ချာလီပု”လို မျက်လုံးကမြင်တဲ့အရာတွေကို တီးလုံးအဖြစ်ဖန်တီးနိုင်တဲ့ နေထွဋ်

Celebrity Local News
ချာလီပု”လို မျက်လုံးကမြင်တဲ့အရာတွေကို တီးလုံးအဖြစ်ဖန်တီးနိုင်တဲ့ နေထွဋ်

လူငယ်မင်းသားတွေထဲမှာ ရုပ်ချောချော အဆိုကောင်းပြီး creation ရှိတဲ့မင်းသားနေထွဋ်ကတော့ အခုလည်းသူ့ရဲ့talent တစ်ခုကိုချပြလာပါတယ်။နေထွဋ်က မျက်လုံးကမြင်တဲ့အရာတွေကိုတီးလုံးအဖြစ်ပုံဖော်နိုင်တဲ့သူတစ်ယောက်ပါ။နာမည်ကြီး အင်္ဂလိပ်
အဆိုတော်ချာလီပုက မီးခလုတ်အဖွင့်အပိတ်အသံကိုတီးလုံးလုပ်သလို နေထွဋ်ကလည်းကားခါးပတ်ဖြုတ်လိုက်တဲ့အချိန် တင်း တောင် ဆိုတဲ့ မြည်တဲ့အသံကို ကားထဲမှာပဲ သီချင်းတစ်ပုဒ်လုပ်လိုက်ပါတယ်။

နေထွဋ်က သူ့ရဲ့ကားထဲမှာlaptop ကလည်းအမြဲပါနေတော့ ဒီလိုကားခါးပတ်ဖြုတ်တာလိုမျိုး ၊ကားတံခါးပိတ်တာလိုမျိုးနေ့စဉ်မြင်တွေ့နေရတဲ့အသံတွေ ကိုတီးလုံးအဖြစ်ပြန်ပုံဖော်လေ့ရှိပါတယ်။
နေထွဋ်က ကတ်ဆက်ဇာတ်လမ်းတွေပြန်ရိုက်ပြီးပရိတ်သတ်သိလာတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့သင်ယူလေ့လာမှုနဲ့ ဖန်တီးမှုတွေကတော့လူငယ်ပီသပါပေတယ်။နေထွဋ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း content တွေအမြဲဖန်တီးလေ့ရှိပြီး ပရိတ်သတ်တွေရဲ့အာရုံစိုက်မှုကိုရယူထားနိုင်ပါတယ်။

သဟုပ်ဆောင်ပညာတတ်ထားတဲ့နေထွဋ်က အဆိုပညာ အပြင်တီးလုံးဖန်တီးတာတွေ ၊ ရိုက်ကူးရေးပညာတွေကိုပါ creation လုပ်တတ်သူတစ်ယောက်ပါ။ဒါ့ကြောင့်လည်း ချီးကျူးခံရတာတွေရှိသလိုဝေဖန်ခံရတုတွေလည်းရှိပါတယ်။ဒါ့ကြောင့်နေထွဋ်အနေနဲ့ ဒီနိုင်ငံမှာဖန်တီးမှုတွေသိပ်ပြီးလုပ်ပြလို့မရဘူးလို့ထင်နေတာကလည်း ရေရေရာရာမသိဘဲအသားလွတ်ဝေဖန်တိုက်ခိုက်မှုတွေကြောင့်ပါပဲ။

နေထွဋ်ကတော့မိဘအရှိန်အဝါတွေရှိပေမယ့်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီးအနုပညာလောကမှာနေရာတစ်ခုရောက်အောင်ကြိုးစားခဲ့သူတစ်ယောက်ပါ။မင်းသားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့မဟုတ်ဘဲ သရုပ်ဆောင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးကြောင့်ပဲ နေထွဋ်ကခေါင်းဆောင်မင်းသားအပြင်တခြားသော role တွေမှာလည်းဒုတိယနေရာ ဇာတ်ပို့နေရာတွေကနေသရုပ်ဆောင်နေတုန်းပါပဲ။ဒါ့ကြောင့်လည်း ကတ်ဆက်ဇာတ်လမ်းတွေကြောင့် နာမည်ကြီးခဲ့တဲ့လူငယ်သရုပ်ဆောင်တွေထဲနေထွဋ်ကတော့ ပရိတ်သတ်ရှေ့မှာရှိနေရတုန်းပါပဲ။

နေထွဋ်က သရုပ်ဆောင်ကောင်းပြီးကြိုးစားတဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့်ပဲ မင်းသားရော ဗီလိန်ရော BL ရောစသဖြင့်ရရာအခန်းကဏ္ဍကနေအမျိုးအစားစုံအောင်
သရုပ်ဆောင်တတ်သူတစ်ယောက်ပါ။ထွားထွားကြိုင်းကြိုင်းသူ့ရဲ့ပုံစံကြီးနဲ့ ရိုက်ကူးခဲ့တဲ့ BL series လေးကလည်းပရိတ်သတ်အားပေးမှုရခဲ့ပြီး တွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသားခီရာနဲ့ပါပရိတ်သတ်ကship ခဲ့ရတဲ့အထိပါပဲ။

