ဘုရားကို နားပူနားဆာ လုပ်ကာ စကားပြောတတ်သူ မင်းသမီးရတနာဗိုလ်

Celebrity Local News
ဘုရားကို နားပူနားဆာ လုပ်ကာ စကားပြောတတ်သူ မင်းသမီးရတနာဗိုလ်

မင်းသမီးလေး ရတနာဗိုလ်ကို သူရဲ့ စကားပြောချစ်ဖို့ကောင်းပုံနဲ့ အေးချမ်းတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေက သဘောကျကြရပါတယ်။ဆယ်စုနှစ် ကျော်ကြာ အနုပညာလောကမှာ ကျင်လည်ခဲ့တဲ့ ရတနာဗိုလ်က ဇာတ်လမ်းတွဲခေတ်ရောက်မှသာ character တွေနဲ့ တစ်ထပ်ထဲကျခဲ့ပြီးတော့ ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းပိုခံခဲ့ရပါတယ်။ ရတနာဗိုလ်က ဘယ်လောက်ပဲအောင်မြင်သွားပါစေ သူမရဲ့ စကားပြောဟန်လေးကတော့ အရင်တိုင်းပဲ အေးဆေးတည်ငြိမ်ပြီးတော့ အရှိကို အရှိတိုင်းပြောတတ်တာပါပဲ။

ဒါကြောင့်လည်း သူများအထင်ကြီးအောင် မပြောတတ်တဲ့ သူ့ရဲ့ စကားတွေကို ပရိတ်သတ်တွေက သဘောကျရပါတယ်။ ဒါအပြင် သူမကတော့ အေးအေးဆေးဆေးနဲ့ ရိုးရိုးရှင်းရှင်း ပြောတတ်ပေမယ့် တစ်ချို့သော သူမရဲ့ပြောစကားတွေက ပရိတ်သတ်တွေအတွက်တော့ ချစ်ဖို့ကောင်းတဲ့အပြင် ရယ်စရာပါကောင်းနေပါတယ်။

အခုလည်း ရတနာဗိုလ်က ဘာသာရေး အဓိဌာန်တွေကြောင့် ကြီးကြီးမားမားပြောင်းလဲမှုမျိုးတွေ ဘဝမှာရခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရှုတင်တွေ ကြော်ငြာတွေနဲ့ မအားနိုင်တာကြောင့် ဘုရားကိုတောင် နောက်မှပေါင်းပြီးတော့ ကန်တော့ပါမယ်ဆိုပြီးတော့ ပြောတတ်တယ်ဆိုတဲ့ အကြောင်းကို ရယ်ချင်စဖွယ်ပြောပြလာပါတယ်။မင်းသမီး ရတနာဗိုလ်ဆီမှာ ဘုရားရှိခိုးရင်း စကားပြောတတ်တဲ့ အကျင့်ရှိပြီးတော့ ဘုရားကိုလည်း နားပူနားဆာလုပ်တတ်တဲ့သူလို့ ဆိုပါတယ်။ဒါကြောင့်လည်း သူမက လက်တွေ့ဘဝမှာ အခက်အခဲတွေဖြစ်နေရပြီဆိုရင် ဘုရားကိုပြောပြပြီးတော့ ရင်ထဲက ခံစားချက်တွေကိုလည်း ပြောပြကာ တောင်းဆိုတာတွေလည်း လုပ်တတ်ပါသေးတယ်။

ဒါကတော့ ဗုဒ္ဓဘာသာဝင်အချို့ လုပ်တတ်တဲ့ အရာဖြစ်ပေမယ့်လည်း လူတော်တော်များများကတော့ ကိုယ့်ကို ဘာသာရေးကိုင်းရှိုင်းတဲ့သူတစ်ယောက်အဖြစ်သာ လူပုံအလယ်မှာ မြင်စေချင်ကြတာပါပဲ။ဒါပေမယ်လည်း မင်းသမီး ရတနာဗိုလ်ကတော့ ဘယ်သူတွေဘယ်လိုမြင်မြင် သူမလုပ်တတ်တဲ့ အမူအကျင့်တွေကို မဖုံးကွယ်ပဲနဲ့ ပြောပြလာခဲ့ပါတယ်။

