ပိုက်ဆံမရှိလို့ ကောင်မလေးကပစ်သွားတဲ့ ဇာတ်ကောင်တွေနဲ့လိုက်ဖက်တယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင်

Celebrity Local News
ပိုက်ဆံမရှိလို့ ကောင်မလေးကပစ်သွားတဲ့ ဇာတ်ကောင်တွေနဲ့လိုက်ဖက်တယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင်

လူငယ်ပရိတ်သတ်အတော်များများရထားတဲ့အဆိုတော်ရဲရင့်အောင်ကတော့ ဘယ်သူနဲ့မှမတူသူ့အထာနဲ့သူနေတတ်တဲ့သူတစ်ယောက်ပါ။အဆိုတော်ဖြစ်ပေမယ့် သရုပ်ဆောင်ကောင်းတာကြောင့် လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်လမ်းတွဲများစွာရိုက်ကူးနေပြီး မကြာခင်မှာပဲ ရဲရင့်အောင်ပါဝင်ထားတဲ့သရဲကားတစ်ကားလည်းရုံတင်တော့မှာပါ။

ရဲရင့်အောင်ကို “လာခေါ်သူ”ဆိုတဲ့ဒီသရဲကားကြီးရိုက်ဖို့ကမ်းလှမ်းလာတဲ့အခါမှာ “မင်းနဲ့လိုက်တဲ့ဇာတ်ရုပ်ရှိတယ် ကောင်မလေးကမင်းကို ပိုက်ဆံမရှိလို့ပစ်သွားတာ”ဆိုပြီးရဲရင့်အောင်နဲ့အလိုက်ဖက်ဆုံးဇာတ်ရုပ်နဲ့ကမ်းလှမ်းလာခဲ့တယ်”လို့ရဲရင့်အောင်ကပြောပြလာပါတယ်။

ရဲရင့်အောင်က နာမည်ကြီးအဆိုတော်ဖြစ်ပေမယ့်သူရှာဖွေခဲ့တဲ့ပိုင်ဆိုင်မှုတွေအကုန်ချိတ်ပိတ်ခံလိုက်ရပြီး သူ့လက်ထဲပိုက်ဆံ၂သောင်းတောင်မရှိတော့လို့ လူမရှိသူမရှိကွင်းပြင်ကြီးထဲမှာ အိမ်ဆောက်နေခဲ့ရတဲ့အကြောင်းတွေကိုသူ့ရဲ့လူမှူကွန်ယက်
စာမျက်နှာမှာတင်ခဲ့ဖူးပါတယ်။ဒါတွေကြောင့်ပဲ သူ့ရဲ့၇နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ချစ်သူကထားခဲ့တာလားဆိုပြီး သတင်းတွေလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ရဲရင့်အောင်က သရုပ်ဆောင်ဧငြိမ်းဖြူနဲ့ နှစ်တွေအကြာကြီးတွဲခဲ့ပြီး ကြားထဲမှာလည်းခဏခဏပြတ်ခဲ့ဖူးပါတယ်။လူငယ်သဘာဝစိတ်ဆိုးစိတ်ကောက်တာတွေရှိခဲ့ပေမယ့်လည်း သူတို့၂ဦးက တစ်ယောက်က်ုတစ်ယောက်မခွဲနိုင်တာကြောင့်ပဲ ပြန်တွဲခဲ့ကြပါတယ်။ဒီလိုနဲ့ချစ်သူသက်တမ်း(၇)နှစ်ကျော်လာချိန်မှာတော့ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုကာ နစ်ဦးသဘောတူလမ်းခွဲပြတ်စဲခဲ့ပါတယ်။နှစ်တွေအကြာကြီး ချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးကို အရင်လိုပြန်တွဲကြမလားစောင့်နေခဲ့ပေမယ့် အခုအချိန်မှာတော့ ကိုယ့်လမ်းကိုလျှောက်နေကြတဲ့သူစိမ်းနှစ်ဦးဖြစ်သွားခဲ့ပါပြီ။

ရဲရင့်အောင်ရဲ့ ဘဝပျက်ခဲ့ရတယ်ဆိုတဲ့စာက်ု ပရိတ်သတ်တွေဖတ်ရချိန်မှာတော့ လမ်းခွဲထားတာမကြာသေးတဲ့ဧငြိမ်းဖြူကိူထိခိုက်ပြောဆိုခဲ့ကြပါတယ်။ဒီအချိန်မှာတော့ ဧငြိမ်းဖြူက ရဲရင့်အောင်ဒါတွေဖြစ်ခဲ့တာအရင်ကဖြစ်ပြီး အဲ့ဒီအချိန်တုန်းကလည်းရဲရင့်အောင်ဘေးမှာ ဧ ရှိနေပေးခဲ့ပါတယ်ဆိုပြီးပြန်ပြောလာရပါတယ်။ဒါ့အပြင် ဧငြိမ်းဖြူရဲ့မိဘတွေကလည်းရဲရင့်အောင့်ကို သားအရင်းတစ်ယောက်လိုချစ်ကြတဲ့အကြောင့် မီဒီယာတွေရှေ့မှာဖြေခဲ့ဖူးပါတယ်။

