မွေးထားပြီး မကျွေးနိုင်တော့လို့ဆိုကာ အမွှာလေးတွေကို ခိုင်နှင်းဝေဆီစွန့်ပစ်လာတဲ့မိခင်

Celebrity Local News
မွေးထားပြီး မကျွေးနိုင်တော့လို့ဆိုကာ အမွှာလေးတွေကို ခိုင်နှင်းဝေဆီစွန့်ပစ်လာတဲ့မိခင်

မိဘမဲ့ကလေးတွေရဲ့ဘဝကိုကယ်တင်ဖို့မိဘမဲ့ဂေဟာဖွင့်ခဲ့တဲ့ခိုင်နှင်းဝေဆီမှာ ခေတ်ကာလရဲ့ကျပ်တည်းမှုကြောင့် မိဘရှိတဲ့ကလေးတွေကိုတောင်လာစွန့်ပစ်လာကြပါတယ်။မကြာသေးခင်က မသန်စွမ်းဖခင်နဲ့မိသားစုရဲ့အကြွေးတွေကြောင့် ခိုင်နှင်းဝေဆီစွန့်ပစ်ခဲ့တဲ့ကလေးရှိခဲ့ပြီး အခုအခါမှာတော့မိဘရှိရက်နဲ့မွေးထားပေမယ့်ကျွေးမထားနိုင်တော့လို့ဆိုကာ ခိုင်နှင်းဝေဆီအမွှာကလေးတွေစွန့်ပစ်လာပါတယ်။

အမွှာကလေးမွေးထားတဲ့မိခင်ဖြစ်သူက ယောက်ျားရဲ့ပစ်သွားတာကိုခံခဲ့ရပြီး သူကိုယ်တိုင်ကလည်းကလေးတွေကို မကျွေးမွေးနိုင်တော့လို့ဆိုကာ ခိုင်နှင်းဝေလက်ထဲအပ်လာပါတယ်။ဗိုက်တစ်လုံးနဲ့အပစ်ခံခဲ့ရတဲ့ မိခင်ကဒီအမွှာကလေးနှစ်ယောက်နဲ့လုပ်စားလို့မနိုင်တာကြောင့် ဆိုကာခိုင်နှင်းဝေဆီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မမှာမိဘ၂ပါးလည်းရှိတာကြောင့် ဒီမိသားစုကိုတာဝန်ယူထားရပြီးအကြွေးတွေလည်းရှိနေပါတယ်။ဒါ့ကြောင့် ကလေးတွေမရှိတော့မှပဲ အလုပ်လုပ်ပြီးအကြွေးတွေဆပ်ရမှာလို့ပြောလာပါတယ်။သားသမီးရတနာတွေရလာပေမယ့် ဒီအချက်တွေကြောင့်ပဲမိခင်ဖြစ်သူကကလေးတွေကို နို့မှုန့်လည်းမတိုက်နိုင်ဘူး။မွေးလည်းမမွေးနိုင်ဘူးဆိုကာ ခိုင်နှင်းဝေလက်ထဲကိုပစ်ပစ်ခါခါထည့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

မိခင်ဖြစ်သူကိုယ်တိုင်က ကလေးတွေကိုအခက်အခဲတွေရှိလည်း ဘယ်လိုရအောင်မွေးမလဲမစဉ်းစားပဲ သူမလုပ်နိုင်ကြောင်းကိုသာတဖွဖွပြောလာပါတယ်။ကလေးတွေကို ခိုင်နှင်းဝေလက်ထဲထည့်ပေးလိုက်ရင်သူ့ရဲ့အခက်အခဲတွေလည်းပြေလည်သွားလိမ့်မယ်လို့ တထစ်ချယုံကြည်ထားပါတယ်။

မိခင်ဖြစ်သူက သူ့ရဲ့လက်ထဲမှာကလေးတွေကောင်းကောင်းမွန်မွန်မနေရဘဲ ခိုင်နှင်းဝေဆီမှာတော့ ကောင်းကောင်းမွန်မွန်နေရမယ် ဆိုကာ လွယ်လွယ်လေးစဉ်းစားပြီးစွန့်ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကယ်တော့ခိုင်နှင်းဝေပြောသလို ကလေးတွေဆိုတာဒီအရွယ်မှာစားဖို့သောက်ဖို့အိပ်ဖို့လောက်ပဲသိပေမယ့် စဉ်းစားတတ်တဲ့အရွယ်ရောက်လာရင်တော့ ပြည့်ပြည့်စုံစုံနေရသည်ဖြစ်စေ မနေရသည်ဖြစ်စေ မိဘတွေကကိုယ့်ကိုဘာကြောင့်ပစ်သွားရတာလဲလို့စဉ်းစားမိမှာအမှန်ပါပဲ။

မိဘမရှိဘဲကြီးပြင်းလာရတဲ့ကလေးနဲ့ မိဘရဲ့အရိပ်အောက်ကြီးပြင်းလာရတဲ့ကလေးက စိတ်ဓာတ်ခိုင်မာပုံခြင်း ဘဝကိုတွေးမြင်ပုံခြင်းမတူကြပါဘူး။ခိုင်နှင်းဝေကိုယ်တိုင်ကလည်း အဖေမရှိပဲကြီးပြင်းခဲ့ရသူဖြစ်တာကြောင့် ပြည့်စုံစွာနေခဲ့ရပေမယ့်လည်း အဖေဖြစ်သူကဘာကြောင့်စွန့်ပစ်ခဲ့တာလဲဆိုတဲ့အတွေးကြီးနဲ့တစ်သက်လုံး ဝမ်းနည်းညှိုးငယ်စွာနေခဲ့ရတာပါ။