ဒါတွေကြောင့်ပဲ ပရိတ်သတ်တွေက သူမရဲ့ intreview ကို ကြည့်ရတဲ့အခါတိုင်း ဟန်ဆောင်ဖုံးကွယ်မှုမရှိတဲ့အတွက် စိတ်အေးချမ်းပြီးတော့ ရယ်မောနေကြရပါတယ်။ဒါကြောင့်ပဲမင်းသမီးရတနာဗိုလ်က ပရိတ်သတ်တွေရဲ့ အကြည်ဓာတ်လေးဖြစ်နေပြီးတော့ သူမသရုပ်ဆောင်ခဲ့တဲ့ character အပြင် အပြင်ကရတနာဗိုလ်ကိုပါ ပရိတ်သတ်တွေက အတော်လေးချစ်လာကြပါတယ်။မကြာသေးခင်ကလည်း ရတနာဗိုလ်က သူမရဲ့ social media ပေါ်မှာ က်ိုရင်လေးတစ်ပါးက သူမကိုဆုပေးနေတဲ့ video လေးကို တင်လာခဲ့ပါတယ်။ဒီ video ထဲမှာ ရှမ်းပြည်နယ်ဘက်က ကိုရင်လေးတစ်ပါးက မင်းသမီးရတနာဗိုလ်ကို ကျန်းမာပါစေ၊ချမ်းသာပါစေ၊အသက်ကြီးပါစေဆိုပြီးတော့ ဆုပေးနေတာကိုတွေ့ရပါတယ်။

ဒါကို မင်းသမီး ရတနာဗိုလ်က ချစ်စနိုးနဲ့ အသက်မကြီးချင်ပါဘူးဘုရားဆိုပြီးတော့ ပြန်ပြီးတော့ စနောက်နေတာတွေကို တွေ့ရမှာပါ။တိုင်းရင်းသား ကိုယ်ရင်လေးတစ်ပါးရဲ့ ချစ်ဖို့ကောင်းတဲ့ စကားအလွဲကို ရတနာဗိုလ်က ပြန်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် စနောက်နေတာက ပရိတ်သတ်တွေကိုပါ အပျော်တွေကူးစက်စေပါတယ်။

ဒီလိုရတနာဗိုလ်က media တွေရှေ့မှာလည်း ရိုးသားပွင့်လင်းတဲ့သူဖြစ်သလို လက်တွေ့ဘဝမှာလည်း သူမရဲ့ပုံစံအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မင်းသမီးတစ်ယောက်ပါ။ဒါကြောင့်လည်း သူမရဲ့ interview တွေကိုကြည့်လိုက််တိုင်း လူအထင်ကြီးအောင် လုပ်ယူပြောရတဲ့အရာတွေ မပါပဲနဲ့ သူမရဲ့အကြောင်းတွေကို မကွယ်မဝှက်တမ်းပြောလာတာကြောင့် ပရိတ်သတ်တွေက သဘောကျရပါတယ်။

အခုလည်း မင်းသမီးရတနာဗိုလ်က ဒီလိုငယ်ဖြူကိုရင်လေးတွေကို မိဘစေခိုင်းလိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်ပြီးတော့ သာသနာ့အကျိုးကို သယ်ပိုးနေတာတွေ့ခဲ့တာကြောင့် ဝမ်းသာဂုဏ်ယူမိတယ်လို့ ပြောလာပါတယ်။သူအနေနဲ့ကတော့ အခုနောက်ပိုင်းမှာ နေ့တိုင်းတောင် ဘုရားမရှိခိုးဖြစ်ဘူးဆို့ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။တစ်ခြားသူတွေအတွက်တော့ နေတိုင်းဘုရားမရှိခိုးဖြစ်ရင်တောင် ဘယ်သူမှမသိပဲပြီးသွားမှာ ဆိုပေမယ့် ရတနာဗိုလ်ကတော့ သူမအလုပ်ရှုပ်နေတဲ့အကြောင်းတွေကို ဘုရားကို ပြောပြပြီးတော့ နောက်နေ့မှပေါင်းပြီးတော့ ရှိခိုးမယ့်အကြောင်းပါ အပေးအယုလုပ်တတ်ပါသေးတယ်။

