ဝေဖန်မှုတွေကြောင့် မြန်မာစာကိုကြိုးစားပြီးသင်နေတဲ့ ကပြားမလေး Thet San Anderson

Celebrity Local News
ဝေဖန်မှုတွေကြောင့် မြန်မာစာကိုကြိုးစားပြီးသင်နေတဲ့ ကပြားမလေး Thet San Anderson

ဗမာ-ဆွီဒင်ကပြားမလေး Thet San Anderson ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကိုတခဲနက်ရရှိထားသူပါ။ရုပ်ရည်ချောသလို၊အဘက်ဘက်ကပြည့်စုံနေတဲ့ သူမကိုပရိတ်သတ်တွေက miss universe myanmar ရဲ့ Winner ဖြစ်စေချင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ရုပ်ရည်ပိုင်းမှာလည်းပြောစရာမလိုသလို၊ကပြားမ‌ေလးတစ်‌ေယာက်ဖြစ်တာ‌ေကြာင့် E skillကကျွမ်းပြီးသားမို့ သက်စန်သာ Winner ရရင် နိုင်ငံတကာစင်မြင့်မှာ တခြားနိုင်ငံက Miss တွေနဲ့ ရင်ဘောင်တန်းနိုင်မယ်ဆိုတာယုံကြည်နေကြပါတယ်။

ပရိတ်သတ်တွေက Miss universe ရဲ့ Final result မထွက်ခင်အထိကို သက်စန်ကိုမပေးမှာစိတ်ပူခဲ့ကြပါတယ်။အရည်အချင်းရှိတဲ့ သက်စန်ကိုမပေးဘဲ လုပ်ပွဲတစ်ခုလိုမျိုး ပေးလိုက်မှာကို စိတ်ပူခဲ့ကြတာလည်းဖြစ်ပါတယ်။သက်စန်
ကတော့ အခုလိုဝိုင်းပြီး ချစ်ပေးကြတဲ့ ပရိတ်သတ်တွေများသလို သူမရဲ့ ဘာသာစကား
အားနည်းချက်ကြောင့် ဝေဖန်တိုက်ခိုက်နေတဲ့ လူတစ်စုလည်းရှိပါတယ်။

မြန်မာစကားကိုနားလည်သလို၊ပြောလည်းပြောတတ်ပေမယ့် စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ကိုမသိ‌တာမို့ တစ်ချို့စကားလုံးတွေဆိုရင် ဘာသာပြန်ရတာအဆင်မပြေတာကြောင့် English လိုညှပ်ပြောတတ်ပါတယ်။အခုလိုEnglish လိုပြောတတ်တာနဲ့ ပတ်သက်ပြီး တစ်ခြားသူတွေဝေဖန်တာထက် စီနီယာMiss တစ်ယောက်ဖြစ်တဲ့ ထက်ထက်ထွန်းရဲ့ ရည်းစားကိုလွင်မိုးက ဝေဖန်ခဲ့တာပါ။

သက်စန်ကတော့ Public speaking မှာ ဒိုင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်ထွန်းရဲ့ အမေးကို English လိုဖြေတာနဲ့ ပတ်သက်ပြီး ထက်ထက်ထွန်းရည်းစားက Status တင်လာခဲ့တာပါ။သက်စန် English လိုဖြေတာကို ထက်ထက်ထွန်း နားလည်မယ့်ပုံမပေါ်သလို English လိုမေးဖို့ကိုလည်းတော်တော်စဉ်းစားယူနေရတယ်ဆိုပြီး ပရိတ်သတ်တွေက ပြောလာခဲ့တာလည်းဖြစ်ပါတယ်။

ရည်းစားထိဓါးကြည့်ဆိုတဲ့ ထက်ထက်ထွန်းရည်းစားကတော့ ပြောဆိုနေကြတဲ့ ပရိတ်သတ်တွေက ပြန်မပြောဘဲ မြန်မာနိုင်ငံကိုလာပြိုင်ပြီး English စကားပြောကျွမ်းနေတဲ့ သက်စန်ကိုဝေဖန်ပြောဆိုခဲ့တာပါ။သူ့ရဲ့ ဝေဖန်သံတွေကြောင့် လိုင်းပေါ်မှာ ဂရတ်ထခဲ့ပြီး သက်စန်ကတော့အခုအချိန်မှာ မြန်မာစာကိုကြိုးစားသင်ယူနေခဲ့ပါပြီ။အရင်ကလည်း မြန်မာစာကို လေ့လာခဲ့ပေမယ့် အခုအချိန်မှာတော့ ကြိုးကြိုးစားစားသင်ယူနေခဲ့ပြီလည်းဖြစ်ပါတယ်။

