အောက်ခြေလွတ်တဲ့ စကားတွေပြောလာတာကြောင့် ပရိတ်သတ်တွေဝေဖန်တာခံရဖို့ အလားအလာရှိနေတဲ့ ကျော်ထက်အောင်
သရုပ်ဆောင်ကျော်ထက်အောင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာကြာပြီဖြစ်ပေမယ့် ပရိတ်သတ်တွေအားပေးမှုကို တစ်ခဲနက်ရရှိထားတာ သိပ်မကြာသေးခင်ကာလကမှ ရရှိထားသူပါ။ပရိတ်သတ်တွေက သူ့ကိုPresenter တစ်ယောက်အနေနဲ့ စတင်သိလာခဲ့တာလည်းဖြစ်ပါတယ်။
အနုပညာလောကထဲကို 2002ခုနှစ်က ဝင်ရောက်လာခဲ့ပေမယ့် ဇာတ်ကားတွေမှာလည်း ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခွင့်မရခဲ့သလို၊ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို မရခဲ့တဲ့အနေအထားပါ။သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေကြားထဲတိုးမပေါက်ခဲ့ပေမယ့် MCတစ်ယောက်အနေနဲ့ ပရိတ်သတ်အားပေးချစ်ခင်မှုကို ရရှိခဲ့သူပါ။
ကျော်ထက်အောင်ကတော့ ကြည်လင်ပြတ်သားတဲ့အသံကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် MC တစ်ယောက်အနေနဲ့ သူ့ရဲ့ အသံဟာ လိုက်ဖက်လွန်းနေပါတယ်။အသံလည်းကောင်းလို့ Idea လည်းကောင်းတာကြောင့် ပွဲတစ်ခုမှာ မီးလေးခဏလောက်မှိတ်ပေးပါ ဆိုတဲ့ စကားလုံးနဲ့ ပရိတ်သတ်တွေ သတိထားမိခဲ့တာလည်းဖြစ်ပါတယ်။
ကျော်ထက်အောင်ကတော့ MC တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေ သဘောကျနှစ်သက်ခြင်းကို ရရှိခဲ့တာယနေ့ထိတိုင်အောင်ပါဘဲ။အခုအချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရပ်တည်နေပေမယ့် MC လုပ်ပေးဖို့ လာကမ်းလှမ်းကြတဲ့ လူတွေလည်းရှိသလို ၊သူ့ဆီကနေ Presenter ပတ်သက်တဲ့ ပညာတွေ လာသင်တဲ့ လူတွေပါရှိလို့နေပါတယ်။
ကျော်ထက်အောင်ကတော့ Presenter တစ်ယောက်အနေနဲ့လည်းအောင်မြင်သလို အခုအချိန်မှာ သရုပ်ေဆာင်တစ်ယောက်အနေနဲ့ပါ ပရိတ်သတ်တွေ လက်ခံအားပေးလာကြပါပြီ။MC တစ်ယောက်အနေနဲ့လုပ်ကိုင်ရင်း အောင်ခေတ်မင်းထုတ်လုပ်ရေးကနေ မင်းသားတင်ရိုက်ခဲ့တာကြောင့် ဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။
ကျော်ထက်အောင်ကတော့ ဇာတ်ကားများစွာရိုက်ကူးခဲ့ရပေမယ့် ပရိတ်သတ်တွေကတော့ မင်းသားတစ်ယောက်ထက် MC တစ်ယောက်အနေနဲ့ မြင်ရတာကိုပိုနှစ်သက်ခဲ့ကြပါတယ်။ပရိတ်သတ်တွေက မင်းသားတစ်ယောက်အနေနဲ့ လက်မခံသေးပေမယ့် သူ့အနေနဲ့ အားမလျှော့ဘဲ ကြိုးစားလာခဲ့တာကြောင့် အခုအချိန်မှာ ပရိတ်သတ်လက်ခံတဲ့ မင်းသားတစ်လတ်ဖြစ်လို့နေပါပြီ။
ပရိတ်သတ်တွေကတော့ ကျော်ထက်အောင်ကို ဇာတ်လမ်းတွဲတွေကနေ ပိုပြီး အားပေးလာခဲ့ကြတာပါ။အိမ်ထောင်ဇာတ်ကားထဲမှာ ဖောက်ပြန်တဲ့ ကာရိုက်တာနဲ့ သူ့ကိုအသိအမှတ်ပြုပြီး တစ်ခဲနက်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိတ်သတ်အားေပးမှုကုိ ရရှိလာခဲ့တာကြောင့် နောက်ပိုင်းတွေမှာ ဇာတ်လမ်းတွဲတော်တော်များများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဇာတ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။
