ရခိုင်နတ်ဒိုးနဲ့ Tiktok ဆော့ပြီး ဝေဖန်ခံနေရသူတွေက သူ့ကို စော်ကားလို့ ဝဋ်လည်နေကြတယ်ဆိုပြီး ပွဲလန့်တုန်းဖျာခင်းလာတဲ့ အေမီဈာန်

Celebrity Local News
ရခိုင်နတ်ဒိုးနဲ့ Tiktok ဆော့ပြီး ဝေဖန်ခံနေရသူတွေက သူ့ကို စော်ကားလို့ ဝဋ်လည်နေကြတယ်ဆိုပြီး ပွဲလန့်တုန်းဖျာခင်းလာတဲ့ အေမီဈာန်

အမြဲတမ်းသူသိ သူတတ် လုပ်တတ်တဲ့ ဆရာမကြီး အေမီဈာန်ကတော့ အခုအခါမှာလည်း သူ့နဲ့မဆိုင်ဘဲ ပွဲလန့်တုန်းဖျာဝင်ခင်းလိုက်ပြန်ပါပြီ။အမြဲတမ်းပူးနေခဲ့သလို ပရိတ်သတ်တွေ သူ့ကို စိတ်ဝင်စားလာတာကလည်း ပူးတာနဲ့ စခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အရာတစ်ခုပါ။အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် အဆိုတော်အနေနဲ့ နာမည်ကြီးခဲ့ သူမဟုတ်ဘဲ နဂါးပူးပြီး နာမည်ကြီးခဲ့သူတစ်ယောက်ပါ။

နဂါးမလေး ကနေ ဘာဘီမလေး ဖြစ်သွားတဲ့ အေမီဈာန်

မြန်မာနိုင်ငံမှာလူတော်တော်များများပူး‌ေနကြပေမယ့် အေမီဈာန်လောက် လူစိတ်ဝင်စားမှုမရခဲ့တာလည်းဖြစ်ပါတယ်။ရိုးရိုးသာမာန်ပူးပြတာကို လူတွေ စိတ်မဝင်စားပေမယ့် ချောမောတဲ့ ရုပ်ရည်နဲ့ ရင်နှစ်မွှာပေါ်ပြီး ပူးနေတဲ့ အေမီဈာန်ကို တော့ လူအများသတိထားမိခဲ့ကြတာပါ။

‌ေအမီစျာန်က‌ တော့ ပူးတာတစ်ခုတည်းနဲ့ဝေဖန်ခံနေရတာမဟုတ်ဘဲ မရယ်တတ်လို့ ရယ်နည်းကို သူများဆီကသင်ခဲ့ရတယ်ပြောခဲ့သလို၊လူအနံတွေနံလို့ ရေမွှေးဆောင်ထားတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်ပြောရာကနေ ပရိတ်သတ်တွေ ရဲ့ ဝေဖန်တာကို စတင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အေမီဈာန်ကတော့ လူစိတ်ဝင်စားအောင်လုပ်ခဲ့ပြီး သိုက်တစ်ခုပြီးတစ်ခုဝင်ပူးခဲ့ပြန်ပါတယ်။

နဂါးဝင်ပူးခံရပြီဆို စိတ်အရမ်းကြီးတယ်' အေမီဈာန် #AMiZan #အေမီဈာန် @myan... |  TikTok

မဖြစ်နိုင်တဲ့ အရာတွေကို လုပ်နေခဲ့တာကြောင့် ဝေဖန်မှုတွေကတော့ ပြင်းထန်ခဲ့ပြီး ပရိတ်သတ်တွေအပြင် အနုပညာရှင်တွေကပါ ကြည့်မရဖြစ်ခဲ့ရပါတယ်။အားလုံးကတော့ သူ့ရဲ့လုပ်ရက်ဟာ တစ်ကယ်ဖြစ်နေတာမဟုတ်ဘဲ နာမည်ကြီးချင်လို့ ဇာတ်လမ်းရှာတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

ပရိတ်သတ်တွေရဲ့ အပြောကို သဘောမကျပေမယ့် ပြန်ပြောဖို့ အခွင့်မသာသေးတာကြောင့် ငြိမ်နေခဲ့ပေမယ့်လည်း အခုအခါမှာတော့ ပရိတ်သတ်တွေကို အခွင့်သာတုန်းတုန့်ပြန်လာခဲ့ပါတယ်။ပရိတ်သတ်‌တချို့ကတော့ မကြာသေးခင်က trend တစ်ခုကို Join ရာကနေ ဝေဖန်ခံနေခဲ့ရပါတယ်။လိုင်းပေါ်မှာ ရေပန်းစားပြီး လူအများလိုက်ဆော့နေကြတဲ့ ရခိုင်ရိုးရာနတ်ဒိုးတစ်ပုဒ်ကြောင့် ရခိုင်လူမျိုးတွေရဲ့ ဝေဖန်တာကို ခံနေရတာပါ။

