စလော့ဂိမ်းကြော်ငြာတွေလို အပူစာတွေကိုဘယ်တော့မှမစားဘူးဆိုကာ Streamer ကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် Streamer ဆုထက်

Celebrity Local News
စလော့ဂိမ်းကြော်ငြာတွေလို အပူစာတွေကိုဘယ်တော့မှမစားဘူးဆိုကာ Streamer ကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် Streamer ဆုထက်

Social media ကနေတစ်ဆင့်နာမည်ကြီးလာတဲ့ Tiktok cele နဲ့ streamer တွေကသူတို့ရဲ့နာမည်ကြီးမှုကို အသုံးချပြီးတော့ လောင်းကစားကြော်ငြာတွေကို ကြော်ငြာပေးလာတာ အားလုံးအသိပါပဲ။ဒီထဲမှာတော့ streamer တစ်ယောက်ဖြစ်ပေမယ့် တစ်ခြားသောသူတွေ ဒုက္ခရောက်စေမယ့် ဒီလောင်းကစားကြော်ငြာတွေကို ဘယ်တော့မှမကြော်ငြာပေးဘူးလို့ ရဲရဲဝင့်ဝင့် ပြောလာသူကတော့ game streamer တဖြစ်လည်း သရုပ်ဆောင်ဆုထက်ပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဆုထက်ကို game streamer အဖြစ် ပရိတ်သတ်တွေသိကြသလို သူမရဲ့သရုပ်ဆောင်အရည်အသွေးကြောင့်လည်း ပရိတ်သတ်တွေအားပေးကြရပါတယ်။သရုပ်ဆောင်ဆုထက်ကတော့ သူမရိုက်ကူးခဲ့တဲ့ character တိုင်းကို ပရိတ်သတ်ရင်ထဲရောက်လာအောင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီးတော့ ချစ်စဖွယ်ကောင်းတဲ့ သူမရဲ့မျက်နှာလေးနဲ့ အပြုအမှုတွေကြောင့် ပရိတ်သတ်တွေက သဘောကျနေကြရပါတယ်။

ဆုထက်က 2016 ခုနှစ်လောက်ကတည်းကနေစပြီးတော့ သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်း CANAL+ ရဲ့ series တွေမှာ ဝင်ရောက်သရုပ်ဆောင်မှသာ လူသိများလာခဲ့တာပါ။ဒီလိုသရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ ဆုထက်က အရင်က streamer တစ်ယောက်လုပ်ခဲ့ဖူးပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ တစ်လတစ်ခါသာ stream ဖြစ်တော့တယ်လို့ပြောလာပါတယ်။

သူအနေနဲ့ streamer အလုပ်ကို 2018၊2019လောက်ကမှသာ စတင်လုပ်ခဲ့တာဆိုပေမယ့် မြန်မာနိုင်ငံရဲ့ လူနည်းစု လူငယ် streamer တွေထဲမှာ ဆုထက်ကလည်း လူသိများပါတယ်။streamer တွေကလည်း မြန်မာနိုင်ငံမှာ လူနည်းစုလောက်သာရှိပြီးတော့ celebrity တွေဖြစ်တာကြောင့် brand တွေ ထုတ်လုပ်ရေးတွေကနေပြီးတော့ ကြော်ငြာတွေရိုက်ဖို့ လာ​ပြီး​တော့ကမ်းလှမ်းခံရသူတွေပါ။

အရင်တုန်းကတော့ streamer တွေအနေနဲ့ ကုန်ပစ္စည်း brand တွေကို နာမည်ကြီးမင်းသား၊မင်းသမီးတွေနဲ့တန်းတူ ကြော်ငြာခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ streamerတော်တော်များများက slot game တွေကိုသာ ဦးစားပေးကြော်ငြာလာကြပါတယ်။ဒါကလည်း သူတို့ရဲ့နာမည်ကြီးမှုကြောင့် ရလာတဲ့ အခွင့်ရေးတစ်ရပ်ဆိုပေမယ့်လည်း ဒီ slot ဂိမ်းတွေကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေအများကြီးဖြစ်ပေါ်နေပါတယ်။

