“တခြားသူရဲ့မိဘမေတ္တာတွေခံစားရသလို အစ်မလည်းအဲ့လိုမိဘမေတ္တာခံစားချင်တယ်”လို့ရင်ဖွင့်ပြောလာတဲ့ ခိုင်နှင်းဝေ

“တခြားသူရဲ့မိဘမေတ္တာတွေခံစားရသလို အစ်မလည်းအဲ့လိုမိဘမေတ္တာခံစားချင်တယ်”လို့ရင်ဖွင့်ပြောလာတဲ့ ခိုင်နှင်းဝေ

Celebrity Local News
“တခြားသူရဲ့မိဘမေတ္တာတွေခံစားရသလို အစ်မလည်းအဲ့လိုမိဘမေတ္တာခံစားချင်တယ်”လို့ရင်ဖွင့်ပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေအတွက် မိဘမေတ္တာအပြင်တခြားသောမိသားစုတွေ ဥမကွဲသိုက်မပျက်မနေရဖို့အတွက်ပါ ကူညီပေးလာရပါတယ်။အားလုံးရဲ့အပူတွေကို ငြှိမ်းပေးဖို့ကြိုးစားနေတဲ့ ခိုင်နှင်းဝေကတကယ်တော့ အကူအညီမဲ့နေပါတယ်ဆိုတဲ့လူတွေထက် ပိုပြီးသနားစရာကောင်းနေပါတယ်။ကိုယ့်အပူပဲကြည့်ပြီး သူများအပူမသိတဲ့လူတွေအတွက်တော့ ဒါတွေကို ကိုယ်ချင်းစာဖို့ရာခက်ခဲနေနိုင်ပါတယ်။အခုလည်းအကြွေးတွေကြောင့် လသားအရွယ်သမီးလေးကိူခိုင်နှင်းဝေလက်ထဲထည့်ပေးလိုက်ရတဲ့မိဘတွေကိူကြည့်ပြီး ခိုင်နှင်းဝေအပါအဝင် အားလုံးကစိတ်ထိခိုက်ကြေကွဲခဲ့ကြရပါတယ်။ဒီအဖြစ်အပျက်က သာမန်လူတွေကိုတောင် စိတ်ထိခိုက်စေပြီး ကလေးရှိမိခင်တွေအတွက်ဆိုရင်တော့အတိုင်းမသိရင်ကွဲစရာပါပဲ။သို့ပေမယ့်လည်း မိဘဖြစ်လာရပြီဆိုတာနဲ့ သားသမီးရဲ့ကိစ္စအဝဝဟာ ကိုယ့်တာဝန်ပဲဖြစ်ပြီး ဒီဝန်ထုတ်ဝန်ပိုးတွေကိုတခြားသူ့ရဲ့ပုခုံးပေါ်ကိုမှ ပြောင်းတင်လို့ရတယ်ဆိုတဲ့စိတ်မျိုးမဝင်မိဖို့တော့ လိုပါတယ်။


ဒါတွေကို မကြည့်ရက်နိုင်တဲ့ လူတွေကတော့ စုပေါင်းဒါနပြုပြီး လသားအရွယ်သမီးလေးအိမြတ်ရွှေစင်ကို မိဘတွေနဲ့အတူပြန်ဆုံစေခဲ့ပါတယ်။အလှူရှင်တွေစုပေါင်းကာ မိဘတွေတင်နေတဲ့အကြွေးပေါင်း သိန်း(၆၀)ကိုဆပ်ပေးခဲ့ပြီးမိဘတွေအတွက်လည်း အလှူငွေ(၁၀)သိန်းကိုထပ်မံပေးခဲ့ပါသေးတယ်။ခိုင်နှင်းဝေအနေနဲ့လည်း သူတို့မိသားစုလေးလုပ်ကိုင်စားသောက်ရအောင်ငွေတချို့ကိုလည်းလှူခဲ့ပါသေးတယ်။ဒါကိုကြည့်ပြီး တခြားသောမိဘတွေကလည်း သူတို့ရဲ့သားသမီးတွေကို မိဘရှိရက်နဲ့ခိုင်နှင်းဝေလက်ထဲ လာထည့်မှာတော့စိုးရိမ်စရာပါပဲ။


