မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေအကုန်ဖိတ်ပြီး စည်စည်ကားကားကျင်းပချင်တဲ့ ချယ်ရီသင်း
ချယ်ရီသင်းကတော့ Fashion designတွေဘဲ သစ်လွင်တာမဟုတ်ဘဲ အချစ်ရေးတွေးခေါ်ပုံ၊ဆုံးဖြတ်ပုံတွေကစ သစ်လွင်သူတစ်ယောက်ပါ။ချယ်ရီသင်းက စကားပြောပွင့်လင်းသူတစ်ယောက်ပါ။အမြဲတမ်းပေါ့ပေါ့ပါးပါးပြောတတ်သူတစ်ယောက်ဖြစ်ပြီး အပြင်မှာတင်ပွင့်လင်းတာမဟုတ်ဘဲ အနုပညာနဲ့ ပတ်သက်ပြီး ပွဲတွေမှာလည်း ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်တာခံခဲ့ရပါသေးတယ်။
ချယ်ရီသင်းက လက်ရှိမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ထွက်ခဲ့တဲ့ သီချင်းတိုင်းဟာလည်း ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကြခဲ့တာလည်းဖြစ်ပါတယ်။အရင်က ပရိတ်သတ်ရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့ ချယ်ရီသင်းကတော့ နောက်ပိုင်းမှာ ပေါက်က
ရတွေ ဝတ်စားဆင်ယင်ခဲ့တာကြောင့် ပရိတ်သတ်ကြည့်မရဖြစ်နေရတာလည်းဖြစ်ပါတယ်။
ပရိတ်သတ်ေတွဝေဖန်တာရှိနေပေမယ့်လည်း ဂရုမစိုက်ဘဲ နဂိုအတိုင်း နေထိုင်နေဆဲပါဘဲ။ချယ်ရီသင်းကတော့ Fashion design တွေဝတ်ဆင်တဲ့ နေရာမှာဘဲ သစ်လွင်တာမဟုတ်ဘဲ အချစ်ရေးနဲ့ပတ်သက်ရင်လည်း အတွေးအခေါ်တွေ သစ်လွင်လို့နေပါတယ်။ချယ်ရီသင်းကတော့ ရုပ်မချောပေမယ့် ချစ်သူထားတဲ့နေရာမှာတော့ ဆရာမကြီးတစ်ယောက်ပါ။
အသက် 15/16 လောက်မှာချစ်သူစထားခဲ့ပေမယ့် အခုအချိန်ထိ အိမ်ထောင်မကျဘဲ အပျိုကြီးတစ်ယောက်အနေနဲ့ တောက်ပနေဆဲပါဘဲ။အချစ်ရေးမှာ ကျွမ်းကျင်အဆင့်ဖြစ်နေတဲ့ ချယ်ရီသင်းကတော့ အခုအချိန်ထိ အိမ်ထောင်မကျသေးပေမယ့် လိုချင်သူတွေကတော့ ဝိုင်းဝိုင်းလည်နေဆဲပါ။
single တစ်ယောက်လို့သာ ကျွေးကြော်နေပေမယ့် propose လုပ်တဲ့လူတွေကတော့ မနည်းမနော ရှိလို့နေပါတယ်။တစ်ချို့တွေဆိုရင် tattoo ထိုးပြီး အပိုင်ချုပ်ကာ အဖြေတောင်းတဲ့ လူတွေတောင်ရှိပါတယ်။ချယ်ရီသင်းကတော့ သူကြွေအောင်ဘယ်လောက်လုပ်လုပ် အချစ်ရေးကို စိတ်နှစ်ပြီး မချစ်တတ်တာကြောင့် တော်ရုံဘယ်သူကိုမှမကြွေခဲ့တာလည်းဖြစ်ပါတယ်။
အသက် 15နှစ်လောက်ကတည်းကနေ ရည်းစားစထားခဲ့ပြီး အခုအချိန်အထိ အသဲမကွဲဖူးဖူးလို့ဆိုပါတယ်။ရည်းစားေတွ အများကြီးထားဖူးခဲ့တဲ့ ချယ်ရီသင်းကတော့ အမြဲတမ်းအချစ်ခံနေရသူပါ။ စကားပြောရင်ပွင့်လင်းပြတ်သားပေမယ့် အချစ်ခံနေရတာကလည်း သူမရဲ့ ကံပါဘဲ။ထားခဲ့ဖူးတဲ့ ရည်းစားအပေါင်းသူတော်ကောင်းတွေနဲ့ အခုအချိန်အထိ အခင်အမင်မပြတ်အဆက်အသွယ်ရှိနေခဲ့ပါတယ်။
တော်ရုံRelationship တစ်ခုမှာ ချစ်နေတုန်းသာ အရူးအမူးချစ်တတ်ကြပေမယ့် ပြတ်ဆဲသွားရင် ရန်သူတွေဖြစ်သွားတတ်တာ အတွဲတိုင်းနီးပါးပါဘဲ။ချယ်ရီသင်းကတော့ အဲ့ဒီမူကို ဆန့်ကျင်ပြီး အချစ်ဟောင်းတွေကို Friend zone ထဲကိုသွင်းထားတာလည်းဖြစ်ပါတယ်။အချစ်ရေးမှာတစ်ခါမှ အသဲမကွဲခဲ့ဘူးပေမယ့် စနှိုက်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
