ကလေးမရနိုင်တဲ့ သူမရဲ့ဘဝလက်ရှိအခြေအနေကို ပရိသတ်ကြီးအား ရင်ဖွင့်လာတဲ့ နန်းစန္ဒာလှထွန်း

Celebrity Local News
ကလေးမရနိုင်တဲ့ သူမရဲ့ဘဝလက်ရှိအခြေအနေကို ပရိသတ်ကြီးအား ရင်ဖွင့်လာတဲ့ နန်းစန္ဒာလှထွန်း

ပရိတ်သတ်ကြီးရေ နန်းနန်း လို့ ပရိတ်သတ်တွေကချစ်စနိုးခေါ် ကြတဲ့ မင်းသမီးလေး “နန်းစန္ဒာလှထွန်း” ကတော့ အနုပညာ လောကမှာ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် အချိန်တိုအတွင်းအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါ တယ်.. မကြာသေးခင်ကမှ ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့တဲ့ နန်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်နေ တာပဲဖြစ်ပါတယ်..

သူမဟာ အိမ်ထောင်ရေးသာယာပေမယ့် ကလေးမရနိုင်သေးတဲ့ သူမရဲ့ အားနည်းချက်အကြောင်းကို ပရိတ်သတ်ကြီးအား ရင်ဖွင့်လာပါတယ်.. နန်းနန်းက “နန်းနန်း ကလေးယူဖို့ပြင်ဆင် နေတာမို့ ရှုတင်တွေခဏနားထားပါတယ် နန်းနန်းက တစ်ခါတည်းပြီးအောင် သားလေးတစ်ယောက် သမီးလေး တစ် ယောက်လိုချင်တာပေါ့နော် သမီးလေးနှစ်ယောက်မွေးလာရင် လည်း နောက်ထပ်ခင်ပွန်းနဲ့တူတဲ့ သားလေးတစ်ယောက်တော့ ထပ်မွေးချင်သေးတယ်.. နန်းနန်းက ဟော်မုန်း level နည်းနေ သေးတာကြောင့် ရိုးရိုးယူမရတော့ အမွှာဖန်ပြွန်သန္ဓေသား ယူဖို့ ကြိုးစားနေတာပါ..

အခုလောလောဆယ်တော့ ကျန်းမာရေးကောင်းအောင်နေပြီး ဟော်မုန်းဆေးထိုးနေတာပါ .. အားလုံးကောင်းပြီဆိုမှ ယူဖြစ် မှာပါ နန်းနန်းခုလောလောဆယ် စီးပွားရေးဘက်မှာ လုပ်နေပါ တယ်.. နန်းကိုအခုချိန်ထိ ချစ်ပေးကြတဲ့ ပရိတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်… ဆိုပြီး ပြောပြသွားပါတယ်နော်.

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...