ဒီလိုတွေဘာကြောင့်လုပ်ရတာလဲဆိုရင်တော့ ရတနာဗိုလ်က အရင်တုန်းကတော့ ဘုရားတရားအရမ်းလုပ်ပြီးတော့ ဘဝမှာတစ်ခါမှ မလုပ်ဖူးတဲ့ အဓိဌာန်တွေတောင် မှန်မှန်ကန်ကန်လုပ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ဒီအဓိဌာန်တွေရဲ့ အကျိုးကျေးဇူးကြောင့်ပဲ သူမဘဝမှာ ကြီးကြီးမားမားပြောင်းလဲပြီးတော့ အောင်မြင်မှုတွေရခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒါဘာလဲဆိုရင်တော့ အနုပညာအသိုင်းအဝိုင်းက မဟုတ်ပဲနဲ့ ကျောထောက်နောက်ခံမရှိပဲနဲ့ ရတနာဗိုလ်က နာမည်ကြီးမင်းသားတွေစင်တင်ပေးတဲ့ အနုပညာပျိုးခင်းမှာပါဝင်ခွင့်ရခဲ့တာပါပဲ။မန္တလေးသူ ရတနာဗိုလ်က အနုပညာကျောထောက်နောက်ခံမရှိ ကူညီ ပံ့ပိုးပေးမယ့်သူတွေမရှိပဲ ရိုးရိုးအေးအေး မိဘနှစ်ပါးရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့ရတာဖြစ်ပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ သူအနေနဲ့ ဘာသာရေးကို အားကိုးခဲ့ရပါတယ်။ဒါကြောင့်မို့လို့ တစ်နေကုန်လုံး ဘုရားရှိခိုးခဲ့တဲ့အချိန်တွေတောင်ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီကနေမှအဓိဌာန်တွေမပျက်လုပ်ပြီးတော့ ဘာသာရေးကို တိတိကျကျလိုက်နာပြီးတော့ လုပ်ခဲ့တဲ့အခါမှာ သူမဘဝအတွက် ပြောင်းလဲမှုအကြီးကြီးဖြစ်လာစေမယ့် အနုပညာပျိုးခင်းကို ဝင်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါဟာတိုင်ဆိုင်မှုတစ်ခုလို့ပြောနိုင်ပေမယ့်လည်း ရတနာဗိုလ်ကတော့ ဘာသာရေးရဲ့ အကျိုးကျေးဇူးကြောင့် သူမအနေနဲ့ ဒီလိုအောင်မြင်မှုမျိုးကို ရခဲ့တာလို့ ခံယူထားပါတယ်။ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ဘုရားမရှိခိုးဖြစ်တာတောင်မှ ဘုရားကိုအားနာပြီးတော့ သူမရဲ့ အခက်အခဲတွေတင်ပြပြီး တောင်းပန်တတ်တာပါ။ဒီလိုတွေကြောင့်ပဲ ပရိတ်သတ်တွေက ရတနာဗိုလ်ရဲ့ စကားပြောဟန်တွေကို ပိုပိုသဘောကျလာရပြီးတော့ ချစ်လာရပါတယ်။

ရတနာဗိုလ်က တစ်ခြားသောမင်းသမီးတွေနဲ့ မတူပဲနဲ့ media တွေရှေ့မှာရော အပြင်လောကမှာရော ဟိတ်ဟန်မရှိပဲ ပေါ့ပေါ့ပါးပါးပြောဆိုနေထိုင်တတ်တဲ့ သူတစ်ဦးပါ။ဒီလိုဘာသာရေးပေါ်ထားတဲ့ သူမရဲ့ ပွင့်လင်းတဲ့စိတ်ကို ချမပြခင်တုန်းကလည်း ပညာရေးမှာ စိတ်ပါမဝင်စားခဲ့တဲ့သူမရဲ့ ပြောစကားတွေကို ကြည့်ပြီးတော့ ပရိတ်သတ်တွေက သဘောကျနေခဲ့ရပါသေးတယ်။ကျောင်းလည်းမတက်ဘူး၊စာလည်းမကျက်ချင်ဘူး၊ပညာတတ်ကြီးလည်း မဖြစ်ချင်ဘူးဆိုပြီးတော့ ငယ်ငယ်က ပညာရေးမှာ အားနည်းခဲ့ရတဲ့အကြောင်းတွေကို ပြောပြလာတဲ့အခါမှာလည်း ပရိတ်သတ်တွေက အတော်လေး သဘောကျခဲ့ရပါသေးတယ်။

ဒီလိုအပြောတွေကြောင့်ပဲ ရတနာဗိုလ်က ဇာတ်လမ်းတွဲထဲမှာသာ သူချစ်ခင်အဖြစ် အမုန်းခံရပေမယ့် အပြင်လောကမှာတော့ လူတကာရဲ့ ချစ်ခင်ခြင်းကို ခံရပြီးတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်နေရတာပါ။

ရေးသားသူ –One daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...