မိတင်စိန်ဇာတ်ကားရဲ့ အဓိဇာတ်ဆောင် မိုးဟေကို ကို ကျော်ပြီးFanအင်အား၃၀၀ကျော်ရဲ့ အားပေးဝန်းရံတာခံခဲ့ရတဲ့ ခိုင်နှင်းဝေ

Celebrity Local News
မိတင်စိန်ဇာတ်ကားရဲ့ အဓိဇာတ်ဆောင် မိုးဟေကို ကို ကျော်ပြီးFanအင်အား၃၀၀ကျော်ရဲ့ အားပေးဝန်းရံတာခံခဲ့ရတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်‌းဝေကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေးဆိုတာကို မိတင်စိန်ဇာတ်ကားကို လာပြီး အားပေးဝန်းရံတဲ့ Fanတွေကိုကြည့်ရင်သိနိုင်ပါတယ်။မိတင်စိန်ဇာတ်ကားထဲမှာ ခိုင်နှင်းဝေအနေနဲ့ အဓိကဇာတ်ဆောင်မင်းသမီးတစ်ယောက်မဟုတ်ပေမယ့် လာအားပေးဝန်းရံတဲ့ Fanတွေက မင်းသမီးမိုးဟေကိုကို လာအားပေးတဲ့ ပရိတ်သတ်ထက်တောင်များလို့နေပါတယ်။

မိတင်စိန်ရုပ်ရှင်ဇာတ်ကားကြီးက မိုးဟေကိုရဲ့ ကားလို့တောင်ပြောလို့ရပေမယ့် လာအားပေးကြတဲ့ ပရိတ်သတ်တွေကတော့ ခိုင်နှင်းဝေရဲ့ Fan တွေကြီးပါဘဲ။ခိုင်နှင်းဝေကတော့ ပရိတ်သတ်ချစ်ခင်မှုကိုရထားတဲ့မင်းသမီးတစ်လတ်ပါ။သူမကိုချစ်ခင်တဲ့ ပရိတ်သတ်တွေကတော့ လူကြီး၊လူငယ်မရွေးချစ်ခင်ကြတာလည်းဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လတ်ဖြစ်ပြီးဇာတ်ကားတိုင်းမှာ ဘယ်လိုဇာတ်ရုပ်ဘဲ လာလာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တာကြောင့် ခိုင်နှင်းဝေဇာတ်ကားဆိုရင် မကြိုက်တဲ့ သူမရှိသလောက်ပါဘဲ။သရုပ်ဆောင်ကောင်းလို့ ချစ်ခင်သူတွေအများအပြားရှိသလို၊စိတ်သဘောထားကောင်းပြီး အများအကျိုးသယ်ပိုးနေတာကြောင့် မြန်မာတစ်ပြည်လုံးနီးပါးက သူမရဲ့ ပရိတ်သတ်တေ‌ွချည်းပါဘဲ။

ခိုင်နှင်းဝေရဲ့ Fanတွေကတော့ အများမတူဘဲ သူမလိုအပ်တာတွေကို ပံပိုးပေးတတ်သူတွေပါ။အနုပညာနဲ့ ပတ်သက်တာတွေကိုဘဲ အားပေးဝန်းရံခဲ့တာမဟုတ်ဘဲ၊အလှူအတန်းနဲ့ပတ်သက်ရင်လည်း ပါဝင်ကူညီပေးတတ်ကြပါတယ်။ခိုင်နှင်းဝေလှူမယ့်နေရာအထိလိုက်ပြီး လုပ်အားပေးကြသလို၊မလှူခင်မှာလိုအပ်တဲ့ အလုပ်တွေကိုလည်း Fanတွေကဘဲ ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုအခါမှာလည်း နေရာတိုင်းမှာ အမြဲအားပေးဝန်းရံတတ်တဲ့ ခိုင်နှင်းဝေရဲ့ Fanတွေက မိတင်စိန်ဇာတ်ကားကြီးရဲ့ Press show မှာ အားပေးဝန်းရံခဲ့ကြပါတယ်။အားပေးဝန်းရံတဲ့ Fanတွေကလည်းနည်းနည်းနောနော မဟုတ်ဘဲ အယောက်၃၀၀ကျော်ရှိပါတယ်။Fanတွေကတော့
သူတို့အနေနဲ့ အခုလိုလာပြီးအ‌ားပေးဝန်းရံတာ ခိုင်နှင်းဝေကိုမပြောထားဘူးလို့ဆိုပါတယ်။

အဓိကဇာတ်ဆောင်မင်းသမီးမဟုတ်ပေမယ့် တစ်ခန်းဆိုတစ်ခန်း ထိထိမိမိသရုပ်ဆောင်နိုင်တဲ့ အိုက်တင်တွေကို ကြိုက်သလို အဓိကကတော့ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ ခိုင်နှင်းဝေရဲ့ မျက်လုံးသရုပ်ဆောင်ချက်တွေကိုကြိုက်ကြတာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကအရင်ကလည်းသရုပ်ဆောင်ကောင်းပေမယ့် နောက်ပိုင်းတွေမှာ သူမရဲ့သရုပ်ဆောင်ချက်တွေက ပြောမပြတတ်အောင် ကောင်းလွန်းပါတယ်။

