လဆန်းလပြည့်ကျော်သတိနော်

Astrology
လဆန်းလပြည့်ကျော်သတိနော်

ကျွန်တော်တို့ မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် အယူအဆတစ်ခုမှာ မြန်မာလတွေရဲ့ လဆန်းရက်ပဲဖြစ်ဖြစ် ၊ လပြည့်ကျော်ရက်ပဲ ဖြစ်ဖြစ်မလုပ်သင့်တဲ့ အလုပ်မျိုးတွေ ရှိပါတယ် ။

ဗဟုသုတအနေနဲ့မျှဝေပေးရမယ်ဆိုရင်…
ဘယ်မြန်မာလမဆို…
လဆန်း(၂)ရက်နေ့မှာ သစ်ပင်မခုတ်သင့်ပါဘူး ။
လဆန်း(၄)ရက်နေ့မှာ တောင်တက်ခရီးမသွားသင့်ပါဘူး ။
လဆန်း(၈)ရက်နေ့မှာ သစ်ပင်မစိုက်သင့်ပါဘူး ။
လဆန်း(၁၀)ရက်နေ့မှာ အပျော်ခရီးမသွားသင့်ပါဘူး ။ ရေလမ်းခရီး မသွားကောင်းပါဘူး ။
လဆန်း(၁၂)ရက်နေ့မှာ ကာမ မကြူးအပ်ပါဘူး ။
လဆန်း(၁၄)ရက်မှာ ဘာပဲလုပ်လုပ်သတိတရားနဲ့လုပ်ပါ ။ မင်္ဂလာကိစ္စ မပြုလုပ်ကောင်းပါ ။

ဘယ်မြန်မာလမဆို…

လပြည့်ကျော်(၃)ရက်မှာ အရောင်းအဝယ်ကတိ သတိပြုသင့်ပါတယ် ။ လယ်ယာစိုက်ပျိုးခြင်းနဲ့ ရိတ်သိမ်းခြင်း မလုပ်သင့်ပါဘူး ။

လပြည့်ကျော်(၇)ရက်မှာ အထက်မင်းအကြီးအကဲတွေဆီကို အဝင် ၊ အထွက် ၊ အပေး ၊ အယူကိစ္စတွေ မပြုလုပ်သင့်ပါဘူး ။

လပြည့်ကျော်(၉)ရက်မှာ မြေတွင်း ၊ မြေကျင်းတူးဆွတဲ့ အလုပ်မျိုးတွေ မလုပ်သင့်ပါဘူး ။
လပြည့်ကျော်(၁၃)ရက်မှာ ဘာပဲလုပ်လုပ် သတိတရားနဲ့ လုပ်ပါ ။ မင်္ဂလာကိစ္စ မပြုလုပ်ကောင်းပါဘူး ။

ဤကားဗေဒင်ကျမ်းအလိုတည်း။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...