ကျော်ထူးသားဆိုပြီး ဝေဖန်ခံရတာကြောင့် နှာခေါင်းပြုပြင်ဖို့ စုံစမ်းခဲ့တဲ့ညိမ်းသော်

Celebrity Local News
ကျော်ထူးသားဆိုပြီး ဝေဖန်ခံရတာကြောင့် နှာခေါင်းပြုပြင်ဖို့ စုံစမ်းခဲ့တဲ့ညိမ်းသော်

လူငယ်မင်းသားတစ်လက်ဖြစ်သူသရုပ်ဆောင်ညိမ်းသော်က အနုပညာသမညးတစ်ယောက်ဖြစ်ပေမယ့်လည်း ပရိတ်သတ်တွေဝေဖန်တဲ့အခါမှာစိတ်ဆိုးကြောင်းပြောလာပါတယ်။ညိမ်းသော်က မင်းသားချောတစ်ဦးဖြစပေမယ့်လည်းသူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကတော့ ပရိတ်သတ်စနောက်လှောင်ပြောင်ချင်စရာဖြစ်နေပါတယ်။ညိမ်းသော်ရဲ့သေးသေးမျက်နှာပေါ်က ထင်ထင်ရှားရှားနှာခေါင်းကြီးကိုပရိတ်သတ်တွေအမြဲဝေဖန်ကြပါတယ်။ဒီအတွက်လည်း ညိမ်းသော်ကစိတ်ဒုက္ခရောက်ရပြီး ခွဲစိတ်ပြုပြင်ဖို့ထိစဉ်းစားခဲ့ပါတယ်။

အလှအပရေးရာနဲ့ပတ်သတ်ရင် ပိုက်ဆံရှိတဲ့သူတိုင်းလှခွင့်ရှိတဲ့ ဆာဂျရီခေတ်ကြီးမှာ ညိမ်းသော်ရဲ့ နှာခေါင်းကလည်းပြစ်ချက်တစ်ခုတော့မဟုတ်ပါဘူး။ဒါ့ကြောင့်ပဲ နှာခေါင်းကို ကိုရီးယားမှာသွားခွဲစိတ်ဖို့အထိစုံစမ်းခဲ့ပေမယ့် အခုတော့ညိမ်းသော်က သူ့ရဲ့နှာခေါင်းကိုဒီအတိုင်းပဲထားလိုက်တော့မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှာခေါင်းကြီးတာဆိုရင်ဦးကျော်ထူးကိုပြေးမြင်ကြတဲ့ပရိတ်သတ်တွေက ညိမ်းသော်ကိုတွေ့တဲ့အခါကျော်ထူးသားလို့စနောက်ဝေဖန်ကြပါတယ်။လူတစ်ယောက်ကိုတွေ့ရင် Body shaming အရင်လုပ်လွန်းတဲ့မြန်မာနိုင်ငံမှာ ညိမ်းသော်ကလည်းသူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ပတ်သတ်လို့ Body shaming အလုပ်ခံရတာကြောင့် စိတ်ဆိုးတယ်လို့ ပြောလာပါတယ်။ညိမ်းသော်အနေနဲ့ ရုပ်ရည်လည်းကိုရီးယားမင်းသားလေးတစ်ယောက်လို ချောမောပြေပြစ်ပြီး ခန္ဓာကိုယ်ကလည်းယောက်ျားပီသတဲ့ပုံပန်းသွင်ပြင်ရအောင် စပါယ်ရှယ်train ထားသူတစ်ယောက်ပါ။ဒီလို ပြောစရာအပြစ်အနာအဆာမရှိအောင် နေနေတဲ့ညိမ်းသော်ကို နှာခေါင်းကြီးတာနဲ့ဝေဖန်လာတဲ့အခါမှာ ပြင်ချင်စိတ်ပေါ်လာမိတယ်လို့ဆိုပါတယ်။

အခုတော့ ဒီနှာခေါင်းကြီးတဲ့အားနည်းချက်ကိုပဲ အားသာချက်တစ်ခုအဖြစ်ပြောင်းလဲပြီး နေထိုင်နေပါတယ်။နှာခေါင်းကြီးတာကပဲ ညိမ်းသော်ရဲ့ထူးခြားချက်ဆစ်ခုဖြစ်နေတာကြောင့်လည်း ဒါကိုပြင်ဖြစ်တော့မှာ မဟုတ်ပါဘူး။ဒါကလည်း အခုလိုအရွယ်တစ်ခုရောက်မှသာ ရင့်ကျက်သွားတဲ့စိတ်ကြောင့်ပါပဲ။ညိမ်းသော်က မင်းသားတစ်ယောက်ဖြစ်တာကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ပတ်သတ်ရင် ယုံကြည်ချက်ရှိအောင်နေထိုင်တတ်သူတစ်ယောက်ပါ။ဒါ့ကြောင့်လည်း သူ့ရဲ့အရှေ့ပိုင်းကိုယုံကြည်ချက်ရှိရှိပြနိုင်အောင်သေချာလေးပြုပြင်ထားပါတယ်။

