ဖုန်းရွှေဇာတ်ကားကြီးကို ရိုက်ရဲတဲ့ ညိုမင်းလွင်ရဲ့ သတ္တိကို လေးစားနေတဲ့ ထွန်းကိုကို

Celebrity Local News
ဖုန်းရွှေဇာတ်ကားကြီးကို ရိုက်ရဲတဲ့ ညိုမင်းလွင်ရဲ့ သတ္တိကို လေးစားနေတဲ့ ထွန်းကိုကို

ူလောကတိုင်းမှာ လူတိုင်းက ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်အတိုင်း ရှင်သန်နေကြတာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ ယုံကြည်ချက်ဆိုတာကလည်း တော်ရုံပြောင်းလဲပစ်လို့ မရတဲ့အရာတစ်ခုပါ။ လူတွေဟာ ကိုယ့်ယုံကြည်ရာတစ်ခုနဲ့ ပတ်သက်လာရင် အတ္တကြီးသလို အစွဲအလန်းကြီးသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။

ဥပမာ ဆံပင်အရှည်ထားရတာကို စွဲလန်းသူက တောက်လျှောက် ဆံပင်အရှည်ပဲထားချင်ပြီး တက်တူးထိုးရတာကို ယုံကြည်သူက အမြဲတမ်း တက်တူးထိုးချင်နေတာမျိုးလို့ ဆိုရမှာပါ။ အထူးသဖြင့် ဒီလိုရူးသွပ်စွဲလန်းမှှုမျိးကို အနုပညာရှင်တွေထံမှာ အများဆုံး တွေ့မြင်ကြရပါတယ်။ အနုပညာရှင်တွေဆိုတာ စိတ်ခံစားချက်အတိုင်း စီးမျောရသူတွေပီပီ တစ်ခုခုဆိုရင် သူတို့ရဲ့ရူးသွပ်မှုက မြင့်မားလှပါတယ်။

အဲဒီလို ရူးသွပ်သူတွေထဲ သရုပ်ဆောင် ထွန်းကိုကိုကလည်းတစ်ယောက်အပါအဝင်ပါ။ ထွန်းကိုကိုကတော့ သူ့ယုံကြည်ချက်အတိုင်း ဆံပင်အရှည်ထားရတာကို ရူးသွပ်သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ မော်ဒယ်ဘဝကနေ တက်လှမ်းလာခဲ့တဲ့ ထွန်းကိုကိုဟာ ဘာသာရေးကိုလည်း လေးလေးနက်နက် ကိုင်းရှိုှုင်းသူတစ်ဦးလို့ ဆိုရမှာပါ။

ထွန်းကိုကိုအနေနဲ့ ပရတိဟလုပ်ငန်းတွေကိုလည်း အာရုံစိုက်လုပ်ဆောင်နေတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးလာတာ တွေ့ရမှာပါ။ ဒါပေမယ့် ဆံပင်အရှည်ကို မညှပ်ပစ်လိုတဲ့ အတွက် သူ့အနေနဲ့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးရာမှာ ရွေးချယ်ရတဲ့အပိုင်းတွေရှိနေပါတယ်။ သူ့ရဲ့ ဆံပင်ရှည်ကို မညှပ်ခိုင်ဘူးဆိုရင်တော့ လက်ခံသွားမှာဖြစ်တဲ့အကြောင်းကို ထွန်းကိုကိုက ပြည်တွင်းမီဒီယာတစ်ခု နဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။ “ဆံပင်က မညှပ်ချင်လို့ ထားထားတာပါ။ ကြာပါပြီ။ ကျွန်တော်က ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ။

ကိုယ်ဘာသာ မညှပ်ချင်လို့ မညှပ်ဘဲ ထားထားတာပါ”လို့ ထွန်းကိုကိုက ဖွင့်ဟခဲ့ပါတယ်။ ကာရိုက်တာအရ ညှပ်ရမယ့် ဇာတ်လမ်းတွေဆိုလည်း ညှပ်သွားမှာမဟုတ်ကြောင်း၊ ဆံပင်မညှပ်ရတဲ့ ဇာတ်ကားတွေကိုလည်း လက်ခံရွေးချယ်သွားမှာဖြစ်တဲ့အကြောင်း ထွန်းကိုကိုက ဖုန်းရွှေရုပ်ရှင်ဇာတ်ကားကြီး Press Show မှာ ဖွင့်ဟသွားခဲ့ပါတယ်။ ဖုန်းရွှေရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာလည်း တော်တော်လေး ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားပါ။