သက်စန်ကတော့ လောလောဆယ်မှာ မြန်မာစကားမကျွမ်းပေမယ့် သူ့ရဲ့ ကြိုးစားမှုရယ် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကြောင့် 2024 Miss universe Myanmar ရဲ့ Winner ဆုရှင်ဖြစ်ခဲ့ပါပြီ။နှစ်တိုင်းလိုလိုမှာတော့ Winner ဆုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပေမယ့် အခုနှစ်ကတော့ ပရိတ်သတ်တွေနဲ့ ထပ်တူကျခဲ့ပါတယ်။

သက်စန်ကတော့ Winner ရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ပျော်ရွှင်‌ေကျနပ်ခဲ့ရသလို ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ ရခဲ့တာကြောင့် ပျော်ရွှင်မှုကတော့ အတိုင်းမသိအောင်ပါဘဲ။မြန်မာစကားကို ကျွမ်းကျင်ကျင်မပြောတတ်ပေမယ့် မပီဘဲ ဝဲတဲတဲပြောတာလေးကိုက ချစ်စရာကောင်းတယ်ဆိုပြီး အားပေးကျတဲ့ ပရိတ်သတ်တွေက အများကြီးပါဘဲ။သက်စန်ကတော့ အခုလိုမျိုး ပရိတ်သတ်တွေရဲ့ အချစ်ကိုရထားတာ အရင်ဘဝက ကောင်းမှုကုသိုလ် လုပ်ထားလို့ဖြစ်မယ်ဆိုပြီး ပရိတ်သတ်တွေ သူ့အပေါ်ထားတဲ့ အချစ်ကို ပြောပြလာခဲ့ပါတယ်။

သက်စန်ကတော့ လတ်တလောမှာတော့ Miss universe Myanmar ရဲ့ Winner ဆုရှင်ဖြစ်ခဲ့ပြီး miss universe international မှာပြိုင်ဖို့ အတွက်လည်း လိုအပ်ချက်တွေပြင်ဆင်နေသလို သူ့ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ မြန်မာစကားကိုပါ သင်ယူနေခဲ့ပါပြီ။international ပြိုင်ပွဲအတွက်အရေးကြီးပေမယ့်လည်း သူ့အတွက် ပရိတ်သတ်တွေကလည်း အရေးကြ‌ီးတာမို့ မြန်မာစကားကို အမေဖြစ်သူဆီက နေ့တိုင်းသင်ယူနေခဲ့ပါတယ်။

သက်စန်ရဲ့ အမေကတော့ နေ့တိုင်း Voice massage ပို့ပြီးလေ့ကျင့်ခိုင်းသလို၊ဘယ်လိုပြောရမယ်၊ဘယ်လိုလေ့ကျင်ရမလဲ၊ဘယ်လိုရေးရမယ်ဆိုတာကို နေ့တိုင်း‌သင်ပေးပြီး လေ့ကျင်ခိုင်းနေတာလည်းဖြစ်ပါတယ်။သက်စန်ကတော့ အခုလိုမျိုးမြန်မာစကားကို ပြောတတ်အောင် လုပ်ပေးခဲ့တဲ့ အမေဖြစ်သူကို ကျေးဇူးတင်နေခဲ့ပါတယ်။

သူ့အနေနဲ့ အခုလိုမျိုး လူချစ်လူခင်ပေါပြီး အောင်မြင်လာသလို၊စီးပွားရေးတွေ လုပ်နိုင်တာကလည်း အမေဖြစ်သူရဲ့ကျေးဇူးကြောင့်ပါဘဲ။အမေဖြစ်သူက မြန်မာစာကို စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့လို့ အခုတော့ မြန်မာနိုင်ငံမှာ ကြေညာတွေပါရိုက်ကူးနေရပြီး အောင်မြင်နေပြီလည်းဖြစ်ပါတယ်။သက်စန်ကတော့ သူ့ရဲ့ အောင်မြင်မှုတွေအတွက် အမေဖြစ်သူကိုလည်းကျေးဇူးတင်နေသလို ၊အခုလိုအောင်မြင်မှုမှာ မပါမဖြစ်ပရိတ်သတ်တွေကိုကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။

သက်စန်ကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်မပြော‌တတ်သလို၊ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ပေမယ့် သူ့ရဲ့ Fanတွေကိုတော့‌ကျေးဇူးတင်စကားအမြဲဆိုတတ်သူလည်းဖြစ်ပါတယ်။အခုအခါမှာတော့ ပရိတ်သတ်တွေ ဝေဖန်ထောက်ပြတာတွေ၊ အားပေးစကားပြောတ‌ာတွေကိုနားလည်အောင် မြန်မာစာကိုကြိုးစားကာ သင်ယူနေပြီလည်းဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...