အပြောအဆိုမခံနိုင်တာကြောင့် ရဲရင့်အောင်ကိုဝေးဝေးမှာနေ ဖို့ပြောလိုက်တဲ့သရုပ်ဆောင်သံသာမိုးသိမ့်

Celebrity Local News
အပြောအဆိုမခံနိုင်တာကြောင့် ရဲရင့်အောင်ကိုဝေးဝေးမှာနေ ဖို့ပြောလိုက်တဲ့သရုပ်ဆောင်သံသာမိုးသိမ့်

မင်းသမီးသံသာမိုးသိမ့်ကတော့ ရဲရင့်အောင်နဲ့ဘာလိုလိုညာလိုလိုအပြောခံရတာတွေကို မခံနိုင်လို့ဆရာရဲကိုခပ်ဝေးဝေးနေလို့ပြောလာပါတယ်။သံသာမိုးသိမ့်ကMRTV-4ဇာတ်လမ်းတွဲတွေကနေတဆင့်လူသိများခဲ့တဲ့မင်းသမီးဖြစ်ပြီး MRTV-4နဲ့စာချုပ်ထပ်မချုပပ်ဖြစ်တော့တဲ့နောက်ပိုင်းမှာ ရုပ်ရှင်နယ်ပယ်ထဲကိုလှမ်းလာခဲ့ပါတယ်။သံသာမိုးသိမ့်က စကားပြောသွက်ပြီး ပွင့်လင်းတဲ့မင်းသမီးတစ်ဦးပါ။ဒီလို လိုတာထက်ပိုပြီးစကားပြောပွင့်လင်းလို့လည်း ပရိတ်သတ်အထင်လွဲစရာကိစ္စတွေလည်းအတော်များများဖြစ်ခဲ့ရပါတယ်။

သံသာကရဲရင့်အောင်နဲ့လက်ရှိရုံတင်နေတဲ့ “လာခေါ်သူ”ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ထားပြီး တခြားသောရုပ်ရှင်တွေလည်းအတူတူတွဲရိုက်ထားပါတယ်။ဒီရုပ်ရှင်ကသရဲကားဖြစ်တာကြောင့်ရိုက်ကူးချိန်မှာ နှစ်ယောက်လုံးနေမကောင်းဖြစ်ခဲ့ကြရတဲ့အထိပါပဲ။သုံးနှစ်နေလို့တစ်ခါမဖျားတတ်တဲ့သံသာက ဒီရုပ်ရှင်ရိုက်တဲ့အချိန်မှာ နှစ်ခါတောင်ဖျားခဲ့တယ်လို့ဆိုပါတယ်။

ရဲရင့်အောင်ကို ဒီကားထဲမှာ မိုးလင်းတာနဲ့effectမိတ်ကပ် တွေလိမ်းပြီးစီလီကွန်တွေနဲ့တွေ့ရလို့စိတ်တွေညစ်တယ်။သရဲဆိုတော့လက်တွေကအစ မိတါကပ်တွေလိမ်းထားရတယ်။သနားတော့သနားပါတယ်။အဲ့ဒီအချိန်မှာ သွားကအံဆုံးကလည်းထပ်ဖြစ်တယ်။သူ့မှာအီလည်အီလည်နဲ့ထမင်းလည်းမစားနိုင်ဘူး။”လို့ပြောလာပြီးရဲရင့်အောင်ကိုသနားနေခဲ့ပါတယ်။

ဒါ့ကြောင့်သူတို့နှစ်ဦးက သရုပ်ဆောင်တဲ့နေရာမှာchemistry မိရုံတင်မက လူမှုရေးရာကိစ္စတွေမှာပါ chemistry မိခဲ့ကြတယ်လို့ဆိုရမှာပါပဲ။”သံသာကရဲရင့်အောင်နဲ့ဆိုရင်Chemistry ကမိပါတယ်။ဒါပေမယ့် အခုနောက်ပိုင်းတော့ အရမ်းမမိချင်တော့ဘူး” တော့ဘူူလို့ဆိုလာပါတယ်။သံသာက “မိတယ်ဆိုသိတဲ့အတိုင်းကိုယ်က အပြောအဆိုမခံနိုင်ဘူး။မခံနိုင်တဲ့အတွက်ကြောင့်သူ့ကိုတောင်ပြောထားတယ် ။