သူများရည်းစားစနှိုက်ကျော်ချင်တဲ့ စိတ်နဲ့ တွဲခဲ့တာမဟုတ်ပေမယ့် တတိယလူဖြစ်နေခဲ့တဲ့ အခြေအ နေပါ။ချယ်ရီသင်းတွဲခဲ့တဲ့ ရည်းစားတစ်ယောက်က သူ့ကိုအရမ်းတွေချစ်ပြတတ်ပေမယ့် ဒုတိယလူရှိတာကို သိခဲ့ရတာပါ။ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ပထမလူနေရာကနေပြီး ဖြဲမယ်လုပ်ခဲ့ပေမယ့် ဟိုဘက်မိန်းကလေးနဲ့တွဲတာကြာနေခဲ့ပြီး ချယ်ရီသင်းက အရံလူဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
ချယ်ရီသင်းကတော့ သူ့ကို သစ္စာဖောက်သွားလည်း ဂရုမစိုက်တဲ့လူမျိုးဖြစ်ပြီး ဖောက်ပြန်ခံရလည်း အသဲကွဲပြီးငိုနေမယ့်အထဲမပါဘဲ မနက်မှာပြတ်ရင် ညနေမှာ ရည်းစားအသစ်နဲ့ Date နေခဲ့ပါပြီ။ချယ်ရင်းသင်းအတွက်က ချစ်ရတာလည်းလွယ်သလို Move on လုပ်ရတာနာရီပိုင်းလောက်သာကြာခဲ့တာပါ။
ချယ်ရီသင်းက သူ့အပေါ် မကောင်းခဲ့တဲ့ ရည်းစားရော၊ကောင်းခဲ့တဲ့ ရည်းစားတွေနဲ့ပါ ခင်မင်ပြီး အဆက်အသွယ်ရှိနေတုန်းပါ။အကုန်လုံးနဲ့ Facebook မှာ Friend အဖြစ်ရှိနေသေးပြီး အားတိုင်းသူတို့account ကိုသွားကြည့်လေ့ရှိတာလည်းဖြစ်ပါတယ်။အခုအချိန်မှာ တဏှာအကြည့်နဲ့သွားကြည့်တာမဟုတ်ဘဲ ချောလား၊ရုပ်ဆိုးလားလေ့လာသလို သူတို့ကောင်းမလေးတွေရဲ့အခြေအနေကို စပ်စုနေတာလည်းဖြစ်ပါတယ်။
EXရဲ့ ချစ်သူကောင်မလေးက သူ့လောက်မချောရင် ကျေနပ်တတ်တဲ့ စိတ်ထားလေးတစ်ခု ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ကိုယ်ထက်သာရင် မနာလိုဖြစ်တတ်တဲ့ စိတ်ထားတစ်ခုပိုင်ဆိုင်ထားတာကြောင့် သူတို့မိန်းမတွေ ဖြစ်သလို ဝတ်စားထားရင် အော်ငါအိမ်ထောင်မပြုဖြစ်တာကံကောင်းပါလားဆိုပြီး တွေးမိတယ်လို့ဆိုပါတယ်။
ချယ်ရီသင်းကတော့ အချစ်ရေးကို ပေါ့ပေါ့ပါးပါးဘဲ တွေးတတ်သူပါ။အခုအချိန်ထိ အိမ်ထောင်မပြု သေးတာကလည်း ကြိုက်မယ့်လူမရှိတာမဟုတ်ဘဲ အနုပညာအလုပ်တွေကို လုပ်ကိုင်ချင်သေးလို့ အပျိုကြီးတစ်ယောက်လိုနေနေတာလည်းဖြစ်ပါတယ်။သူသာလက်ထပ်ဖြစ်ရင် သူများတွေနဲ့ မတူတဲ့ မင်္ဂလာပွဲကြီးကျင်းပသွားဖို့ စဉ်းစားနေခဲ့ပါပြီ။
လက်ထပ်ပွဲကျင်းပရင် ကြိုက်ခဲ့ဖူးတဲ့ ချစ်သူဟောင်းတွေကို ဖိတ်ပြီးပွဲကို ခမ်းခမ်းနားနားကျင်းပသွားမှာပါ။အစီအစဉ်ေတွဆွဲနေခဲ့ပေမယ့်လည်း အခုအချိန်အထိတော့ ချစ်ရမယ့်လူမရှိသေးပေမယ့် သူသာလက်ထပ်ရင်တော့ အခုလိုမျိုး ထူးဆန်းတဲ့ လက်ထပ်ပွဲလေးတစ်ပွဲကျင်းပသွားမယ်ဆိုပြီး သူ့ရဲ့ အတွေးအခေါ်တွေကို ပြောပြလာခဲ့ပါတယ်။
ရေးသားသူ -One daily channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။