သိန်းတစ်ထောင်‌ပေးရင်တောင် ဇာတ်ပြန်မကဘူးပြောခဲ့ပေမဲ့ ဇာတ်ပြန်ကတော့မယ်မကြောင်း အသိပေးလာတဲ့ မင်းသားစွမ်း

Celebrity Local News
သိန်းတစ်ထောင်‌ပေးရင်တောင် ဇာတ်ပြန်မကဘူးပြောခဲ့ပေမဲ့ ဇာတ်ပြန်ကတော့မယ်မကြောင်း အသိပေးလာတဲ့ မင်းသားစွမ်း

စွမ်းကတော့ ဘယ်လောက်ဘဲ မကောင်းတာတွေလုပ်ခဲ့ပါစေ ချစ်ခင်သူ‌တွေ ယနေ့ထိတိုင်ပေါများနေဆဲပါ။အနုပညာအလုပ်တွေ မလုပ်တော့တာကြာခဲ့ပေမယ့် အခုအချိန်အထိ ပရိတ်သတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်‌ေယာက်ပါ။လမ်းမှားရောက်ပြီး မူးယစ်သားကောင်ဖြစ်ခဲ့တဲ့ အချိန်တုန်းကလည်း သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေက ဟင်းလာချက်ပေးသလို ၊အိမ်သန့်ရှင်းရေးလာလုပ်ပေးတဲ့ အထိ ချစ်ခင်ကြတာပါ။

၂၄နာရီလုံးမူးနေခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ အချစ်ကလျှော့မသွားကြဘဲ စွမ်းခံစားနေရတဲ့ ရောဂါတွေပြန်ကောင်းပြီး အရင်လို ဇာတ်ပြန်ကမယ့် နေ့ကို စောင့်ဆိုင်းနေကြဆဲပါ။ဆိုးသွမ်းခဲ့‌ေပမယ့် ပရိတ်သတ်တွေကလည်း ချစ်သလို၊ ဆရာဖြစ်သူ မြန်မာစာ သျှန်ထွန်းကလည်း သားတစ်ယောက်လို သ‌ဘောထားနေခဲ့ပါတယ်။

စွမ်း‌အသည်းရောဂါခံစားနေရချိန်မှာလည်း သူ့အနေနဲ့ ဆေးကုသဖို့အတွက် ဖျောင်းဖြပေးနေသလို၊ပေါင်သွေးကြောပိတ်နေတဲ့ အချိန်မှာလည်း ဆရာဝန်တွေနဲ့ ကုသခဲ့သလို ဆရာထူးခန့်ကျော်နဲ့ ဆက်သွယ်ပြီး သားလိုသဘောထားရတဲ့ စွမ်းကို ကုသပေးနေခဲ့သူပါ။

စွမ်းကတော့ ဆရာကောင်းတစ်ယောက်ကိုရထားသလို သူ့ဘက်ကလည်း လိမ္မာသိတတ်တဲ့ တပည့်တစ်ယောက်ပါ။ဘယ်လောက်ဘဲ လမ်းမှာ‌းရောက်ပြီး မူးရူးနေပါစေ ဆရာကို ဆရာမှန်းသိတာကြောင့် ဆရာသျှန်ထွန်းတစ်ယောက် အချစ်ပိုနေရတာပါ။

စွမ်းကတော့ အခုအချိန်မှာ အရင်လို မဆိုးတော့ ဘဲ ဆေးကုသမှုခံယူနေတာကြောင့် ရောဂါဝေ‌ဒနာတော်တော်များများသက်သာလို့နေခဲ့ပါပြီ။ဆရာဝန်တွေနဲ့ လည်း ပုံမှန်ဆေးကုသမှုခံယူနေပြီး အသည်းနဲ့ပတ်သက်တဲ့ ဝေဒနာ‌ သက်သာလာခဲ့ပေမယ့် ခြေထောက်သွေးကြောပိတ်နေခဲ့ပြန်ပါတယ်။ ပေါင်မှာ သွေးခဲလေးတွေပိတ်နေတာကြောင့် လမ်းကောင်းကောင်းမ‌လျှောက်နိုင်‌ေတာ့ဘဲ ဆရာဝန်နဲ့ လည်း ပြသလို ဆရာထူးခန့်ကျော်ဆီမှာပါ ကုသမှုခံယူနေခဲ့ပါပြီ။

ဆရာနှစ်ယောက်လုံးနဲ့ ကုသနေပေမယ့် စွမ်းရဲ့ခြေထောက်က အခုအချိန်အထိ ပြန်ကောင်းမလာသေးပါဘူး။ဆရာဝန်က ခြေထောက်အခြေအနေကို ၁လ စောင့်ကြည့် ခိုင်းထားသလိုမသက်သာရင် ခွဲစိတ်ရမှာဖြစ်ပြီး က‌ံ‌မကောင်းရင် ခြေထောက်ပါ ဖြတ်ရနိုင်ပါတယ်။

