အိမ်မက်ဆိုး မက်သူ များ အတွက် ဆားမီးအိမ်။

Astrology
အိမ်မက်ဆိုး မက်သူ များ အတွက် ဆားမီးအိမ်။

အိမ်မက်ဆိုးများ မက်ခြင်း မှ ကာကွယ် နိုင်တဲ့ နည်းလမ်း တချို့တင်ပေး ခဲ့ပါတယ်။ ဘုရားရှိခိုး တာ ကတော့ လူတိုင်း သိ ပါတယ်။ မလုပ်နိုင်သူများ အတွက် Dreamchatcher တို့ ဆားရေ ဖန်ခွက် တို့ ပြောခဲ့ပါတယ်။

အခုပြောမည့် နည်း ကတော့ ဆားမီးအိမ်လေး ကို အိမ်ယာ ဘေး မှာ တပ်ဆင်ထားဖို့ပါ။ ဆားရေဖန်ခွက် နဲ့ သဘောတရား တူပါတယ်။ သို့သော် ဒါက မီးအိမ် ဖြစ်တော့ ညဖက် မီးမှိန်မှိန်လေး ကလည်း အိပ်စက်ခြင်း ကို အားပေးပါတယ်။ ဆားရေဖန်ခွက် လို အသစ်လဲ စရာ လဲ မလိုပါ။

ပုံ တချို့ တွဲ တင်ပေးထားပါတယ် အိပ်ယာဘေး ခေါင်း အနီး မှာ ဆားမီး အိမ် ကို တပ်ဆင်ထားတာပါ။ ဟေမလီယာ ပန်းရောင် ဆား ကို လုပ်ထားတာပါ။ ဒီဇိုင်း နဲ့ ဆိုဒ် အမျိုးမျိုး ရှိပါတယ်။
မြန်မာပြည် မှာလည်း ရပါတယ်။ စျေးနှုံးတော့ မသိပါ။
တဆက်ထဲ အိမ်မက်ဆိုး ပြယ်အောင် လုပ်တဲ့ နောက်တနည်း လည်း ပြောပြ ချင်ပါတယ်။

အိမ်မက်ဆိုး မက် ခဲ့ရင် ပျော်အောင် ပြန်အိပ် ပါ။

သဘောတရား ကတော့ အိမ်မက် မက်ပြီး ပြန်အိပ်ပျော်ရင် ပထမ အိမ်မက် ပြယ်ပါ တယ်။ ဒါကြောင့် အိမ်မက် ကောင်း မက်ပြီးရင် ပြန်မအိပ်ဘူး ဆိုတာမျိုးတွေ ရှိတာပါ။
မိတ်ဆွေ အားလုံး အိမ်မက်ကောင်းများ မက်နိုင်ကြပါစေ။

credit from Myat Htay Kyi Munthe

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...