social media ကို အလွန်အကျွံသုံးစွဲတဲ့မြန်မာနိုင်ငံမှာနေ့စဥ် social media ပေါ်မှာမြင်ရတဲ့ ဒီ slot game ကြော်ငြာတွေကြောင့် ဒါတွေကို ကောင်းသည်ဆိုသည် မသိပဲ ဆော့လာကြတဲ့သူတွေအများကြီးရှိလာပါတယ်။ဒါတွေကိုကြော်ငြာပေးတဲ့သူတွေကလည်း လူသိများနာမည်ကြီးတဲ့ celebrity တွေနဲ့ social media ကို လွှမ်းမိုးမှုရှိတဲ့သူတွေပဲဖြစ်ပါတယ်။ဒီလိုလူမျိုးတွေကြောင့် မသိနားမလည်တဲ့သူတွေက slot game တွေကိုပိုပြီးတော့ဆော့လာကြပြီးတော့ ဘဝပျက်ခဲ့ရတာတွေအများကြီးပါပဲ။

slot game ဆော့တဲ့သူတွေအနေနဲ့ အစပိုင်းမှာတော့ ထောင်ဂဏန်းလောက်ပိုက်ဆံလေးကို သုံးလိုက်ပေမယ့် ပြန်ရတဲ့ နိုင်ကြေးကိုကြည့်ပြီးတော့ လောဘတက်ခဲ့ကြတာများပါတယ်။အဲ့ဒီနောက်မှာတော့ရှိသမျှအကုန်လုံးနဲ့ ရင်းနီးပုံအောလိုက်တဲ့အခါမှာ ဘဝပျက်တဲ့အထိအရှုံးပေါ်ခဲ့ရပါတယ်။ဒါက slot game မှမဟုတ်ပဲနဲ့ လောင်းကစားအများစုရဲ့သဘောသဘာဝဖြစ်ပြီးတော့ slot game မှာကတော့ ဆော့တဲ့သူတွေကို ရေရှည်မှာနိုင်ခွင့်မပေးပဲနဲ့ သေချာပေါက်ရှုံးနေစေမယ့် program တွေကိုထည့်သွင်းထားတာကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင် ဒီ slot game တွေကိုကြော်ငြာပေးတဲ့သူတွေအနေနဲ့လည်း တစ်ဖက်ကလာဆော့တဲ့သူတွေ ရှုံးရင်ရှုံးသလောက် အမြတ်ရာခိုင်းနှုန်းတွေရကြတာပဲဖြစ်ပါတယ်။

ဒီလိုအကျိုးအပြစ်တွေကို သိနေတဲ့ဆုထက်က သူတစ်ပါးရဲ့ဆုံးရှုံးသွားတဲ့ ငွေကြေးတွေအပေါ်မှာ ရာခိုင်းနှုန်းယူပြီးတော့စားရတဲ့အလုပ်ဖြစ်တာကြောင့် အပူစာတွေလို့ခံယူထားပါတယ်။ ဒါကြောင့်မို့လို့ သူမအနေနဲ့ ဘယ်လောက်ပဲနာမည်ကြီးကြီး “အပူစာတွေလုံးဝမစားဘူး”ဆိုပြီးတော့ ပြောလာပါတယ်။ဒီပြောစကားတွေကို media တွေရှေ့မှာပြောလာတဲ့ သရုပ်ဆောင် ဆုထက်အတွက် တစ်ခြားသော streamer တွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို ခံရနိုင်သလို တစ်ခြားသော လောင်းကစားပိုင်ရှင်တွေရဲ့ အမြင်မကြည်မှုကိုလည်း ခံရနိုင်ပါတယ်။

ဒါအပြင်ဒီလောင်းကစားကြော်ငြာနဲ့လောင်းကစားဂိမ်းတွေက အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အတော်လေးခတ်စားလာတာဖြစ်တဲ့အတွက်ကြောင့်မို့ သရုပ်ဆောင်ဆုထက်ပြောလာတာမှန်ပေမယ့်လည်း အများနဲ့တစ်ယောက်ဖြစ်နေပြီးတော့ သူမအတွက်လည်းအတော်လေးအန္တရာယ်များတယ်လို့ ပြောရမှာပါပဲ။လက်တွေ့မှာလည်း သရုပ်ဆောင်ဆုထက်အနေနဲ့ ဘဝတူ streamer အချို့ရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကိုလည်း ခံရတယ်လို့ ပြောပြလာပါတယ်။

