ဖို့ လို၏။ ရိုးရိုးချုပ်လို့မရပေ…သစ္စာနှင့်ချုပ်ရာ၏။

အဓိဌာန်ဝင်တော့မည်ဆိုရင်

ဂိုဏ်းဝင်ထားသောသူမဟုတ်ပါက
အဓိဌာန်ဝင်တဲ့အတောတွင်းမှာ အရက်လုံးဝလုံးဝမသောက်ရပါ၊ ကာမပိုင်ရှိ၊ ပိုင်ရှင်ရှိသူ ကိုပြစ်မှား၊ စော်ကားမှုမပြုရ၊ (အမဲသား၊ကျွဲသား၊ ဝက်သား) ရှောင်ကာကောင်း၏။ မရှောင်လည်းရပါ၏။

၁။ ငါးပါးသီလကို တောင်းခံပါ၊တည်ဆောက်ပါ။

၂။ ရုပ်နာမ်(၂)ပါး၊
ခန္ဓာ(၅)ပါးကို မြတ်စွာဘုရားအား လှူပါ။

၃။ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပါ။

၄။ မေတ္တာဘာဝနာ စီးဖြန်းပါ။
မေတ္တာ ပို့ပါ။ မေတ္တာဓာတ် ပြန်ခံယူပါ။

၅။ သစ္စာဆိုပြီး
သစ္စာအဓိဌာန်ဖြင့် အလုပ်လုပ်ပါ။

#သစ္စာဆိုပုံ –

“ကျတော်/ကျမ သည် ဤနေ့၊ ဤချိန်မှ စပြီး (ဥပမာ) – သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စ္စာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ ခွင့်ပြုပေးတော်မူပါ အရှင်မြတ်ဘုရား။ ဤကျတော်နေထိုင်ရာ နေရာမှာရှိကျသော အစောင့်ရှောင်နှင့်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အသိပေးပန်ကြားအပ်ပါ၏။ ခွင့်ပြုပေးကာ မည်သည့်အနှောက်ယှက်မှ မရှိရလေအောင် ကူညီပေးတော်မူကျပါကုန်လော့” ဟု သစ္စာဆိုကာ အဓိဌာန်စဝင်ပါ။ ပုတီးစိပ်နေတဲ့အချိန်မှာ အတွေးပေါင်းစုံက ဝင်နေမှာပဲ၊ ဒါပေမဲ့တစ်လုံးထိ၊ တစ်လုံးသိ အသိနဲ့စိပ်ပါ။ နောက်မှာပေါ်သည်များနောက်ကိုမလိုက်ပါနှင့်။ အသိနှင့်သတိကပ်ပြီးစိပ်ပါ။အဓိဌာန်ပြီးက ကိုယ်ပြုတဲ့ ကုသိုလ်အဖို့ဖို့အား ပြန်အမျှဝေပါ။

၆။ အဓိဌာန်နောက်ဆုံးရက်မှာ ဤကဲ့သို့
သစ္စာဖြင့် ခန္ဓာကိုယ်မှာ ပြန်ချုပ်ပါလေ။

“ကျတော်၊ ကျမ သည် (ဘယ်နေ့၊ ဘယ်နေ့မှစပြီး ဤကနေ့ထိ) (ဥပမာ) – သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စ္စာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ကျတော်၊ကျမ၏ မှန်ကန်သောသစ္စာစကားကြောင့် ဤ သရဏဂုံ (၃)ပါး၏ တန်‌ခိုးတော်၊ ဟိတ်တော်များ ကျတော်၊ကျမ၏ ခန္ဓာကိုယ်မှာ ကိန်းအောင်းပြီး (လိုရာဆုတောင်း) ပြည့်ရပါလို၏။” ဟု ခန္ဓာကိုယ်မှာပြန်ချုပ်ပါလေ……

မှတ်ချက် ဤအဓိဌာန်ဝင်ပုံဝင်နည်းအား ဆရာလေ့လာပြီး ဖတ်ရှူထားသောအရာများနှင့် ဆရာများမှပြောပြထားသောနည်းအား ပြန်လည်မျှဝေခြင်းဖြစ်၏။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ…..

Credit to writer

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...