ကိုရီးယားမင်းသား Park Seo Joon နဲ့တူတယ်လို့အပြောခံရတဲ့မင်းသားနေထွဋ်က သီချင်းဆိုလည်းကောင်းပြီး creative ဖြစ်တာကို အဆိုတော်ကိုင်ဇာရဲ့”မနိုးပါစေနဲ့ မိုရယ်”သီချင်းပြန်ဆိုကတည်းကပရိတ်သတ်တွေကသတိထားမိခဲ့ကြပါတယ်။နေထွဋ်ရဲ့အကြိုက်ဆုံးအဆိုတော်ကတော့ မိုးထက်ဖြစ်ပြီး သူ့ရဲ့သီချင်းစာသားတွေကိုတော့ နေထွဋ်ကအတော်လေးသဘောကျပါတယ်။ဒါ့ကြောင့်လည်း မိုးထက်ရေးပေးတဲ့သီချင်းအပါအဝင်တခြားသောသီချင်းတွေလည်းဆိုသွားဖို့ရှိပြီး mini album လောက်တော့ ထွက်ဖြစ်ဦးမှာပါ။

လက်ရှိမှာလည်း နေထွဋ်ကသူဝါသနာပါတဲ့အနုပညာအလုပ်တွေလုပ်ခွင့်ရနေလို့ သူ့ဘဝကိုသူကျေနပ်နေပါတယ်။ကတ်ဆက်ဇာတ်လမ်းတွေရိုက်ပြီးတဲ့နောက်နေထွဋ်ကဇာတ်လမ်းတွဲတွေထဲပါခဲ့ပြီးအခုဆိုရင် ရုပ်ရှင်ကားကြီးတွေပါရိုက်နေရပါပြီ။ဒါ့အပြင်တစ်ဖက်မှာလည်း သူဝါသနာပါရာသီချင်းဆိုတာတွေလည်းလုပ်နေပြီး content တွေလည်းဖန်တီးနေပါတယ်။မျက်လုံးရှေ့မြင်ရတဲ့အရာတွေကို တီးလုံးအဖြစ်ပြန်ပုံဖော်တာတွေ၊ နာမည်ကြီးအဆိုတော်တွေရဲ့သံစဉ်တွေကို ကိုယ့်ပုံစံနဲ့ပြန်တီးပြတာတွေကတေ့ ကိုယ့်စိတ်ထဲရှိတဲ့အရာတွေကိုလုပ်ပြတာဖြစ်တယ်ဆိုပေမယ့်လည်း ဒီcontent တွေက နေထွဋ်ကိုချီးကျူးချင်စရာကောင်းစေသလို ဝေဖန်ကြဖို့လည်းဖြစ်လာပါတယ်။

နေထွဋ်ရဲ့သူ့စိတ်နဲ့သူ့ကိုယ်ဖန်တီးမှူတွေထဲမှာ မကြာသေးခင်ကလဲ ဓာတ်ပုံpose တစ်ခုကဝေဖန်စရာဖြစ်ခဲ့ပါသေးတယ်။photo Studio အသေးစားလေးလုပ်ထားတဲ့နေထွဋ်က သူ့စိတ်ထဲရှိတဲ့အတိုင်း ဘောင်းဘီထဲလက်နှိုက်နေတဲ့စတိုင်မျိုးလုပ်လိုက်တဲ့အခါမှာ ဒီစတိုင်က နာမည်ကြီးk pop အဆိုတော်Jung kook ရဲ့စတိုင်ကိုအတုခိုးတယ်ဆိုကာဝေဖန်ခံခဲ့ရပါသေးတယ်။

အမြဲတမ်းဖန်တီးမှုတွေချပြတတ်တဲ့ မင်းသားနေထွဋ်ကတော့ ဒါတွေကြောင့်ပဲဝေဖန်မှုတွေနဲ့အသားကျနေသူတစ်ယောက်ဖြစ်နေပါတယ်။တစ်ဖက်ကကြည့်ရင်တော့ နေထွဋ်ကမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ကောင်းတဲ့အပြင် တခြားသောmulti talent တွေရှိနေတာကသူ့ရဲ့အားသာချက်တစ်ခုပါပဲ။လူငယ်ပီပီ အသစ်အသစ်သောအရာတွေကိုလေ့လာနေပြီး ခေတ်နဲ့အညီအနုပညာအရည်အသွေးတွေချပြနိုင်တာကတော့ နေထွဋ်ကိုမဖြစ်မနေချီးကျူးရမယ့်အချက်ပါပဲ။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...