ခြေ လက်အင်္ဂါမပါတာကြောင့် ကလေးကိုခိုင်နှင်းဝေဆီလာစွန့်ပစ်ခဲ့ကြတဲ့ မိဘနှစ်ပါး

Celebrity Local News
ခြေ လက်အင်္ဂါမပါတာကြောင့် ကလေးကိုခိုင်နှင်းဝေဆီလာစွန့်ပစ်ခဲ့ကြတဲ့ မိဘနှစ်ပါး

ခိုင်နှင်းဝေဆီမှာ တနေ့ကိုကလေးအယောက်၁၀ယောက်ထက်မနည်းရောက်လာချိန်မှာ ကံမကောင်းရှာတဲ့သားလေးဖိုးကံကောင်းကိုလည်း မိဘတွေကမကျွေးမမွေးနိုင်လို့ဆိုကာစွန့်ပစ်လာခဲ့ပါတယ်။မိစုံဖစုံရှိပေမယ့်ခြေ၊လက် အင်္ဂါ မစုံတဲ့ကလေးလေးကိုမိဘတွေကိုယ်တိုင်ကပြုစုစောင့်ရှောက်ဖို့ မလွယ်တာကြောင့်ပဲ ခိုင်နှင်းဝေလက်ထဲအပ်ခဲ့ပြီး ခိုင်နှင်းဝေကတော့ဒီကလေးရဲ့ဘဝရှေ့ရေးကိုပါကြိုတွေးစဉ်းစားပြီး ကောင်းကောင်းမွန်မွန်ရှင်သန်စေမယ်ဆိုတဲ့စိတ်နဲ့ ခေါ်ယူမွေးစားပေးလိုက်ပါတယ်။

ဖိုးကံကောင်းလေးကမွေးရာပါခြေလက်င်္အဂါအားလုံးမစုံတဲ့ကလေးဖြစ်တာကြောင့်ပဲမိဘကိုယ်တိုင်ကအချိန်မပေးနိုင်တော့လို့ဆိုကာရရာနည်းနဲ့စွန့်ပစ်ဖို့ကြိုးစားပေမယ့်ခိုင်နှင်းဝေကတော့ မြင်မြင်ချင်းမှာပဲဒီကလေးကိုချစ်နေပါတယ်။ဖိုးကံကောင်းလေးကဘဝပေးကုသိုလ်ကံအကြောင်းမလှလို့သာ ဒုက္ခိတလေးဖြစ်နေရပေမယ်ါချစ်မွှေးပါတဲ့ကလေးတစ်ယောက်ပါ။အားနည်းချက်တွေရှိတာကြောင့်ပဲ ဒီကလေးလေးရဲ့မျက်ဝန်းတွေက အားငယ်နေတဲ့ပုံစံလေးကြောင့်လည်း ခိုင်နှင်းဝေကသနားနေရပါတယ်။အသားဖွေးဖွေးလေးနဲ့ချစ်ဖို့ကောင်းတဲ့ဖိုးကံကောင်းလေးက သောကြာသားလေးဖြစ်ပေမယ့်အနေအေးတဲ့ကလေးတစ်ယောက်ပါ။

မိဘတွေကတော့ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကို ဒုက္ခိတဖြစ်တာကြောင့် အချိန်မပေးနိုင်လို့စွန့်ပစ်ချင်ပြီး ဒီကလေးရှေ့ကကလေး(၃)ယောက်ကိုသာကျွေးမွေးသွားဖို့ဆန္ဒရှိကြပါတယ်။ဒါ့ကြောင့်“မမွေးလည်းမမွေးတော့ဘူး။မွေးလိုမဖြစ်လို့ပေးတာ။
သူ့အတွက်ကလေးစရိတ်တွေပဲကြည့် ကျွန်တော်တို့အတွက်အဆင်မပြေဘူး။ဒီကလေးကိုလည်းကျွန်တော်တို့အချိန်မပေးနိုင်ဘူး။မခိုင်နှင်းဝေမှလာမခေါ်ရင်လည်း ဒီကလေးကိုဘေးလူပေးရင်ပေး မပေးရင်စွန့်ရတော့မှာ”ဆိုရက်စက်စွာပြောလာပါတယ်။

မိဘတွေအနေနဲ့ ကလေးကဒုက္ခိတလေးဖုစ်နေတာကြောင့် မမွေးချင်တာသိသာနေပြီးခိုင်နှင်းဝေမှာမယူရင်တခြားသောလူတွေလက်ထဲလည်းထည့်ပေးနိုင်ပါတယ်။နောက်ဆူံးမှာ ကလေးကိုလမ်းဘေးလည်းမစွန့်ပစ်ချင်တာကြောင့်ခိုင်နှင်းဝေဆီပေးရတယ်ဆိုပေမယ့် ခိုင်နှင်းဝေကသာ ဒီကလေးကိူမမွေးစားဘူးဆိုရင်မိဘတွေကဒီကလေးကိူလမ်းဘေးမှာစွန့်ပစ်မှာအသေအချာပါပဲ။သူတို့အနေနဲ့ကလေးခြေလက်မပါတာကပဲ စွန့်ပစ်ဖို့အကြောင်းပြချက်ဖြစ်ပြီးဘယ်လိုနည်းနဲ့ဖြစ်ဖြစ်စွန့်ပစ်ဖို့သာဆုံးဖြတ်ထားသူတွေပါ။