ဇာတ်ကား‌တိုင်းမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တာကြောင့် အနုပညာသက်တမ်းကြာပြီဖြစ်ပေမယ့်လည်း အခုအချိန်ထိ မှေးမှိန်မသွားတဲ့အပြင် ပိုလို့တောင်လူကြိုက်များလာပါသေးတယ်။အားပေးတဲ့ ပရိတ်သတ်‌လည်းများလာသလို အခုနောက်ပိုင်းတွေမှာ ဇာတ်ကားတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရသလို၊ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးခဲ့ပါသေးတယ်။

ခိုင်နှင်းဝေရဲ့ Fanတွေကတော့ ရင်သွေးဇာတ်လမ်းတွဲထဲက ခိုင်နှင်းဝေရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်သလို အခုအခါမှာလည်း မိတင်စိန်ထဲမှာပါတဲ့ ‌ခိုင်နှင်းဝေရဲ့ သရုပ်ဆောင်ချက်တွေကိုကြိုက်လို့လာအားပေးကြသလို ‌ချစ်လို့ တကူးတကလာခဲ့ကြတဲ့ လူတွေလည်းများစွာရှိပါတယ်။

ဘယ်အနုပညာရှင်တွေရဲ့ Fanတွေဘဲဖြစ်ဖြစ် အနီးနားလောက်ကဘဲ လာပြီးဝန်းရံပေမယ့် ခိုင်နှင်းဝေရဲ့ Fanတွေကတော့ အနယ်နယ်အရပ်ရပ်ကနေ လာပြီး အားပေးကြတာကြည်နူးစရာပါဘဲ။ရန်ကုန်Fanတွေအပြင်၊ရန်ကုန်မြို့အနီးက မှော်ဘီ၊တိုက်ကြီးတို့ကလာသလို၊ပဲခူး၊နေပြည်တော်နဲ့ တစ်ခြားမြို့တွေကFan တွေပါ လာပြီး ဝန်းရံကြတာပါ။တစ်ချို့ဆိုရင် ခိုင်နှင်းဝေကို ဘယ်လောက်ထိ ချစ်လဲဆိုရင် အိမ်သော့ခတ်ပြီး မိသားစုလိုက်လာပြီး အားပေးတဲ့ ပရိတ်သတ်တွေတောင်ရှိလို့နေပါတယ်။

ခိုင်နှင်းဝေကတော့ သူ့ရဲ့Press show ကိုFanတွေလာမှာကိုလည်း မသိသလို၊လာခဲ့ရင်လည်းအနည်းအကျဉ်းလောက်ဘဲထင်ခဲ့တာပါ။Fanတွေကလည်း ခိုင်နှင်းဝေ Suprise ဖြစ်အောင် ပန်းစီးတွေ၊အရုပ်နဲ့ ခိုင်နှင်းဝေနာမည်ပါတဲ့ ဘောလုံး၊ဓာတ်ပုံတွေကိုင်ပြီး လာခဲ့ကြတာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ သူ့ပရိတ်သတ်တွေရဲ့ Suprise ကြောင့် တစ်ကယ် Suprise ဖြစ်ပြီး ရင်တွေပါခုန်နေခဲ့တဲ့အထိပါဘဲ။

အခုလောက်ထိလာ‌ပြီး အားပေးမယ်လို့မထင်ထားမိဘူးလို့ဆိုပါတယ်။အခုလိုလူအများကြီးနဲ့ လာအားပေးတာ သူ့အတွက် Suprise လည်းဖြစ်သလို ပြောမပြတတ်‌ေအာင်ဝမ်းသာလို့နေပါတယ်။ပရိတ်သတ်တွေကတော့ သရုပ်ဆောင်ကောင်းတဲ့ ခိုင်နှင်းဝေကို မိတင်စိန် ဇာတ်ကားနဲ့ အကယ်ဒမီခိုင်နှင်းဝေဖြစ်စေချင်နေကြပါပြီ။

ခိုင်နှင်းဝေအနေနဲ့ ရိုက်ရမယ့် အပိုင်းသိပ်မပါပေမယ့် ပါတဲ့အပိုင်းတွေမှာ လုပ်ခွင့်ရတဲ့ ဇာတ်ကွက်ကလည်း ကြိုးစားရင်ကြိုးစားသလိုဖြစ်နိုင်တာကြောင့် သူ့ဘက်က အစွမ်းကုန်ကြိုးစားထားတယ်လို့ဆိုပါတယ်။ခိုင်နှင်းဝေ အနေနဲ့ အစွမ်းကုန်ရိုက်ကူးထားသလို ပရိတ်သတ်တွေကလည်း အကယ်ဒမီရဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေအနေနဲ့ အားလုံးမျှော်လင့်ထားသလို မိတင်စိန်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကိုပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ -Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...