ဒါတွေကဖြစ်ခဲ့ဖူးပြီးသားကိစ္စတွေဆိုပေမယ့် ရဲရင့်အောင်ကိုတော့ အခုအချိန်အထိ ပိုက်ဆံမရှိလို့ကောင်မလေးရဲ့ထားသွားတာကိုခံခဲ့ရတဲ့ အရှုံးသမားတသ်ယောက်လို့မြင်နေကြသူတွေလည်းရှိနေတုန်းပါပဲ။

ဒါ့ကြောင့်လည်းရဲရင့်အောင်ကို “ရည်ရွယ်မိုး”ရုပ်ရှင်မှာလည်းသိမ်ငယ်ရတဲ့ကာရိုက်တာတစ်ခုနဲ့တွေ့ခဲ့ရပြီး “လာခေါ်သူ”မှာလည်းဒီကာရိုက်တာနဲ့သာတွေ့ရမှာပါ။ရဲရင့်အောင်က ချစ်ရတဲ့အခန်းတွေသာမရတာ အသည်းကွဲရတဲ့အခန်းတွေတော့ ရတဲ့သုပါ။
ဒီလိုခံရတဲ့ဇာတ်ကောင်တွေနဲ့သာ လိုက်ဖက်နေတဲ့ရဲရင့်အောင်က “လာခေါ်သူ”ရုပ်ရှင်မှာလည်းသရုပ်ဆောင်သံသာမိုးသိမ့်ရဲ့ပါးရိုက်တာက်ိုလည်းခံခဲ့ရပါသေးတယ်။

အနုပညာသဘောအရသရုပ်ဆောင်ရတယ်ဆိုပေမယ့်လည်းရဲရင့်အောင်က ပါးတကယ်ရိုက်ဖို့ပြောခဲ့တာကြောင့် ၃ချက်ထက်မနည်းရိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒီရုပ်ရှင်မှာ ရဲရင့်အောင်က ထူးထူးခြားခြားအနေနဲ့သရဲဇာတ်ကောင်အဖြစ်ပါဝင်သွားမှာဖြစ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့တလျှောက်လုံးလည်း လူရောစိတ်ရောမကျန်းမမာရှိခဲ့တယ်လို့ဆိုပါတယ်။ဒီရုပ်ရှင်က ရဲရင့်အောင်ရဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲချိန်မှာရိုက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့်လည်း ရဲရင့်အောင်ရဲ့ကိုယ်ရောစိတ်ရောဆင်းရဲနေတဲ့ပုံစံကို ဒီရုပ်ရှင်ထဲမှာတွေ့ရမှာပါ။

ဒီလို ရုပ်ရောစိတ်ရောချုံးချုံးကျနေတဲ့အချိန်မှာ သရဲဇာတ်ကောင်အနေနဲ့ပါဝင်ခဲ့ရတဲ့အတွက် ရဲရင့်အောင်ရဲ့အပြင်မုဒ်နဲ့ကာရိုက်တာနဲ့ထပ်တူကျခဲ့တယ်လို့ဆိုရမှာပါပဲ။
သရဲကားမကြည့်တဲ့ ရဲရင့်အောင်က”လာခေါ်သူ”ရုပ်ရှင်ကိုတော့လက်ခံဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ကြားကနေလက်ခံရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။

ဒီထဲမှာ မင်းသားနေတိုးလည်းပါဝင်ထားပြီး ရဲရင့်အောင်ငြင်းတာကိုခံထားရသူမင်းသမီးသံသာမိုးသိမ့်လည်းပါဝင်နေပါတယ်။ရုပ်ရှင်ရိုက်ကူးချိန်မှာတော့ ရဲရင့်အောင်က သံသာမိုးသိမ့်ရဲ့အိုက်တင်အပြည့်လုပ်တာကိုတော့ကြိုက်ပြီး သူ့ရဲ့အိုက်တင်တွေကိုသဘောကျတယ်လို့တော့ဆိုပါတယ်။ရဲရင့်အောင်ကတော့ ဂီတနယ်ပယ်မှာလည်းသူ့ပုံစံတစ်ခုကိုတည်ဆောက်ထားနိုင်ပြီး သရုပ်ဆေုင်လည်းမခေသူတစ်ယောက်ပါ။ရဲရင့်အောင်”ပါဝင်ထားတဲ့”ရည်ရွယ်မိုး “ရုပ်ရှင်မှာတောင် ဒါရိုက်တာက ရဲရင့်အောင်ရဲ့သရုပ်ဆောင်ချက်တွေအတွက် အကယ်ဒမီမှန်းခဲ့ရပါတယ်။

အချစ်ရေးမှာ ကံမကောင်းတဲ့ဘဝသမားလေးရဲရင့်အောင်က အနုပညာရှင်တစ်ဦးအနေနဲ့တော့စန်းရှိတဲ့အဆိုတော်တစ်ယောက်ပါ။စော်ပစ်ကောင်လေးဖြစ်ပေမယ့်လည်း ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားပြီး အမာခံဖန်တွေလည်းများစွာရှိနေတဲ့သူပါ။သူ့ရဲ့နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ Relationship ကိုအဆုံးသတ်ခဲ့ပြီးနောက်မှာ အားပေးတဲ့သူလည်းပိုများလာခဲ့ပါတယ်။သူ့ရဲ့ပွင့်လင်းပြီး ရိုးရှင်းတဲ့သဘောထားတွေကိုပရိတ်သတ်တွေသဘောကျရသလို သူ့စတိုင်နဲ့သူဖြစ်နေတာကိုကရဲရင့်အောင်ပီသစေတာပါပဲ။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...