အငြိမ့်မင်းသမီးဘဝကနေ ပလုံကောက်စားနေရတဲ့ ဒေါ်ညွှန့်ညွှန့်စိန်အဖြစ်သို့
ခေတ်ကာလအရ မပြေလည်မှုတွေကြောင့်ရုန်းကန်နေကြရတဲ့အထဲမှာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အဘိုးအဘွားတွေလည်းပါပါတယ်။စိတ်မကောင်းစရာကတော့ တချိန်ကအငြိမ့်မင်းသမီးကြီးဖြစ်ခဲ့သူ အဘွားဒေါ်ညွှန့်ညွှန့်စိန်ကလည်း လက်ရှိမှာပလုံကောက်စားကာဘဝကိုရပ်တည်နေရပါတယ်။ဒေါ်ညွှန့်ညွှန့်စိန်က တချိန်ကအငြိမ့်မင်းသမီးကြီးဖြစ်ခဲ့ပေမယ့်လည်း စားတဝတ်နေရေးအဆင်မပြေတော့တာကြောင့်ပဲ အိတ်လေးတစ်လုံးနဲ့ပလုံကောက်စားရတဲ့ဘဝကိုရောက်နေရပါတယ်။
အဘိုးအဘွားအရွယ်တွေဆိုတာ ဘုရားရ်ိပ်တရားရိပ်အောက်မှာ အေးအေးချမ်းချမ်းအနားယူရမယ့်အရွယ်ဆိုပေမယ့်လည်း အဘွားဒေါ်ညွှန့်ညွှန့်စိန်ကတော့ားသမီးတွေကလည်း အဆင်မပြေပြန်မကြည့်နိုင်တာကြောင့်ပဲ ကိုယ့်ဝမ်းရေးအတွက်ကိုယ်ဒီလိုရှာဖွေစားသောက်နေရပါတယ်။တချိန်က ပရိတ်သတ်ချစ်ကြတဲ့အနုပညာသမားဘဝကနေ တစ်နေ့စားဖို့တစ်နေ့လုံးပင်ပင်ပန်းပန်းရှာဖွေရတဲ့ဒီလိုဘဝမျိုးရသွားတဲ့အတွက် ဒေါ်ညွန့်ညွန့်စိန်ကိုယ်တိုင်လည်းမျက်ရည်ကျနေရပါတယ်။ဒီလိုဖြစ်သွားရတဲ့ဘဝအတွက်လည်း ကိုယ့်ကိုယ်ကို ဝမ်းလည်းနည်းတယ် ။စိတ်လည်းမကောင်းဘူးဆိုတဲ့ အဘွားက ရင်နာရလွန်းလို့ “ဘဝဇာတ်ဆရာသီချင်း”ကို ထိုင်ဆိုပြီးမျက်ရည်ကျနေရပါတယ်။
အသက်၈၂နှစ်အရွယ်ရှိပြီဖြစ်တဲ့အငြိမ့်မင်းသမီးကြီးဒေါ်ညွှန့်ညွန့်စိန်က မျက်လုံးတွေလည်းကောင်းကောင်းမမြင်ရ ၊သွားတွေလည်းမကောင်းတော့တာကြောင့်ထမင်းကိုအစိလိုက်မျိုချနေရတဲ့အထိ ဇရာရဲ့ဖိစီးမှုတွေလည်းခံနေရပါတယ်။ဒါပေမယ့်လည်း လောကဓံကို ပြုံးပြုံးလေးရင်ဆိုင်ပြီး ပလုံကောက်ကာလင်မယားနှစ်ယောက်ရဲ့စားဝတ်နေရေးကိုဖြေရှင်းနေပါတယ်။အဖွားက သားသမီး(၆)ယောက်ရှိပ့ီးအခုလိုအခြေအနေရောက်နေပေမယ့်လည်း သားသမီးတွေကိုအပြစ်မတင်ဘဲ ကိုယ်တောင်အဆင်မပြေတာ သားသမီးတွေလည်းအဆင်ပြေမှာမဟုတ်ဘူးဆိုပြီး မိခင်ပီသစွာပဲဖြည့်တွေးပေးထားပါတယ်။
အဖွားမှာ သူ့ဘဝသူရင်နာရုံကလွဲပြီး ဘာမှမလှူမတန်းရလို့စိတ်မကောင်းရုံကလွဲပြီးတခြားသူတွေအပေါ်အပြစ်တင်စိတ်ကလေး တစ်စက်တောင်မရှိပါဘုး။ဒီလိုစိတ်ထားမျိုးရှိလို့လည်း အသက်(၈၂)နှစ်အရွယ်အထိ အရွယ်တင်နုပျိုနေပြီး လှပနေရတုန်းပါပဲ။အဖွားရဲ့စိတ်ကောင်းနှလုံးကောင်းရှိမှုကြောင့်ပဲ လမ်းသွားလမ်းလာတွေကအစချစ်ကြပြီး ပလုံကောက်သွားရင် မုန့်ဖိုးလေးခေါ်ပေး ၊ဆန်လေးခေါ်ပေးတာတွေလည်းရှိပါတယ်။