ဒီကိစ္စမှာ ကိုယ်ချင်းစာစိတ်နဲ့ကူညီဖြေရှင်းပေးခဲ့တဲ့ ခိုင်နှင်းဝေကိုတော့ ပရိတ်သတ်တွေကကျေးဇူးတင်နေကြသလို ကလေးမိဘတွေကလည်းကျေးဇူးတင်စွာနဲ့ကန်တော့လာချိန်မှာတော့ ခိုင်နှင်းဝေရဲ့ဝမ်းနည်းဝမ်းသာမျက်ရည်တွေကိုမြင်တွေ့ခဲ့ရပါတယ်။ခိုင်နှင်းဝေကတော့ “သူများမိသားစုလေးအခုလိုပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့မြင်ရတဲ့အတွက်ကြောင့် အစ်မလည်းအစ်မရဲ့မိသားစုအပူတွေ အမြန်ဆုံးငြိမ်းပါစေလို့ဆုတောင်းတယ်”လို့ပြောလာပါတယ်။ခိုင်နှင်းဝေအနေနဲ့တော့ သူများမိသားစုတွေမဝေးကွာစေဖို့ လိုက်လံကူညီပေးနေပေမယ့် သူမကတော့ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ အားလုံးနဲ့တစ်ယောက်ဖြစ်နေရသူပါ။

ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်နဲ့လုပ်ရပ်ကိုအားလုံးကအသိအမှတ်ပြုကာလေးစားရပေမယ့် မိခင်နဲ့ဆွေမျိုူအရင်းအချာတွေကတော့ အသိအမှတ်မပြုကြပါဘူး။ဒါထက်ပိုပြီး မိဘမဲ့ကလေးတွေကိုမိခင်ရင်းကိုပြုစုစောင့်ရှောက်နေတဲ့ခိုင်နှင်းဝေက သူကိုယ်တိုင်က ဖခင်မေတ္တာမရဘဲကြီးပြင်းခဲ့ရသူပါ။ဒါကြောင့်လည်း ပိုလီယိုသည်ဖြစ်နေတာတောင် သမီးလေးအပေါ်မှာ ဖခင်မေတ္တာစိတ်အပြည့်ရှိတဲ့ ကိုသူရိန်ကိုသနားပြီး ခိုင်နှင်းဝေကဒီကိစ္စမှာကူညီပေးခဲ့တာပါ။ခိုင်နှင်းဝေက “သူများမိသားစုတွေပြိုကွဲတာမကြည့်ရက်တဲ့အပြင် သူကိုယ်တိုင်ကလည်းမိသားစုစုံစုံလင်လင်မရှိတာကြောင့် ကိုယ်ချင်းစာတယ်။မောင်လေးနဲ့ညီမလေးတို့ကလည်း မိဘမေတ္တာအပြည့်ရှိတာကြောင့် ကူညီပေးဖြစ်တာ”လို့ပြောလာပါတယ်။

မဝတ်ရည်နဲ့ ကိုသူရိန်တို့ကတော့သမီးလေးနဲ့အတူပြန်နေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာနေကြရပါတယ်။သမီးလေးကို ထည့်ပေးလိုက်တဲ့အချိန်တုန်းကတောင် ဘာမှတောင်မစားနိုင်ခဲ့တဲ့ သူတို့ကသမီးလေးနဲ့ပြန်တွေ့ရတော့မယ်ဆိုတာ သိရတဲ့ညမှာလည်း တစ်ညလုံးမအိပ်နိုင်အောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။သုံးနှစ်သုံးမိုးသမီးလေးနဲ့ခွဲပြီးနေဖို့ စိတ်အားတင်းကဆုံးဖြတ်ခဲ့ရတဲ့မိဘတွေခမျာသမီးလေးကို ခိုင်နှင်းဝေလက်ထဲထည့်လိုက်တဲ့အချိန်မှာလည်း ကလေးငိုသံလေးကြားရချိန်မှာ ကမ္ဘာပျက်မတက်ခံစားခဲ့ကြရပါတယ်။ဒီလို ရင်ကွဲနေရတဲ့အချိန်မှာ အလှူရှင်တွေရဲ့ကူညီမှုနဲ့ သမီးလေးကို၂ရက်အတွင်း ပြန်ခေါ်နိုင်ခဲ့ချိန်မှာလည်း မိဘတွေခမျာသူတို့ကိုမမှတ်မိမှာအတော်လေးစိုးရိမ်ခဲ့ရပါတယ်။အခုတော့ မိသားစုတွေပြန်လည်စုံစည်းရတာကြောင့် မိဘတွေလည်း ဝမ်းသာနေကြသလို လူများစွာကလည်းဒီအတွက်ပျော်နေကြရပါတယ်။