မကြာသေးခင်က ထွက်ရှိထားတဲ့ တခုတ်တရ ဇာတ်ကားမှာလည်း ဖောက်ပြန်တဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တခုတ်တရ ဇာတ်ကားကြီးကတော့ ပရိတ်သတ်တွေကြားရေးပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို အားပေးတဲ့ ပရိတ်သတ်များတာကြောင့် ရုံပြခွင့် စံချိန်ချိုးခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
ကျော်ထက်အောင်ကတော့ ကာရိုက်တာအရ အဖောက်ပြန်နိုင်ဆုံးမင်းသားတစ်လတ်ဖြစ်နေပေမယ့် တကယ့်လက်တွေ့မှာတော့ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီးတစ်ယောက်ပါ။သူ့အနေနဲ့ ဖောက်ပြန်ဖို့နေနေသာသာ မိန်းမတစ်ယောက်ကိုတောင် တာဝန်မယူနိုင်လို့ အခုအချိန်အထိ လူပျိုကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေသူလည်းဖြစ်ပါတယ်။
အိမ်ထောင်ပြုဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စမဟုတ်ဘဲ သူ့အနေနဲ့ သူများသားသမီးကို တင့်တောင်းတင့်တယ် မထားနိုင်သေးသလို၊အိမ်ထောင်ကျပြီး ကလေးရရင် ကလေးတာဝန်လည်းမယူနိုင်သေးဘူးလို့ဆိုပါတယ်။သူ့အနေနဲ့ အိမ်ထောင်ပြုဖို့ဆိုရင် ခြံတစ်ခြံရယ် ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးပေးနိုင်တဲ့ လူရှိမှ အိမ်ထောင်ပြုဖို့ စဉ်းစားတော့မှာပါ။
သူ့ရဲ့ စကားတွေကြောင့်ဘဲ ပရိတ်သတ်တွေက Sponsor လိုချင်နေတယ်ဆိုပြီး ဝေဖန်ကြသလို၊ပိုင်းလုံးဆိုပြီး အပြစ်တင်ဝေဖန်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ကျော်ထက်အောင်ကတော့ အပြောမတတ်တဲ့ စကားတစ်ခွန်းကြောင့်ဝေဖန်တာခံနေရပြီး အခုတစ်ခါမှာလည်း ဝေဖန်ခံရနိုင်တဲ့ စကားတစ်ခွန်းပြောလာခဲ့ပြန်ပါပြီ။
သူ့အနေနဲ့ အခုအချိန်မှာ အောင်မြင်နေတဲ့ မင်းသားတစ်လတ်ဖြစ်တာကြောင့် မလေးမစားခေါ်ဝေါ်တာကို မကြိုက်တဲ့အ ကြောင်းပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။အနုပညာလမ်းကြောင်းပေါ်ကို သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ လျှောက်လှမ်းနေပေမယ့် တစ်ချို့ လူတွေရဲ့ Respect မရှိဘဲ ခေါ်ဝေါ်နေတာကို သဘောမကျဖြစ်နေခဲ့တာပါ။
သရုပ်ေဆာင်ဘက်သွားနေတဲ့ သူ့ကို ရုပ်ရှင်နှင့် ဗွီဒီယို၊ကြေညာသရုပ်ဆောင် ကျော်ထက်အောင်လို့ခေါ်ရင် သူ့အနေနဲ့ မကြိုက်တဲ့ အကြောင်းပြောလာခဲ့ပါတယ်။ဗွီဒီယိုခေတ်မရှိတော့တဲ့ အချိန်မှာ ဗွီဒီယိုသရုပ်ဆောင်လို့ ခေါ်မယ့်အစား အနုပညာရှင် ၊သရုပ်ဆောင် ကျော်ထက်အောင်ဆိုပြီး အဆင့်မြင့်မြင့် Update ဖြစ်မယ့် အသုံးအနှုန်းတွေကို သာသုံးနှုန်းစေချင်တယ်ဆိုပြီးပြောလာခဲ့ပါတယ်။
ဝါရင့်သရုပ်ဆောင်အားလုံး ဘာအသံမှ မထွက်ခဲ့ပေမယ့် အောင်မြင်တာသိပ်မကြာသေးပေမယ့် အောင်ခြေလွတ်တဲ့ စကားတွေကြောင့် ပရိတ်သတ်တွေ ဝေဖန်မှုကို ခံရတော့မှာလည်းဖြစ်ပါတယ်။
ရေးသားသူ –One Daily Channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။