ဒါ့အပြင် ညိမ်းသော်ကတစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အမျိုးသားစွမ်းဆောင်ရည်တိုးအောင် ယောက်ျားလေးအင်္ဂါအရေပြားကိုလည်းဖြတ်ထားပါတယ် မီဒီယာတွေရှေ့မှာပြောလာဖူးပါတယ်။ညိမ်းသော်က အသက်(၂၄)နှစ်လောက်မှာ သိန်း၃၀လောက်အကုန်အကျခံပြီး အရေပြားဖြတ်ခဲ့တာပါ။အဲ့ဒီအတွက်လည်း သူ့ကိုယ်သူအတော်လေးယုံကြည်မှုရှိနေပါတယ်။အလှအပကြိုက်တဲ့သရုပ်ဆောင်ညိမ်းသော်က သူ့ရဲ့တစ်ကိုယ်လုံးကို ပြောစရာမရှိအောင်ပြုပြင်နေထိုင်တဲ့သူတစ်ယောက်ပါ။ဒါ့ကြောင့်လည်း မိန်းကလေးပရိတ်သတ်တွေအတော်များများအားပေးရတဲ့မင်းသားတစ်ယောက်ဖြစ်နေပါတယ်။

ညိမ်းသော်ရဲ့သရုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီးဝေဖန်မှုတွေသိပ်မရှိခဲ့ပေမယ့် တကူးတကချီးကျူးခံခဲ့ရတာမျိုးလည်းမရှိသေးပါဘူး။သို့ပေမယ့် ညိမ်းသော်ရဲ့ဆနပုံထိုင်ပုံနဲ့ ပတ်သတ်ပြီး ပြောစရာတွေတော့ရှိထားပါတယ်။

မကြာသေးခင်ကလည်း ညိမ်းသော် ညအိပ်ဝတ်စုံနဲ့ ကျီစားသလားသီချင်းကိုတစ်တော့ဆော့တဲ့အခါမှာလည်း လှောင်ပြောင်ခံခဲ့ရပါသေးတယ်။ညိမ်းသော်ရဲ့အနေအထိုင်မဆင်ခြင်ဘဲ ကလိုက်တဲ့ဒီဗီဒီယိုကို လူပေါင်းများစွာကဝေဖန်ခဲ့ပြီး Reaction Video တွေပါအလုပ်ခံခဲ့ရပါသေးတယ်။အိမ်မှာနေရင်း ညအိပ်ဘောင်းဘီတစ်ထည်ထဲနဲ့ လှုပ်ခါကနေတဲ့ညိမ်းသော်ရဲ့ဗီဒီယိုက ကြည့်ရှုသူတွေကိုအမြင်မတော်ဖြစ်စေခဲ့ပြီးပြောစရာဖြစ်ခဲ့ပါတယ်။

အတွင်းခံမဝတ်ဘဲ ကလိုက်တဲ့ညိမ်းသော်ကို ပရိတ်သတ်တွေတင်မက အနုပညာအသိုင်းအဝိုင်းကလူတွေကပါစနောက်ကျီစယ်လာခဲ့တာ သတိထားမိမှာပါ။ဒီကိစ္စအတွက်လည်ရ ငြိမ်းသော်ကိုယ်တိုင်ရှက်နေခဲ့ပြီး ပရိတ်သတ်ကိုပြန်တောင်းပန်ခဲ့ရပါတယ်။ ဒီလိုတလွဲတွေ လုပ်တတ်ပေမယ့်လည်း ပြုံးပြုံးလေးနဲ့ချစ်ဖို့ကောင်းတဲ့ညိမ်းသော်ကို မိန်းကလေးပရိတ်သတ်တွေတင်မက အဖွားကြီးတွေကပါသဘောကျကျပါတယ်။ညိမ်းသော်ရဲ့အချစ်ရေးကတော့ လက်ရှိအချိန်အထိတည်ငြိမ်နေပြီး ပရိတ်သတ်troll တာကိုခံနေရတုန်းပါပဲ။

ဒါ့ကြောင့်ပဲ တစ်ယောက်ထဲခရီးတွေပတ်ထွက်နေတတ်ပါတယ်။မကြာခင်က ညိမ်းသော်ရဲ့ဒူဘိုင်းအလည်သွားနေတဲ့ပုံတွေတက်လာခဲ့ပြီး ဒူဘိုင်းနိုင်ငံသားဝတ်စုံနဲ့ ညိမ်းသော်ကအတော်လေးကြည့်ရကောင်းနေခဲ့ပါတယ်။ဒူဘိုင်းမှာ မြန်မာငွေနဲ့ဆိုရင် တစ်သိန်းကျော်တန်တဲ့ ရွှေကော်ဖီကိုသောက်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်းရွှေကော်ဖီရောင်းရင်ကောင်းမယ်ဆိုကာ သူ့ရဲ့လူနေမှုအတင့်အတန်းတစ်ခုကိုကြွားဝါလာခဲ့ပါသေးတယ်။ခရီးတွေထွက်ရင်ညိမ်းသော်ကိုအတော်များများက ကိုရီးယားလို့ထင်ကြပြီး ငြိမ်းသော်ကိုယ်တိုင်ကလည်းဒီလိုအထင်ခံရတာကိုအတော်လေးသဘောကျနေခဲ့ပါတယ်။

ရေးသားသူ –One daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...