social media မှာနာမည်ကြီးနေတဲ့ streamer တော်တော်များများက သရုပ်ဆောင်ဆုထက်လို လေးစားစရာကောင်းတဲ့ စိတ်ဓာတ်မျိုးမရှိကြတာများပါတယ်။ဒါကြောင့်ပဲ နာမည်ရလာတာနဲ့ တစ်ပြိုင်နက် သူတစ်ပါးဒုက္ခရောက်စေမယ့် ဒီလို slot game တွေကို စတင်ကြော်ငြာပေးလာကြပြီးတော့ သူတို့ကိုယ်တိုင်ကလည်း လောင်းကစားgame တွေကို ရှေ့ကနေ ဦးဆောင်လမ်းပြ ဆော့ပြလာကြပါတယ်။ဒီဂိမ်းတွေကြောင့် လက်တွေ့မှာ ထိခိုက်နှစ်နာခဲ့ရသူတွေအများကြီးရှိပေမယ့် နာမည်ကြီး cele တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဒီ game တွေကို မဆော့ကြဖို့ အမုန်းခံပြောပြတယ်ဆိုတာလည်းအလွန်ရှားပါတယ်။

သူတို့အနေနဲ့ အမြတ်ရာခိုင်နှုန်း ပိုပြီးတော့ရဖို့ တစ်ခြားသူတွေရဲ့ ဘဝတွေကို ထည့်မတွက်ပဲ ပိုက်ဆံရတာတစ်ခုထဲကိုကြည့်ပြီးတော့ ဒီ game တွေကို လွယ်လွယ်ကူကူပဲကြော်ငြာပေးလာကြပါတယ်။တစ်နည်းအားဖြင့် social media နဲ့ ပရိတ်သတ်တွေရဲ့ ဘဝကိုပျက်စီးပြီးတော့လူပေါင်းများစွာကို အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ရပ်တွေကိုလုပ်နေတာပါပဲ။

ဆုထက်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း ဒီ slot game တွေကို မဆော့ကြဖို့အတွက် ရဲရဲဝင့်ဝင့်ပြောလာခဲ့ပါတယ်။အခုဆိုရင်သူမကို streamer ဘဝကနေ သရုပ်ဆောင်ဘဝအထိအားပေးလာကြတဲ့ ပရိတ်သတ်တွေက အားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြု လာခဲ့ပါတယ်။

ဆုထက်က streamer တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီးတော့ အသစ်တက်လာတဲ့ သရုပ်ဆောင် တွေထဲမှာတော့ သရုပ်ဆောင်အရည်အချင်းပြည့်မှီတဲ့ မင်းသမီးတစ်ယောက်လို့ဆိုရမှာပါပဲ။ဒါကြောင့်ပဲ သူမပါဝင်ရိုက်ကူးခဲ့တဲ့ “ချိုစိမ့် ခါးသက် အချစ်တစ်ခွက်၊ ဒီလိုရာသီဥတုမျိုး၊she “စတဲ့ ဇာတ်လမ်းတွဲတွေမှာ character နဲ့ တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နိုင်ခဲ့ပြီးတော့ ပရိတ်သတ်တွေ ရဲ့အားပေးနှစ်ခြိုက်ခြင်းကိုခံခဲ့ရတာပါ။

သရုပ်ဆောင်ဆုထက်က “ချိုစိမ့် ခါးသက် အချစ်တစ်ခွက်”မှာ ခပ်ဆိုးဆိုး ကောင်မလေး character နဲ့ ဇာတ်ပို့သရုပ်ဆောင်ကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ Sigapore နိုင်ငံက ချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့Best Actress In supporting Role ဆုကိုလည်း ဒီဇာတ်ကားနဲ့ nomination ဝင်ခဲ့ပါသေးတယ်။ဒါကတော့သူမရဲ့သရုပ်ဆောင်အရည်အချင်းတွေကိုမြင်သာစေပြီး သရုပ်ဆောင်ခရီးတလျှောက်မှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဆုထက်ရဲ့ သဘာဝဆန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အခုနောက်ပိုင်းမင်းသမီးတွေထဲမှာ သူမကို ပရိတ်သတ်တွေက ပိုပြီးတော့လက်ခံအားပေးလာကြပါတယ်။မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ She ဆို တဲ့ GL mini series လေးကလည်း သူမရဲ့ အနုပညာအရည်အသွေးကို ချပြနိုင်ခဲ့တဲ့ series လေးတစ်ခုဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ဆက်လက်သယ်ယူနိုင်ခဲ့ပါတယ်။

နောက်ထပ်လည်းဒီလိုလေးစားစရာကောင်းတဲ့ သရုပ်ဆောင် streamer ကောင်မလေးက သူမရဲ့ အရည်အချင်းပေါ်မှာပဲရပ်တည်မှီခိုပြီးတော့ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ရေးသားသူ –One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...