ပရိတ်သတ်တော်တော်များများကတော့ သီချင်းရဲ့ အဓိပ္ပါယ်ကိုမသိဘဲ မြူးတဲ့ သံစဉ်ကြောင့်သာ Tiktok ဆော့ဖြစ်နေကြတာပါ။အဲ့ Trend ကိုjoin တဲ့လူတွေက များပြားနေခဲ့ပြီး Social media မှာ ရေပန်းစားတဲ့ trend တစ်ခုဖြစ်ခဲ့တဲ့အထိပါဘဲ။ရခိုင်နတ်ဒိုးသီချင်းနဲ့ Tiktok ဆော့ကြတဲ့ လူအများကတော့ သီချင်းရဲ့ စာသားနဲ့ အနက်ကို မသိတာကြောင့် မြူးနေတဲ့ တီးလုံးတွေကြောင့် တင်လှုပ်ပြီး ကနေကြသလို၊တစ်ချို့ကတဲ့ လူတွေရဲ့ ပုံစံကတော့ ဟာသတစ်ခုလိုဖြစ်လို့နေပါတယ်။

အဲ့ဒီTrend နဲ့ ပတ်သက်ပြီး ရခိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ရိုတကတော့ အခုလိုမျိုး လူအများ
Tiktok ဆော့ကြတဲ့အပေါ်မှာတော့ သူ့အနေနဲ့ ဝမ်းသာနေခဲ့ပါတယ်။ကွယ်ပျောက်တော့မှာဖြစ်တဲ့ သူတို့ရဲ့ ရခိုင်ရိုးရာနတ်ဒိုးကို ပရိတ်သတ်တွေ စိတ်ဝင်တစားဆော့ပေးကြလို့ အခုလိုမျိုးလူအများအပြားသိခဲ့ရတာကြောင့် ဝမ်းသာနေခဲ့တာပါ။

စာမကျက်ဘဲ ဆယ်တန်း ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တဲ့ အေမီဈာန်

ရိုတကတော့ ပရိတ်သတ်တွေနဲ့ အတူ Tiktok trend ကိုပျော်ပျော်ပါးပါး Join ခဲ့ပါ‌ေသးတယ်။ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ရိုတကတော့ အခုTrend ကိုကျေနပ်ပေမယ့် ရခိုင်လူမျိုးတစ်ချို့ကတော့ ဝေဖန်နေခဲ့ကြပါတယ်။သူတို့ရဲ့ ရခိုင်ရိုးရာနတ်ဒိုးသီချင်းက မိုးခေါင်တဲ့အခါမှာဖြစ်စေ၊ကွင်းရှင်မ ကို ပူဇော်ပသတဲ့ အခါမျိုးတွေမှာ တလေးတစား နဲ့သီဆိုကြတဲ့ သီချင်းတစ်ပုဒ်ကို အခုလိုဆော့နေကြတာကြောင့်ဝေဖန်နေခဲ့ကြတာပါ ။

ရိုးရိုးပံုမှန်သီချင်းမဟုတ်ဘဲ နတ်ဒိုးတစ်ပုဒ်ကို မဆီမဆိုင် တင်လှုပ်ပြီး ကနေတာကြောင့် အဲ့trend နဲ့ပတ်သက်ပြီး ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။အခုလိုမျိုးဝေဖန်မှုတွေအပေါ်မှာတော့ မဆီမဆိုင်ဘဲ ထားဝယ်တစ်ယောက်ဖြစ်တဲ့ အေမီဈာန်က ဝင်ပါခဲ့ပါသေးတယ်။

ပရိတ်သတ်‌ေတွ အခုလိုဝေဖန်ခံနေရတာ သူ့ကိုစော်ကားလို့ဝဋ်လည်နေတာဆိုပြီးပြောလာခဲ့ပါတယ်။အေမီဈာန် နဂါးပူတာက နာမည်ကြီးချင်လို့လုပ်ခဲ့တဲ့အပေါ်မှာ ပရိတ်သတ်တွေက ဝေဖန်နေခဲ့တာကြောင့် သူ့အနေနဲ့ နာမည်ကြီး ချင်လို့ နဂါးပူးတာမဟုတ်ဘဲ နဂါးပူးလို့ နာမည်ကြီးသွားတဲ့ အကြောင်း အခွင့်သာတုန်းပြောလာခဲ့ပါတယ်။

အောင်မြင်ပြီးနောက်ပိုင်း နဂါးပူးတာတွေလက်မခံတော့ဘူးဆိုတဲ့ အေမီဈာန် - Moe Nat  Min

သူကို စော်ကားထားတဲ့ ပရိတ်သတ်တွေကတော့ အခုအချိန်မှာ ရခိုင်နတ်ဒိုးကို Join ပြီး နာမည်ကြီးအောင်လုပ်နေတယ်ဆိုပြီး တုံ့ပြန်လာခဲ့ပါတယ်။ပရိတ်သတ်တွေမသိလို့ Joinတဲ့ကိစ္စမှာ သူ့အနေနဲ့ ဝဋ်လည်တယ်ပြောနေခဲ့သလို သူများရိုးရာကို ပျက်ရယ်မပြုဖို့ ပြော‌နေပေမယ့် သူကိုယ်တိုင်သိသိရက်နဲ့ ဟိန္ဒူဘုရားဝင်ပူးတဲ့ကိစ္စကသာ ဘာသာရေးကို ပျက်ရယ်ပြုပြီး ညိုးနွမ်းအောင်လုပ်နေတယ်ဆိုတာကို မေ့နေခဲ့တာပါ။အေမီဈာန်ကတော့ နာမည်ကြီးချင်တာတစ်ခုတည်းသိပြီး ပြောချင်တာပြောနေခဲ့တာကြောင့် လူအများဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။

ရေးသားသူ – One Daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...