ဆရာရဲဝေးဝေးမှာသာနေလို့”ပြောထားတယ်လို့သံသာကပြောပါတယ်။သံသာကတော့ ရဲရင့်အောင်ကယောက်ျားလေးဖြစ်ပြီး “သူ့ကိုကျွန်တော်မကြိုက်ဘူး”လို့မီဒီယာတွေရှေ့မှာ ပြောခဲ့တာတွေကြောင့်ရှက်သွားပုံရပါတယ်။ဒါ့ကြောင့်ပဲ ခုတခေါက်မှာတော့သံသာကရဲရင့်အောင်နဲ့ပတ်သတ်ပြီး ဆက်ဆက်ထိမခံပြန်တုံ့ပြန်လာပါတယါ။

ဒီလိုအပြောခံရတာကလည်း သံသာမိုးသိမ့်ရဲ့ပြောစကားတွေကြောင့်ပါပဲ ။သံသာက ရဲရင့်အောင်နဲ့ရုပ်ရှင်ကားတွေအတူရိုက်ကူးခဲ့ပြီးချိန်မှာ ရဲရင့်အောင်နဲ့ပတ်သတ်ပြီး သူ့အနေနဲ့အတွင်းကျကျသိသလို ရဲရင့်အောင်ရဲ့အကြောင်းတွေကိုမီဒီယာတွေရှေ့မှာပြောလာခဲ့ပါတယ်။ဒါတွေကြောင့်ပဲ အဆိုတော်ရဲရင့်အောင်နဲ့ပရိတ်သတ်ကဘာလိုလိုညာလိုလိုထင်ခဲ့ကြတာတွေလည်းရှိပါတယ်။

မကြာသေးခင်ကပဲသံသာကသူမရဲ့Facebook my day မှာ ပေါင်ရင်းထိခွဲထားတဲ့အနက်ရောင်dress ရှည်ကြီးကိုဝတ်ပြီးအမျိုးသားတစ်ယောက်ကိုလက်ချင်းချိတ်ထားတဲ့ပုံတင်လာခဲ့ပါတယ်။သံသာ့ရဲ့ဘေးနားကလက်ကလေးပဲပါလာတဲ့အမျိုးသားက မင်းသားရဲရင့်အောင်ဖြစ်နေမှန်းပရိတ်သတ်တွေရိပ်မိသွားချိန်မှာ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုရိုးရောရိုးရဲ့လားဆိုပြီးမေးခွန်းတွေထုတ်လာခဲ့ပါတယ်။

အမှန်တကယ်တော့ သုတို့နှစ်ဦးရဲ့ပုံကရုပ်ရှင်တစ်ခုအတွက်cover photo ရိုက်ကူူချိန်ကဖြစ်ပြီး ဘေးမှာလွှမ်းပိုင်နဲ့နန်းဆုပါပါတယ်။ဒါကိုသံသာက ဖြတ်ညှပ်ကပ်လုပ်ပြီး သူမရဲ့wedding photo နဲ့ပရိတ်သတ်ကို surprise တိုက်သလိုချပြလာတာကြောင့်ပဲ သံသာမိုးသိမ့်ကရဲရင့်အောင်ကိုတစ်ဖက်သတ်ကြိုက်နေတယ်လို့ပရိတ်သတ်ကပြောခဲ့ကြပါတယ်။

သံသာမိုးသိမ့်ရဲ့နောက်ပိုင်းအင်တာဗျူးအတော်များများမှာလည်း ရဲရင့်အောင်နဲ့ခင်မင်ရင်းနှီးမှုတွေကိုသာဦးစားပေးဖြေလာတာပရိတ်သတ်တွေကသတိထားမိခဲ့ကြပါတယ်။ပရိတ်သတ်မသိတဲ့ရဲရင့်အောင်ရဲ့အကြောင်းတွေကို သူသိသူတတ်အထာနဲ့ဖြေခဲ့တာတွေကြောင့် ပရိတ်သတ်အချို့ကအထင်လွဲခဲ့ကြသလို ရဲရင့်အောင်ရဲ့ဖန်တွေကလည်းမကျေနပ်ခဲ့ကြပါဘူး။ဒါတွေကြောင့်မီဒီယာတွေကပါ သူတို့နှစ်ဦးကိုship လာခဲ့ကြပါတယ်။