အရွယ်မရောက်သေးတဲ့ ဒီသမီးလေးကိုသူစိမ်းလက်ထဲထည့်ပေးဖို့ဆုံးဖြတ်ခဲ့သူမိဘတွေကတော့ သမီးလေးကိုသွားပြန်ခေါ်ချိန်မှာ သမီးရဲ့စိတ်ဆိုးခြင်းကိုခံလိုက်ရပါသေးတယ်။ခိုင်နှင်းဝေရဲ့ ပြုစုစောင့်ရှောက်မှုကိုရခဲ့တဲ့ကလေးလေးက ၂ရက်အတောအတွင်းမှာပဲ ခိုင်နှင်းဝေနဲ့ဂေဟာကဆရာမလေးတွေကိုသံယောဇဉ်ရှိသွားတာကြောင့်ပဲ မိဘတွေပြန်ခေါ်ချိန်မှာတော့ ကြည်ကြည်သာသာပြန်မလိုက်ခဲ့ပါဘူး။ခိုင်နှင်းဝေကတော့ ဒီမိသားစုရဲ့ပြန်လည်ဆုံစည်းမှုကိုကြည့်ပြီး သူမဘဝအတွက်
ဝမ်းနည်းမျက်ရည်ကျခဲ့ရပါတယ်။မဝတ်ရည်တို့မိသားစုလေးက ငွေကြေးပိုက်ဆံမရှိလို့သာ အခုလိုမျိုးဆုံးဖြတ်ခဲ့ကြပေမယ့် သားသမီးအပေါ်မှာထားတဲ့မေတ္တာကတော့အတိုင်းမသိရှိနေဆဲပါပဲ။ဒါကိုမြင်တွေ့လိုက်ရတဲ့ခိုင်နှင်းဝေက သူ့ရဲ့မိသားစုအိမ်တွင်းရေးပြဿနာလေးတွေကြောင့် ဝမ်းနည်းနေခဲ့ပါတယ်။

သူ့အနေနဲ့ဒီကိစ္စမှာ မိသားစုရဲ့မိဘမေတ္တာတွေခံစားရသလို အစ်မလည်းအဲ့လိုမိဘမေတ္တာတွေခံစားချင်တဲ့စိတ်ဖြစ်မိတယ်လို့ပြောလာပါတယ်။ဒီစကားလေးကခိုင်နှင်းဝေရဲ့ဘဝကို သိနေတဲ့ပရိတ်သတ်ကိုဝမ်းနည်းစေပါတယ်။ကလေးပေါင်းများစွာအတွက် ခိုင်နှင်းဝေကမိခင်ပီသပြီးမိဘမေတ္တာတွေပေးနေပေမယ့် သူမအတွက်တော့ ဒီလိုမေတ္တာမျိုးပေးမယ့်သူမရှိနေပါဘူး။

မိခင်တွေရဲ့အားကိုးရာကခိုင်နှင်းဝေဖြစ်နေပေမယ့် ခိုင်နှင်းဝေကိုယ်တိုင်ကတော့ မိဘအရိပ်မှာလည်းခိုနားခွင့်မရသလို မိဘမေတ္တာတွေလည်းမခံစားရရှာပါဘူး။ဒါ့ကြောင့်သူမရဲ့ဆုတောင်းအတိုင်းပဲ အပူတွေငြိမ်းအေးစေဖို့ အားလုံးကမေတ္တာပို့သကာဆုတောင်းပေးလာကြပါတယ်။

ရေးသားသူ –One daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...