တောထဲကနေထိုင်မှုတွေအကြောင်း ဝေမျှလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

Celebrity Local News
တောထဲကနေထိုင်မှုတွေအကြောင်း ဝေမျှလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

ပရိတ်တွေ အားလုံး ချစ်ကြတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ဟာ စစ်အာဏာမသိမ်းခင်က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးခဲ့ပြီး ငွေစက္ကူ ခုနစ်ရွက်၊ မာယာ လှည့်ကွက်၊ အခန်းနံပါတ် စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။ဇာတ်လမ်းတွဲပေါင်း (၁၀) ခု၊ လူကြိုက်များတဲ့ ကြော်ငြာ သုံးခုနဲ့အတူ ရိုက်ကူးပြီး၊ ရိုက်ကူး ဆဲ ရုပ်ရှင်ဇာတ်ကားကြီး လေးခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

မြနှင်းရည်လွင်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ရန်ကုန် လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း အထုတ်ခံခဲ့ရပါတယ်။ ဒါ ကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရင်း ပြီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိလာ ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်က “လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲ
များစွာ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်”လို့ သူမရဲ့ ယုံကြည်ချက် နဲ့ခံယူချက်ကို အခုလိုပြောပြလာတာဖြစ်ပါတယ်။မြနှင်းရည်လွင် ကိုချစ်တဲ့ ပရိတ်သတ်တွေ လည်း သရုပ်ဆောင် မြနှင်းရည်လွငကို အားပေးစကားလေးပြောသွားပေးကြပါအုန်းနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...