ခိုင်နှင်းဝေကတော့ ဒီကလေးကိုသနားတဲ့စိတ်နဲ့ပဲမွေးဖို့ဆုံးဖြတ်လိုက်ပြီး ကလေးရဲ့ချို့ယွင်းချက်ဆွေအတွလည်း မိဘရင်းတွေလိုစိူးရိမ်ပူပန်မနေဘဲ ကြီးလာရင်ခြေတုလက်တုတွေနဲ့အဆင်ပြေအောင်လုပ်ပေးသွားဖိူ့ရှိပါတယ်။စက်ပစ္စည်းတွေခေတ်မီတိုးတက်လာတာကြောင့်လည်း ဖိုးကံကောင်းလေးရဲ့မသန်စွမ်းမှုတွေကို မသန်ပေမယ့်စွမ်းနိုင်အောင်မေမေခိုင်နှင်းဝေကလုပ်ပေးသွားမှာပါ။

ခိုင်နှင်းဝေကတော့ ဒီကလေးကိုလာယူရမယ်ဆိုတဲ့အချိန်မှာငတည်းကထူးထူးခြားခြားရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။ဒါ့ကြောင့်မလာခင်ကထဲကအိမ်မက်တွေလည်းကြိုမက်ခဲ့ပါသေးတယ်။ခိုင်နှင်းဝေကမြန်မာပြည်အနှံ့ကကလေးတွေကို သွားရောက်ခေါ်ယူခဲ့ပေမယ့် ဒီိလိုရင်ခုန်စိတ်လှုပ်ရှားတာ (၂)ခါပဲဖြစ်ဖူးတယ်လို့ဆိုပါတယ်။

ပထမတစ်ခေါက်ကတော့ အာကြီးကိုသွားခေါ်ချိန်ကဖြစ်ပြီး ဒုတိယကတော့ဒီဖိုးကံကောင်းလေးကိုသွားခေါ်တဲ့အခါမှာပါပဲ။မိဘကစွန့်ပစ်လို့ရောက်လာကြရတဲ့ကလေးတွေအားလုံးထဲ အာကြီးကတော့ချို့ယွင်းချက်တစ်ခုကြောင့်သနားဂရုဏာပိုရတဲ့ကလေးတစ်ယောက်ဖြစ်သလို ဖိုးကံကောင်းလေးကလည်း ကိုယ် ၊လက် အင်္ဂါချို့ယွင်းချက်တွေကြောင့် အသနားပိုနေရတဲ့ကလေးတစ်ယောက်ပါ။

ဒါ့ကြောင့်လည်းပုံမှန်မသန်စွမ်းကလေးတွေဆိုရင် မသန်စွမ်းကျောင်းပိူ့ဖို့သာကူညီပေမယ့် ဖိုးကံကောင်းလေးကိုတော့ ဉာဏ်ရည်လည်းမှီပြီးရုပ်ပိုင်းဆိုင်ရာအရသာမသန်စွမ်းဖြစ်နေတာကြောင့်မေမေခိုင်ကလက်ခံခဲ့တာပါ။ဒါ့ကြောင့်ကြီးလာရင်လည်း လိုအပ်တဲ့ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးပြီးကလေးကိုပညာသင်ကြားခွင့်ပါရအောင်လုပ်ပေးသွားဖို့လည်းရှိပါတယ်။ဖိုးကံကောင်းလေးကတော့ ခိုင်နှင်းဝေရဲ့လက်ထဲရောက်မှသာကံကောင်းသွားရရှာတာပါ။

ခိုင်နှင်းဝေက မိဘရှိရက်နဲ့မကျွေးနိုင်လို့ လာပေးတဲ့ကလေးတွေကို မယူဘူးလို့ကြေညာထားပေမယ့်လည်း ဒီလိုအကြောင်းအမျိုးမျိုးကြောင့်ပဲအားလုံးကိုလက်ခံပေးဖြစ်နေပါတယ်။ခိုင်နှင်းဝေသာမရှိရင် ဒီကလေးတွေရဲ့ဘဝကမတွေးရဲစရာပါပဲ။ဒါ့ကြောင့်ပဲ ခိုင်နှင်းဝေရဲ့မေတ္တာတွေကိုမြင်လာရတဲ့ပရိတ်သတ်တွေက ခိုင်နှင်းဝေရဲ့လုပ်ရပ်ကိုကျေးဇူးတင်နေရပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...