အသက်မသေသေးသရွေ့ Lord of the Rings မှာ ပါဝင်သရုပ်ဆောင်ဦးမယ့် Ian McKellen

Celebrity International News
အသက်မသေသေးသရွေ့ Lord of the Rings မှာ ပါဝင်သရုပ်ဆောင်ဦးမယ့် Ian McKellen

ရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်ရုပ်ရှင်တွေဖြစ်ကြတဲ့ Lord of the Rings နဲ့ ပတ်သက်ပြီး Warner Bros. Discovery ဟာ နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်တစ်ကားကို ထပ်မံထုတ်လုပ်ပေးသွားတော့မှာဖြစ်ပါတယ်။

အသစ်ထွက်လာမယ့် အဆိုပါ Lord of the Rings ရုပ်ရှင်သစ်ဟာ ဒါရိုက်တာ Peter Jackson ရဲ့ ဂန္တဝင်မြောက် Lord of the Rings သုံးကားတွဲအပါအဝင် Hobbit သုံးကားတွဲနဲ့ပါ တိုက်ရိုက်ပတ်သက်မှုရှိနေပြီး Lord of the Rings ရဲ့ အထင်ကရဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Gollum အကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Lord of the Rings နဲ့ The Hobbit ရုပ်ရှင်တွေမှာ မှော်ဆရာကြီး Gandalf အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ian McKellen ကလည်း Lord of the Rings ရုပ်ရှင်သစ်မှာပါဝင်ဖို့အမြဲဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောပြလာပါတယ်။

Ian McKellen ဟာ The Times of London သတင်းစာနဲ့အင်တာဗျူးတစ်ခုမှာ ၎င်းအနေနဲ့ ရုပ်ရှင်ရိုက်ကူးရေးစချိန်အထိ အသက်ရှင်နေဦးမယ်ဆိုရင်၊ လာရောက်ကမ်းလှမ်းခဲ့မယ်ဆိုရင် ငြင်းပယ်မှာမဟုတ်ပဲ လက်ခံရိုက်ကူးပေးသွားမှာဖြစ်ကြောင်း မှတ်ချက်ပြုလာခဲ့တာပါ။ Ian McKellen ရဲ့ ဇာတ်ကောင် Gandalf the Grey ဟာ Lord of the Rings မှာရော၊ The Hobbit မှာပါ အလွန်အရေးပါတဲဇာတ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။

တစ်ဖန် Ian McKellen နည်းတူ အခြား Lord of the Rings သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Viggo Mortensen ဟာလည်း ၎င်းအနေနဲ့ Lord of the Ring ရုပ်ရှင်သစ်မှာ Aragorn အဖြစ် တစ်ကြော့ပြန် ပြန်လည်သရုပ်ဆောင်လိုကြောင်း ပြောခဲ့ဖူးပါသေးတယ်။

Lord of the Rings ရုပ်ရှင်သစ်ရဲ့ ထုတ်လုပ်သူတွေဘက်ကတော့ Ian McKellen နဲ့ Viggo Mortensen တို့နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာအတည်ပြုထားပေးခြင်းမရှိသေးပါဘူး။

Gollum အကြောင်းကိုပြသမယ့် အဆိုပါ Lord of the Rings ရုပ်ရှင်သစ်ဟာ Lord of the Rings: The Hunt for Gollum လို့ အမည်ရပြီး သရုပ်ဆောင် Andy Serkis ကို Gollum အဖြစ် နောက်တစ်ကြိမ်မြင်တွေ့ရဦးမယ့်အပြင် Andy Serkis ကိုယ်တိုင် ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးပေးသွားမှာပါ။ Lord of the Rings: The Hunt for Gollum ကို မူလ Lord of the Rings ဒါရိုက်တာကြီး Peter Jackson နဲ့ ဇာတ်လမ်းဇာတ်ညွှန်း Walsh and Boyens တို့က ပူးတွဲထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၂၆ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Gollum ဟာ Lord of the Rings သုံးကားတွဲမှာသာမက စာရေးဆရာကြီး J. R. R. Tolkien ရဲ့ Lord of the Rings ဝတ္ထုတွေမှာလည်း အရေးပါအရာရောက်တဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ One Ring အပေါ် စွဲလမ်းတပ်မက်မှုကြောင့် ဒုက္ခရောက်သွားရတဲ့ Hobbit တစ်ယောက်ဖြစ်ပြီး One Ring ကြောင့် ကာလကြာရှည်စွာ အသက်ရှင်ခဲ့သူလည်းဖြစ်ပါတယ်။

Lord of the Rings: The Hunt for Gollum ဟာ ဘယ်ဝတ္ထုကိုကောက်နှုတ်မလဲဆိုတာနဲ့ ဇာတ်လမ်းအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...