အရာရာကို အသစ်ကပြန်စချင်တာကြောင့် ကောင်းတာတွေဘဲ ရွေးလုပ်နေတဲ့ စွမ်းကတော့ ခြေထောက်ဖြတ်ရလောက်တဲ့ အထိ အခြေ
အနေဆိုးမဆိုးလောက်ဘူးလို့ပြောလာပါတယ်။
ဆေးကုသမှုခံယူနေတဲ့ စွမ်းကို ဇာတ်ပြန်ကဖို့ အားလုံးက တိုက်တွန်းနေခဲ့ပြီး ပြန်ကဖို့ လာပြောတဲ့ သူတွေလည်း ရှိသလို၊ပွဲလာဌားတဲ့ လူတွေလည်း ရှိပေမယ့် သူ့အနေနဲ့ ကဖို့ အဆင်မပြေတော့တဲ့ အခြေအနေပါ။

ခြေထောက်က အခြေအနေဆိုးနေသလို ရောဂါဝေဒနာ‌ေတွကြောင့် ခြေထောက်ကိုအားပြုပြီး ကဖို့ဆိုတာအခုအချိန်မှာ သူ့အတွက် ခက်ခဲနေတဲ့ အရာတစ်ခုပါ။စွမ်းကတော့ ဇာတ်ခုံကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေကိုလည်း အလေးထားတဲ့ လူတစ်ယောက်ပါ။အရင်က ဇာတ်ခုံပေါ်မှာ တောင်ရှည် မလဲဘဲ မိုးလင်း၆နာရီလောက်ထိ ကပြဖျော်ဖြေခဲ့တဲ့ မင်းသားစွမ်းကတော့ လက်ရှိအခြေ‌အနေက အရင်လို ပြန်ကဖို့ အဆင်‌မပြေတော့တာလည်းဖြစ်ပါတယ်။

စွမ်းကတော့ ဇာတ်ခုံကို မြတ်နိုးသလို၊သူ့ရဲ့ မင်းသားခေါင်းပေါင်းလေးကိုလည်း အခုထိ အမြတ်တနိုး သိမ်းထားပေမယ့် အခုအချိန်မှာ သိန်း၁၀၀၀လာပေးရင်တောင် ပြန်မကတော့ ဘူးဆိုပြီး မကြာသေးခင်က ပရိတ်သတ်တွေကို အသိပေးလာခဲ့ပါတယ်။

စွမ်းကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ စွမ်းရဲ့ ပြောစကားကြောင့် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ပရိတ်သတ်တွေကတော့ ကျန်းမာရေးကောင်းရင် စွမ်းပြန်ကမယ်အထင်နဲ့ မျှော်နေခဲ့ပေမယ့် ဖြစ်မလာနိုင်တာကြောင့် အားလုံးဝမ်းနည်း‌ေနခဲ့ရတာပါ။အခုအခါမှာတော့ သူ့ပရိတ်သတ် အားလုံးရဲ့ ဝမ်းနည်းမ‌ှုတွေကို စကားလေးတစ်ခွန်းနဲ့ ဖြေဖျောက်ပေးခဲ့ပါပြီ။

“ကျွန်တော်နှုတ်ခမ်းနီဆိုးမယ်၊မျက်တောင်တုတပ်မယ်၊ခေါင်းပေါင်းပြန်ပေါင်းမယ်၊ပြန်ကမယ်”ဆိုတဲ့ စကားကြောင့်ဘဲ ပရိတ်သတ်တွေက အံ့ဩဝမ်းသာဖြစ်နေကြပါတယ်။‌ေရာဂါအ‌ ခြေအနေ ကြောင့် သိန်း၁၀၀၀ပေးရင်တောင်ပြန်မကတော့ဘူးဆုံးဖြတ်ထားပေမယ့် ပြန်ကရမယ့် အခြေ‌အနေ ဖြစ်နေခဲ့ပါတယ်။

သိန်း၁၀၀၀ ရလို့ပြန်ကတာမဟုတ်ဘဲ ဆရာဖြစ်တဲ့ သျှန်းထွန်း မြန်မာစာရဲ့ တောင်းဆိုမှုရယ်၊ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုတွေကြောင့် ပြန်ကဖို့ ဆုံးဖြတ်လိုက်တာပါ။သူ့အနေနဲ့ ဆရာထူးခန့်ကျော် ဆုံးမထားတဲ့ အတိုင်းပရိတ်သတ်တွေကို ကျေးဇူးပြန်ဆပ်ဖို့ မင်းသားပြန်ကတော့မှာလည်းဖြစ်ပါတယ်။

စွမ်းရဲ့ ခြေထောက်က အခုထိ ပြန်မကောင်းသေးပေမယ့် စွမ်းကတော့ ခြေထောက်ကို အရမ်းမသုံးဘဲ ပရိတ်သတ်တွေကျေနပ်အောင်ကပြသွားဖို့ စီစဉ်နေပါတယ်။သိပ်မကဖို့တွေးထားပေး‌မယ့် ဇာတ်ခုံပေါ်ရောက်ရင် လူရွှင်တော် အလှည့်မပေးဘဲ မိုးလင်းထိ ကတတ်တဲ့ စွမ်းကတော့ အခုတစ်ခေါက် ဇာတ်ခုံပေါ်ပြန်ရောက်ရင် ဘယ်လို အကအလှမျိုးနဲ့ ပရိတ်သတ်တွေကိုဖျော်‌ေဖြသွားမလဲဆိုတာ‌ကိုတော့ စွမ်းကိုချစ်တဲ့ ပရိတ်သတ်တွေ မျှော်လင့်စောင့်စားအား‌ေပးရမှာလည်းဖြစ်ပါတယ်။

ရေးသားသူ –one daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...