ညိုမင်းလွင်နဲ့ ထွန်းကိုကိုတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားပြီး လတ်တလောမှာလည်း သူတို့နှစ်ယောက် တွဲဖက်ပြီး ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိနေတာပါ။ ဖုန်းရွှေဇာတ်ကားနဲ့ ပတ်သက်ပြီး ညိုမင်းလွင်ရဲ့ ရိုက်ကူးရဲတဲ့သတ္တိ၊ သရုပ်ဆောင်အသစ်တွေကို မွေးထုတ်ပေးနိုင်မှုှအပေါ် ထွန်းကိုကိုက ချီးကျူးသွားခဲ့ပါတယ်။ “ကိုညိုကတော့ အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပေးနေကြပါ။
အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပြီး စင်ပေါ်တင်ပေးတာက သူအမြဲလုပ်နေကျ အရာပါ။ ပြောရမယ်ဆိုရင် ကိုညိုအနေနဲ့ ဒီဇာတ်ကားကို ရိုက်လည်း ရိုက်ရဲတယ်ပေါ့နော်။ အဲဒီအတွက် ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း တချို့ဆိုရင် တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ သူတွေလည်း ပါပါတယ်။ အဲဒါကို သူ့အနေနဲ့ ဘယ်လိုတွေ ထရိန်းပေးထားမလဲ၊ ဘယ်လိုတွေ ရိုက်ထားမလဲဆိုတာကို ကြည့်ချင်ပါတယ်”လို့ ထွန်းကိုကိုက ထပ်လောင်းဖွင့်ဟသွားခဲ့ပါတယ်။ ညိုမင်းလွင်ဆိုတာကလည်း မြန်မာဒါရိုက်တာတွေအထဲမှာမှ သူမတူတဲ့ အတွေးအခေါ်တွေ၊ ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ ပရိသတ်တွေထံကို သူ့ရဲ့လက်ရာကောင်းတွေကို အမြဲတမ်း ချပြလေ့ရှိတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ။်

ညိုမင်းလွင်ရိုက်တဲ့ ဇာတ်ကားတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ထူးခြားတာကတော့ သာမန်တွေ့မြင်နေကျ မြန်မာကားတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကွဲထွက်နေတာ တွေ့မြင်ရမှာပါ။ ဖုန်းရွှေဇာတ်ကားမှာလည်း ညိုမင်းလွင်ဟာ ဆိုရှယ်မီဒီယာထက်မှာ ရေပန်းစားနေတဲ့ ဆယ်လီတွေနဲ့အတူ တစ်ခါမှ သရုပ်မဆောင်ဖူးဘူးတွေကိုလည်း ထည့်သွင်း ရိုက်ကူးထားတာပါ။ ဒါကြောင့် ဒီဇာတ်ကားဟာ ညိုမင်းလွင်အတွက်လည်း စိန်ခေါ်မှုတစ်ခုလို့ ဆိုရင် မမှားပါဘူး။ ဖုန်းရွှေဇာတ်ကားဟာ ကိုယ်မသိတဲ့ ပုံစံတွေ ပါဝင်နေတဲ့အတွက် ထူးဆန်းမှာဖြစ်တဲ့အကြောင်း၊ ဒီဇာတ်ကားဟာ စိတ်ဝင်စားစရာကောင်းပြီး ရိုက်ကတည်းက ကြည့်ချင်နေတဲ့အကြောင်းကိုလည်း ထွန်းကိုကိုက ဆိုခဲ့ပါသေးတယ်။ ညိုမင်းလွင် ဖန်တီးထားတဲ့ ဖုန်းရွှေဇာတ်ကားကြီးကတော့ ပရိသတ်တွေ အားပေးနေကြတာပဲဖြစ်ပါတယ်။

ရေးသားသူ –One daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...