တစ်နေ့ဆာလာအိတ်၂လုံးကောက်မှ ၁၅၀၀ -၂၀၀၀ရတဲ့အဖွားအတွက်ဒီလိုပေးစာကမ်းစာတွေကြောင့်ပဲလင်မယားနှစ်ယောက်စားသောက်နေရတာပါ။ပလတ်စတစ်အိတ်တစ်လုံးရဖို့လည်း အဝေးကြီးသွားကောက်ရပြီး အရင်ကအငြိမ့်မင်းသမီးဖြစ်ခဲ့ဖူးတဲ့ အဖွားအတွက်တော့ ရှက်လဲရှက် ကြောက်လည်းကြောက်ပြီးရွံ့နေရတဲ့အချိန်တွေလည်းရှိပါတယ်။
အဖွားကတော့သူများပစ္စည်းခိုးတာမှမဟုတ်တာဆိုတဲ့စိတ်လေးနဲ့အားတင်းပြီး ဒီအလုပ်ကိုလုပ်လာတာ သုံးလေးနှစ်ရှိနေပါပြီ။
တချိန်ကအငြိမ့်မင်းသမီးပီပီ ဆံထုံးကိုကျနေအောင်ထုံးပြီး ပန်းကြီးတစ်ပွင့်ပန်လို့ အင်္ကျီအဝတ်အစားလှလှပပနဲ့အပြင်ထွက်တဲ့အခါ အနီးအနားပတ်ဝန်းကျင်ကအငြိမ့်မင်းသမီးရယ်လို့ သတိထားမိခဲ့ကြပါတယ်။အခုတော့ ဒီအငြိမ့်မင်းသမီးကြီးက ပလုံလိုက်ကောက်နေတဲ့အခါမှာလည်း အားလုံးကအံ့အားသင့်ရပါတယ်။အသက်၁၀နှစ်ထဲက အနုပညာသွေးပါပြီးကနေခဲ့တဲ့ဒေါ်ညွှန့်ညွှန့်စိန်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲမင်းသမီးဖြစ်ခဲ့ပြီးပွဲတွေတောက်လျှောက်ကခဲ့ပေမယ့် အသက်(၅၀)လောက်မှာတော့ သူမရဲ့အငြိမ့်မင်းသမီစအခန်းကဏ္ဍကပြီးဆုံးခဲ့ပါတယ်။ဒီလိုလောကဓံအလှည့်အပြောင်းတွေခံခဲ့ရတဲ့ မင်းသမီးကြီးက အရူးမကြီးတစ်ပိုင်းလိုစိတ်ဆင်းရဲရတဲ့အချိန်တွေလည်းရှိပါတယ်။
ဒါတွေကို ဘယ်သားသမီးကိုမှမပြောဘဲ လင်ယောက်ျားလည်းမသိစေရဘဲ ပြုံးပြုံးလေးသာရင်ဆိုင်ခဲ့ပါတယ်။သူ့အနေနဲ့ကိုယ့်စားဝတ်နေရေးအတွက် စိတ်ပူပန်ခြင်းမရှိပေမယ့် သားသမီးတွေကိုတော့အဆင်ပြေပါ့မလားစိုးရိမ်နေတတ်ပါသေးတယ်။သားယောက်ျားလေးတွေကို ရှင်မပြုပေးနိုင်လို့စိတ်မကောင်းဖြစ်နေတဲ့အမယ်အိုကြီးက ပိုက်ဆံရှိရင်အလှူကြီးပေးပြီး လှူချင်နေပါသေးတယ်။
ဒေါ်ညွှန့်ညွန့်စိန်မှာ အခုလိုဘဝအမောတွေရှိနေပေမယ့်လည်း အနုပညာနဲ့ပတ်သတ်ရင်တော့ ဝါသနာပိုးကကုန်ခမ်းသွားတယ်ရယ်လို့မရှိပါဘူး။အဖွားဒေါ်ညွန့်စိန်ငအခုအချိန်အထိ စင်မြင့်ပေါ်မှာကချင်စိတ်ရှိနေပြီး တခါတရံ ရေဒီယိုလေးဖွင့်ထားပြီးကတတ်ပါသေးတယ်။တချိန်က အဖွားဝတ်ဆင်ပြီးကခဲ့တဲ့ အငြိမ့်သမဝတ်စုံလေးတွေလည်းသေတ္တာထဲအစီအရီရှိနေဆဲဖြစ်ပြီး တယုတယသိမ်းထားတုန်းပါပဲ။အဖွားဒေါ်ညွှန့်စိန်ကသားသမီးတွေများစွာရှိနေပေမယ့်လည်းအိုဇာတာမကောင်းခဲ့ပါဘူး။တချိန်ကထိုင်မသိမ်းအနားလေးကို လှလှပပလေးခတ်နိုင်ခဲ့တဲ့ အဖွားက အခုတော့ဆာလာအိတ်တစ်အိတ်ကိုဆွဲလို့ ဝေးဝေးလံလံနေရာတွေအထိ ပလုံလိုက်ကောက်နေရပါတယ်။
ရေးသားသူ –One daily channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။