Livesale အလုပ်တွေရပ်နားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စီစဉ်နေတဲ့ ထက်ထက်မိုးဦး

Celebrity Local News
Livesale အလုပ်တွေရပ်နားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စီစဉ်နေတဲ့ ထက်ထက်မိုးဦး

တစ်ခေတ်တစ်ခါမှာကြေညာဘုရင်မလို့တင်စားခံခဲ့ရတဲ့ ထက်ထက်မိုးဦးက အခုအချိန်မှာLivesale ဘုရင်မအဖြစ်တင်စားခံနေရတာလည်းဖြစ်ပါတယ်။အချိန်တွေ၊ခေတ်ရေစီးချောင်းတွေသာ တိုးတက်ပြောင်းလဲလာပေမယ့် မပြောင်းလဲတာကတော့ ထက်ထက်မိုးဦးအပေါ်ထားတဲ့ ပရိတ်သတ်တွေအချစ်တွေပါဘဲ။

အရင်အချိန် အနုပညာလောကထဲကို ဝင်ရောက်ချိန်မှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ‌ကြေ‌ာင့် အနုပညာအလုပ်တွေများစွာလုပ်နိုင်ခဲ့တာပါ။ကြေညာတွေမှာလည်း သူ မပါရင်မပြီးသလို သူရိုက်ကူးခဲ့တဲ့ကြေညာတွေကိုလည်း ပရိတ်သတ်တွေကသဘောကျနှစ်သက်ခဲ့ကြပါတယ်။ပရိတ်သတ်‌တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့်ဘဲ ဇာတ်ကားများစွာကိုလည်းရိုက်ကူးနိုင်ခဲ့သလို၊ကြေညာဆိုတာမရေတွက်နိုင်လောက်အောင်ပါဘဲ။

ပရိတ်သတ်တွေကတော့ ထက်ထက်မိုးဦးရဲ့ အနုပညာကိုလည်းချစ်သလို ထက်ထက်မိုးဦးမို့လို့ကို ချစ်ကြတဲ့ ပရိတ်သတ်တွေက အများကြီးပါ။ထက်ထက်မိုးဦးကတော့ ပရိတ်သတ်တွေကို ပရိတ်သတ်လို့မမြင်ဘဲ သူ့ရဲ့ ဆွေမျိုးလို၊ ကျေးဇူးရှင်လို့သာ သတ်မှတ်ထားခဲ့တာပါ။
ပရိတ်သတ်တွေအားပေးလို့သာ အခုလိုမျိုးအောင်မြင်ကျော်ကြားမှုကို ရသလို ပရိတ်သတ်တွေပေးလို့ ဝတ်နိုင်၊စားနိုင်ပြီး ကောင်းကောင်းမွန်မွန်နေနိုင်နေတာဆိုပြီး ကျေးဇူးရှင်လိုသဘောထားနေခဲ့တာလည်းဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ထိပ်တန်းမင်းသမီးတစ်လတ်ဖြစ်ပေမယ့် မာနမကြီးဘဲ ပရိတ်သတ်‌အပေါ်လေးလေးစားစား ဆက်ဆံတတ်တဲ့ စိတ်ဓာတ်ကိုပရိတ်သတ်တွေက ချစ်ခင်ခဲ့ကြတာပါ။ထက်ထက်မိုးဦးကတော့ ပရိတ်သတ်အချစ်ကိုရထားတာကြောင့် ‌ ဝေဖန်ခံရတာမရှိသလောက်ရှားခဲ့ပါတယ်။အိမ်ထောင်ရေးနဲ့ပတ်သက်ရင်လည်း ထင်သလိုဖြစ်မလာခဲ့ဘဲ အိမ်ထောင်ဆက်တွေများခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ ဒါကို ကံအကျိုးပေးလို့သာ သတ်မှတ်ပေးခဲ့ကြပြီး ထက်ထက်မိုးဉီးကို အပစ်မမြင်ဘဲ ချစ်ခင်နေကြဆဲပါဘဲ။

အိမ်ထောင်ဆက်များခဲ့ပြီး သမီးလေးတစ်ယောက်မွေးခဲ့ပေမယ့် ငယ်စဉ်ကတည်းက ခွဲခွာခဲ့ရတဲ့ အပေါ်မှာလည်း ပရိတ်သတ်တွေက သနားနေခဲ့ကြပါတယ်။ပရိတ်သတ်‌တွေက သူတို့မိသားစုလေးကို အရင်လိုချစ်ချစ်ခင်ခင်နဲ့ အတူတူပြန်မြင်ချင်နေကြပေမယ့် ပြန်ပေါင်းလို့မရနိုင်တော့တဲ့ အခြေအနေကြောင့် မြင်‌တွေ့ခွင့်မရနိုင်တော့တာလည်းဖြစ်ပါတယ်။

