“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

Astrology
“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

အိမ်ထောင်မပြုရသေးတဲ့
သူတွေအတွက်
လင် ကံကောင်းမလား ၊
မယား ကံကောင်းမလား ၊
သိချင်ကြတာ
သူသူ ကိုယ်ကိုယ်ရယ်ပါ ။
ဒါကြောင့်
မဟာဘုတ် အကြွင်းအလိုက်
အိမ်ထောင်ရေးကံကို
ပြောပြပေးပါမယ် ။

#၁ကြွင်း-ကျား
*****************

ထက်မြက်သောမယား ၊
ပိုက်ဆံရှာနိုင်သော
မိန်းမရပါမယ် ။

မိမိက
ဘင်္ဂ ၊ မရဏ ၊ ပုတိဖွားဖြစ်က
မယားက
နိုင်စားတတ်ပါတယ် ။

#၁ကြွင်း-မ
****************

ချမ်းသာသူ၊
စိတ်ထား
မြင့်မြတ်သူနှင့်ရမယ် ။
ကြင်နာတတ်သူ ဖြစ်ပါတယ် ။

#၂ကြွင်း-ကျား
******************

မိမိထက်
အနဲဆုံး သုံးနှစ်ကြီးသူနဲ့
အိမ်ထောင်ပြုမှ
မြဲပါမယ် ။
ငယ်သူ ရွယ်တူများနဲ့
မမြဲနိုင်ပါ ။
မြဲနေသော်
အိမ်ထောင်ရေး
မသာယာတတ်ပါ ။

#၂ကြွင်း-မ
*****************

ခင်ပွန်းအတွက်
စိတ်ဆင်းရဲ ရတတ်ပါတယ် ။
အိမ်ထောင်ဖက်အကျိုး
မခံစားရတတ်ပါ။
အိမ်ထောင်ဆက်
များတတ်ပါတယ် ။

#၃ကြွင်း-ကျား
******************

အိမ်ထောင်ဘက် သော်လည်းကောင်း
မိမိ သော်လည်းကောင်း
ကျန်းမာရေး
ချူချာတတ်ပါတယ် ။

#၃ကြွင်း-မ
****************

တစ်ဦးနှင့်တစ်ဦး
သဘောထားကွဲတတ်ပါတယ်။
အိမ်ထောင်ဖက်ကြောင့်
စိတ်ညစ်ရပါမယ် ။
အမြဲစကားများ
ရန်ဖြစ်နေရတတ်ပါတယ် ။

#၄ကြွင်း-ကျား
*******************

ဘာသာရေးလုပ်သူ
မိန်းမနှင့်ရပါမယ် ။
အိမ်ထောင်ဘက်
အနေအေးပါမယ် ။
စုဆောင်းတတ်ပါတယ် ။

#၄ကြွင်း-မ
****************

အိမ်ထောင်ဘက်အကျိုး
ခံစားရပါမယ် ။
ပညာတတ်သူဖြစ်ပါမယ် ။
ဒါပေမယ့်
စိတ်ထားမမြင့်မြတ်ပဲ
ကွယ်ရာမှာလုပ်ချင်ရာ
လုပ်နေတတ်ပါတယ် ။

#၅ကြွင်း-ကျား
******************

အိမ်ထောင်ဘက်အကျိုး
မခံစားရပါ ။
ကွဲလိုက်ပေါင်းလိုက်
ဖြစ်နေတတ်ပါတယ် ။
ပြတ်ပြတ်စဲစဲ
မကွဲတတ်ပါ ။

#၅ကြွင်း-မ
***************

ထက်မြက်စေ့စပ်တဲ့
ယောက်ျားနဲ့ ရပါမယ် ။
အိမ်ထောင်ဆက်
များတတ်ပါတယ် ။
မောင်တစ်ထမ်း မယ်တစ်ရွက်
လုပ်ရတတ်ပါတယ် ။

#၆ကြွင်း-ကျား
*******************

အပျိုနဲ့ညားလျှင်
အိမ်ထောင်မမြဲပါ။
မြဲနေရင်စီးပွားမဖြစ်ပါ ။
မုဆိုးမ ၊ တစ်ခုလပ်နဲ့
အိမ်ထောင်ကျရင်
အိမ်ထောင်မြဲပြီး
စီးပွားရေး
အဆင်ပြေပါမယ် ။

#၆ကြွင်း-မ
****************

အသက်အနဲဆုံး
၁၀နှစ်ကြီးတဲ့
အိမ်ထောင်ဘက်နှင့်မြဲပြီး
ငယ်သူရွယ်တူများနှင့်
မမြဲတတ်ပါ ။
ဩဇာပေးတဲ့ဆရာလို
ယောက်ကျားရတတ်ပါတယ် ။

#၀ကြွင်း-ကျား

ပညာတတ်ပြီး
လူချစ်လူခင်များတဲ့
အိမ်ထောင်ဘက်ကို
ပိုင်ဆိုင်ပါမယ် ။
အိမ်ထောင်ဘက်
အကျိုးခံစားရမယ် ။

၀ကြွင်း-မ

အိမ်ထောင်ဘက်နဲ့
ရှင်ကွဲ(သို့မဟုတ်)
သေကွဲကွဲတတ်ပါတယ် ။
သေကွဲဖြစ်ရင်
အိမ်ထောင်ဘက်သေပြီးမှ
အိမ်ထောင် ထပ်ပြုဖြစ်ပါမယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...