သံသာ့ဖက်ကတစ်ဖက်သတ်အဖြေတွေနဲ့ပတ်သတ်ပြီးရဲရင့်အောင်ကမထောက်ခံခဲ့သလို ရဲရင့်အောင်က”ကျွန်တေည်တို့နှစ်ယောက်ကိုမပေးစားပါနဲ့ကျွန်တော်လည်းသူ့ကိုမကြိုက်ဘူး။သူလည့်ကျွန်တော့ကိုမကြိုက်ပါဘူး”လို့ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။ဒါ့ကြောင့်ပဲတစ်ဖက်သတ်အရှက်ကွဲခဲ့ရတဲ့သံသာကနောက်ပိုင်းမှာရဲရင့်အောင်နဲ့အတူအင်တာဗျူးတွေမဖြေလာတော့ပါဘူး။အချစ်ရေးနဲ့ပတ်သတ်ပြီးမေးခံရတဲ့အခါမှာလည်း အခုချက်ချင်းယူမယ်ဆိုရင်တောင်ယူမယ့်လူရှိတဲ့အကြောင်း သံသာကအချစ်ရေးနဲ့ပတ်သတ်ပြီးကြွားဝါပြောဆိုလာတာမျိုးတွေတောင်ရှိပါတယ်။

အခုလည်းသံသာကရဲရင့်အောင်နဲ့အတူရိုက်ထားတဲ့”လာခေါ်သူ”ရုပ်ရှင်ရှိုးပွဲရဲ့အင်တာဗျူးကိုရဲရင့်အောင်နဲ့မဖြေဖို့producerတွေကိုတောင်ပြောထားတယ်လို့ဆိုပါတယ်။Personal နဲ့professional ကိုရောထွေးချင်ခဲ့တဲ့သံသာက အခုတော့တစ်ဖက်သတ်စိတ်နာပြီး“ဒီလိုအပြောမခံနိုင်တာကြောင့်အင်တာဗျူးတောင်အတူတူမဖြေဘူးလို့ဆိုလာပါတယ်။

သံသာက”ကိုယ်လည်းမိန်းကလေးဖြစ်တော့နစ်နစ်နာနာပြောတာကိုယ်လည်းမကြိုက်ဘူး။ကိုယ်လည်းပြောခံရတာတွေများလာတော့အပြောမခံနိုင်တော့ဘူး။အင်တာဗျူးတွေဆိုလည်းသူနဲ့ဆိုရှောင်တယ်။မဖြေဘူးဆိုပြီးပတ်ပြေးတယ်”ဆိုကာရဲရင့်အောင်နဲ့ပတ်သတ်ပြီး သူ့ဖက်ကပိုပြတ်ပါတယ်ဆိုတဲ့အကြောင်းပြောလာပါတယ်။သံသာ့အနေနဲ့သက်ဆိုင်သူရှိသလို ရဲရင့်အောင်ဆီမှာလည်းရှိနေနိုင်တယ်။

ဒါ့ကြောင့်သူတို့နှစ်ဦးရဲ့ခင်မင်မှုrelationship ကိုအဲ့လိုမျိုးကြီးသူများပြောတာမျိုူမခံချင်တာကြောင့်အင်တာဗျူးတောင်သပ်သပ်စီပဲဖြေကြမယ်လို့dealလုပ်ထားတယ်လို့ ပြောလာပါတယ်။ဒီလိုတွေလုပ်နေရတာကလည်း သံသာကစိတ်နာသွားလို့မဟုတ်ဘဲစိတ်နာရအောင်ကလည်းရည်းစားတွေမှမဟုတ်တာ”လို့ဆိုပါတယ်။

သံသာကအပြင်မှာဆိုရင်Celebrityတစ်ယောက်လိုမနေဘဲသာမန်လူလိုပဲနေတာကြောင့်သံသာ့ရဲ့lifeမှာအဲ့လိုယောက်ယက်ခတ်ပြီးရှုပ်နေတာမျိုးမကြိုက်ဘူး။ဒါ့ကြောင့်ကိုယ်ကိုအဲ့လိုလာပြီးပြောဆိုနေတာမျိုးလည်းမကြိုက်ဘူးဆိုကာ”ရဲရင့်အောင်ကိုပြန်ပလစ်ပြလိုက်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...