ကလေးတွေက စွန့်ပစ်သွားတဲ့မိဘတွေအပေါ်မှာ နာကျဉ်းချက်နဲ့ ကံကြီးထိုက်မှာကိုလည်းခိုင်နှင်းဝေကမလိုလားပါဘူး။ဒါကြောင့်ပဲ မိခင်ဖြစ်သူကိုဆုံးမစကားတွေလည်း ပြောဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်းမိခင်ဖြစ်သူကတော့ ကလေးတွေကိုပေးဖို့အတွက် ဆုံးဖြတ်ပြီးပါပြီ။ဒီအတွက်ကြောင့် မိခင်စိတ်မရှိဘူးဆိုကာဝေဖန်ပြောဆိုနေသူတွေအများကြီးရှိပေမယ့်လည်း

ယောက်ျားဖြစ်သူကတောင် တာဝန်မယူပစ်သွားခဲ့တဲ့ဒီကလေးတွေကိုမိခင်အနေနဲ့လည်းဆက်ပြီးတာဝန်ယူချင်စိတ်ရှိပုံမပေါ်ပါဘူး။ယောက်ျားဖြစ်သူက အလုပ်သွားလုပ်မယ်ဆိုကာ မိန်းမကိုကိုယ်ဝန်နဲ့ပစ်ထားခဲ့ပြီးထွက်သွားခဲ့တာ လေးငါးလရှိခဲ့ပါပြီ။မိခင်တစ်ယောက်ထဲဒီကလေးတွေရဲ့နို့မှုန့်ဖိုးအပြင် အကြွေးတွေလည်းရှိနေတဲ့သူမမှာ ဘယ်သူမှလည်းအားကိုးစရာမရှိနေပါဘူး။

ယောကျ်ားဖြစ်သူရဲ့မိဘတွေကို သွားပေးတဲ့အခါမှာလည်းသူတို့ကိုယ်တိုင်အဆင်မပြေတာကြောင့် ကလေးကိုခိုင်နှင်းဝေဆီပေးလိုက်ဖို့လက်မှတ်ထိုးပေးလာကြပါတယ်။ကလေးအမေရဲ့မိဘတွေကလည်းရွာမှာ နေမကောင်းမကျန်းမမာဖြစ်နေကြတာကြောင့်ရွာပြန်ရင်ဒီကလေးတွေကိုခေါ်သွားလို့မဖြစ်ဘူးလို့ပြောလာပါတယ်။

အမွှာလေးတွေဆိုရင် ရခဲပြီးအတော်များများကချစ်ကြပေမယ့်အမေဖြစ်သူကတော့ ကလေးတွေကိုကောင်းစားစေချင်တာကြောင့်ခိုင်နှင်းဝေဆီပေးဖို့ဆုံးဖြတ်ခဲ့တာလို့ပြောလာပါတယ်။အကယ်၍ခိုင်နှင်းဝေသာမရှိဘူးဆိုရင်ရော ဒီကလေးတွေကိုဘယ်လိုလုပ်မှာလဲမေးလာတဲ့အခါမှာတော့တခြားယူမယ့်သူကိုပေးပစ်မှာပါလို့အလွယ်တကူပြောလာပါတယ်။ခိုင်နှင်းဝေဆီမှာလည်း ကလေးပေါင်းများစွာအပြင် အမွှာလေးတွေကလည်း ဒီကလေးတွေအပါအဝင်ဆိုရင် ၉မွှာရှိနေပါတယ်။

ခိုင်နှင်းဝေရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီးအားလုံးကအဆင်ပြေတယ်ထင်နေကြပေမယ့်လည်း နောက်ကွယ်မှာ ဒီကလေးတွေအားလုံးလူတန်းစေ့နေနိုင်ဖို့ သူလည်းပင်ပင်ပန်းပန်းရှာဖွေနေရတာပါပဲ။ဒါ့ကြောင့်တကယ်ဒုက္ခရောက်နေတဲ့ကလေးပဲ ကယ်တင်ချင်တယ်။ကလေးတွေကိုမိဘမဲ့မဖြစ်စေချင်ဘူး”လို့ ခိုင်နှင်းဝေက ပြောလာပါတယ်။ဒါတွေကြောင့်(၇)ရက်သားသမီးအလှူရှင်ပေါ်လာရင် မိခင်ရဲ့အကြွေးတွေကိုဆပ်ပေးမယ် ။ကလေးတွေကိုမွေးပေးပါလို့ခိုင်နှင်းဝေကပြောပေမယ့်အမေဖြစ်သူကတော့ ဆက်မကျွေးနိုင်ဘူးဆိုကာ ကိုယ့်ရင်သွေးတွေကိုစွန့်ပစ်ဖို့ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ပါတယ်။

ဘာမှမသိသေးတဲ့ကလေးတွေခမျာ မိဘတွေကြောင့်ပဲလူ့လောကထဲရောက်ခဲ့ပြီးအခုတော့မိဘတွေကြောင့်ပဲ မိဘမဲ့ဘဝကိုရောက်ရပြန်တယ်။မွေးလာပြီးမှ မိဘမဲ့အဖြစ်စွန့်ပစ်မှာချင်းအတူတူ အစကတည်းကမိဘနေရာခံယူပြီးကလေးတွေမမွေးသင့်ပါဘူး။ကျန်းမာရေးဗဟုသုတတွေလည်းလက်လှမ်းမှီသလောက်လေ့လာပြီး ကလေးတစ်ယောက်ကိုလူ့လောကထဲလွယ်လွယ်ခေါ်ပြီး စိတ်ဒုက္ခမပေးဖို့လိုပါတယ်။

ရေးသားသူ -One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...