ထက်ထက်မိုးဉီးကတော့ လတ်တလောမှာ တစ်ယောက်တည်းဘဝကိုဖြတ်သန်းရင်း သူ့ရဲ့ဆိုးရွားနေတဲ့ ကျန်းမာရေးအခြေအနေရယ်၊ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Livesale တွေရောင်းချခဲ့ပြန်ပါတယ်။ထက်ထက်မိုးဦးကတော့ ကံရော၊စန်းရောကောင်းတဲ့ မင်းသမီးလို့ဆိုရမလိုပါဘဲ။အနုပညာတွေလုပ်တုန်းကလည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သလို Livesale တွေရောင်းချတဲ့ အခါမှာလည်းထင်မထားလောက်အောင် ပရိတ်သတ်တွေအားပေးကြမ်းခဲ့ပါတယ်။

ရတနာပစ္စည်းတွေရောင်းရင်လည်း အလုအယက်ဝယ်ကြသလို၊ လိုင်းပေါ်ကနေ ကားရောင်းရင်တောင် ချစ်တဲ့စိတ်နဲ့ ဝယ်တဲ့ ပရိတ်သတ်တွေကအများကြီးပါဘဲ။ကျန်းမာရေးမကောင်းလို့ အိပ်ပြီး စိန်ရောင်းရင်တောင် ဝယ်တဲ့ လူတွေများတဲ့ အထိ ‌က‌ံကောင်းခဲ့တာပါ။ထက်ထက်မိုးဦးကတော့ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် Livesale ရောင်းတဲ့ အချိန်တွေမှာ အကြာကြီး မတ်တပ်မရပ်နိုင်တော့သလို သူ့ရဲ့အသည်းကျန်းမာရေးကြောင့် ခဏခဏနားပြီး ဆေးကုသနေရပါတယ်။

ဘန်ကောက်မှာလည်းသူ့ရဲ့အသည်းကိုကုသနေပြီး လတ်တလောမှာတော့ အသည်းအခြေ‌အနေက မထူးခြားသေးဘဲ ကုသနေဆဲလည်းဖြစ်ပါတယ်။ကျန်းမာရေးက အသည်းရောဂါနဲ့ ခါးနာတာကလွဲရင် ကျန်တာအကုန်အဆင်ပြေပါတယ်။ခါးနာတာက နာတာရှည်ရောဂါလိုမဟုတ်ဘဲ Livesale ကြာကြာလွှင့်မှ ထဖြစ်တာပါ။ထက်ထက်မိုးဦးကတော့ အားပေးတဲ့ ပရိတ်သတ်များပေမယ့် Livesale အလုပ်ကို ခဏရပ်နားဖို့ စီစဉ်နေပါပြီ။

Livesaleတွေရောင်းကောင်းပေမယ့် အခုတလောLive လွှင့်လို့အဆင်မပြေတာကြောင့် တစ်ခုခုလုပ်ဖို့ စီစဉ်နေပါပြီ။ဆိုင်တွေဘက်ကလည်း online ကနေရောင်းချင်ပေမယ့် လိုင်းတွေအဆင်မပြေတာကြောင့် ထက်ထက်မိုးဦးဘက်က ရပ်နားဖို့ စဉ်းစာလိုက်ပြီး တစ်ခြားတစ်ဖက်ကနေ လုပ်ပေးနိုင်တာရှိရင်လုပ်ပေးဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

လိုင်းပေါ်ကနေ ကြေညာအတိုလေးတွေရိုက်ပြီး ဆိုင်ကိုကြေညာပေးဖို့ တွေးနေသလို သူ့အတွက်ကို တော့ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။အသက်အရွယ်တစ်ခုရောက်လာပြီမို့ ရုပ်ပြပြီး ပင်ပင်ပန်းပန်းလုပ်ရမယ့် အလုပ်တေ‌ွ မလုပ်ချင်တော့ဘဲ လူမပါရတဲ့ ကိုယ်ပိုင်စီးပွားရေးလေးတည်ထောင်တော့မှာလည်းဖြစ်ပါတယ်။

သူ့ဘက်ကအနုပညာအလုပ်တွေမလုပ်တော့သလို၊Livesaleတွေမရောင်းတော့ပေမယ့် ပရိတ်သတ်တွေနဲ့ အလွမ်းပြေစကားပြောရအောင် Tiktok ကနေ စကားပြောကြမယ်ဆိုပြီး သူမရဲ့ချစ်ရတဲ့ ပရိတ်သတ်တွေကို အသိပေးလာခဲ့ပါတယ်။ပရိတ်သတ်တွေကတော့ သူမဘာလုပ်လုပ် သူမအနောက်ကနေ အမြဲတမ်းဝန်းရံပြီး Supporting ပေးသွားမှာမို့ ထက်ထက်မိုးဦးကတော့ အခုလိုအားပေးတဲ့ ပရိတ်သတ်တွေရထားတာ သူမအတွက် ဆုလာဒ်တစ်ခုပါဘဲ။

ရေးသားသူ –One Daily CHannel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...